Facebook မှာ ‘Happy Birthday’ မွေးနေ့ဆုတောင်းကို ဗီဒီယိုနဲ့ ပြောနိုင်ပြီ
ချစ်ခင်ရတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့မှာ Facebook ကနေ စာလေးပဲရိုက်ပြီး Happy Birthday ဆုတောင်းပေးရတာကို သိပ်အားမရဘူးဖြစ်နေပါသလား။
ယခုအခါ Facebook ကနေ ချစ်ခင်ရသူမိတ်ဆွေသူငယ်ချင်းတွေရဲ့ မွေးနေ့ကို ဗီဒီယိုနဲ့ တောင်းဆုပြုပေးနိုင်ပါပြီ။
‘Birthday Cam’ လို့အမည်ရတဲ့ ယခု feature အသစ်မှာ ဖေ့ဘွတ်သုံးသူတွေအနေနဲ့ ၁၅ စက္ကန့်စာ ဗီဒီယိုကို record လုပ်ကာ၊ မွေးနေ့ရှင်ရဲ့ timeline ပေါ်မှာ တင်နိုင်ပြီဖြစ်ပါတယ်။
မိမိအကောင့်ထဲက သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ရောက်ရင်၊ notification တစ်ခုတက်လာမှာဖြစ်ကာ၊ သာမန်စာနဲ့ရိုက် မွေးနေ့ဆုတောင်းပေးတဲ့နေရာမှာ၊ ဗီဒီယိုနဲ့ ဆုတောင်းနိုင်တဲ့ feature ပါ ပေါ်လာမှာဖြစ်ပါတယ်။ ထို feature ကို နှိပ်လိုက်တာနဲ့ မိမိဖုန်းကင်မရာကနေ ဗီဒီယိုရိုက်ကူးနိုင်ပြီး၊ မွေးနေ့ ဆုတောင်းစကားကို ပြောကြားနိုင်မှာဖြစ်ပါတယ်။
ဒီ့အပြင် ဗီဒီယို record လုပ်ပြီးတာနဲ့ ကိုယ့်စိတ်ကြိုက် မွေးနေ့နဲ့ကိုက်ညီမယ့်စာသားပုံစံလေးတွေ၊ ဖရိန်လေးတွေ ဗီဒီယိုမှာ ထည့်ကာ အလှဆင်နိုင်ပါသေးတယ်။
လောလောဆည်တော့ ဒီ feature ကို Facebook iOS app မှာသာ ရရှိနိုင်သေးပြီး၊ Android ဖုန်းတွေဆီ လည်း မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
Ref: Trusted Reviews
You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Nwe Oo Thant - Apr 20, 2018[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
Ko Thuya - Apr 20, 2018Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Nwe Oo Thant - Apr 20, 2018[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…
Most from this category

Leave a Comment
You must be logged in to post a comment.