393 Shares 136 Views

Samsung Brand Ambassador အဆိုတော် Bobby Soxer နှင့် တွေ့ဆုံခြင်း

မိုးရာသီမှာရန်ကုန်ရှိုးတွေ ထက် နယ်ရှိုးတွေကို အများဆုံး သွားဆိုဖြစ်နေတယ်လို့ ပြောလာသူကတော့ အဆိုတော် Bobby Soxer ပဲဖြစ်ပါတယ်။ Bobby Soxer က Samsung ရဲ့ Brand Ambassador တစ်ဦးလည်းဖြစ်တဲ့အတွက် ဖုန်းအကြောင်းနဲ့အတူ သူရဲ့ဂီတလှုပ်ရှားမှုတွေကို မေးဖြစ်ခဲ့ပါတယ်။

Q. လတ်တလော ထက်ထက်ရဲ့ဂီတလှုပ်ရှားမှု ဘာတွေလုပ်နေလဲ။
ထက် MTV ထွက်ဖို့အတွက်ပြင်နေတယ်။ ပြီးတော့ နယ်ရှိုးတွေဆိုဖြစ်တယ်။ ရန်ကုန်ကတော့ မိုးတွင်းဖြစ်လို့ ရှိုး ရှားပါတယ်။ ထက်တို့ကိုယ်တိုင်လည်း ရန်ကုန်မှာ လာငှားတဲ့ ရှိုးတိုင်းကို မဆိုဖြစ်ဘူး။ နည်းနည်းလေး စီစစ်ပြီး ဆိုဖြစ်နေပါတယ်။

Q. ထက်ရဲ့ MTVမှာ သီချင်းအကုန်လုံးရိုက်ထားလား။
အကုန်လုံးတော့မရိုက်ဖြစ်ဘူး။ ၆ပုဒ်ပဲရိုက်ထားတယ်။

Q. ဘယ်လိုပုံစံတွေရိုက်ထားလဲ။
ထက် သီချင်းရေးကတည်းက စဉ်းစားထားတဲ့ ဖရိမ်လးတွေရှိတယ်။ အဲဒီအတိုင်းပဲ လုပ်ထားပါတယ်။

Q. MTV မှာ ဘယ်သူတွေပါသေးလဲ။
သီချင်းအားလုံးမှာ သမီးပဲ အများဆုံးပါပါတယ်။

Q. သီချင်းအသစ်တွေရော ဖန်တီးထားသေးလား။
သူများကို ဆိုပေးထားတဲ့ သီချင်းနှစ်ပုဒ်ရှိပါတယ်။ ကိုလွှမ်းပိုင် ခွေထဲမှာ တစ်ပုဒ်၊ မမိစန္ဒီ ခွေထဲမှာ တစ်ပုဒ်ရှိ ပါတယ်။ ကျန်တာကတော့ ဒီ MTV ထွက်ပြီးမှာ ထက်ထက်ရဲ့ အော်ဒီယိုအခွေ ထွက်ဖို့ရှိပါတယ်။

Q. ထက်ထက်က Samsung  ရဲ့ Brand Ambassador တစ်ဦးအဖြစ်လက်တွဲတာကြာပြီနော်။
Android တွေထဲမှာ နံပါတ်တစ်နေရာကနေ ရပ်တည်နေတဲ့ ဖုန်းBrand တစ်ခု။ နာမည်ကြီးBrand တစ်ခုနဲ့ နှစ်တွေ အကြာကြီး လက်တွဲခွင့်ရတဲ့အတွက် ကိုယ်ကိုကိုယ် လည်းဂုဏ်ယူပါတယ်။

Q. လက်တလောမှာရော ဘယ်ဖုန်းတွေကိုင်ထားလဲ။
S8 ကတော့ နောက်ဆုံးထွက်ထားတာပေါ့နော်။ ဒါပေမယ့် S6 ကလေးကို မစွန့်လွှတ်နိုင်သေးဘူး။ ဒီဖုန်းထဲမှာ မှတ်ထားတာတွေကရှိနေတော့ ဒီဖုန်းကိုပဲ ကိုင်ဖြစ်နေတာ။ ထက်လည်း မအားသေးတော့ ဖုန်းကို မလဲဖြစ်သေး တာပါ။

Q. ဖုန်းကိုခဏခဏပြောင်းကိုင် ဖြစ်လား။
အဲလိုမျိုးတော့ မကိုင်ဖြစ်ဘူး။ ဖုန်းတစ်လုံးနဲ့ တစ်လုံးပြောင်းကိုင်မယ်ဆို ဟိုဘက်က Data တွေကို ပြောင်းရတာ အလုပ်ရှုပ်တယ်။ အဲဒီအတွက်အချိန်သိပ်မပေးနိုင်တော့။ ပြောင်းမကိုင်ဖြစ်တာများတယ်။

Q. ဖုန်းထဲမှာ ဘယ်လို app တွေထည့်သုံးဖြစ်လဲ။
ထက် app တွေသိပ်မသုံး။ အဓိကကတော့ ထက်ဖုန်းထဲမှာ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်တဲ့ app တွေရှိတယ်။ ဓာတ်ပုံနဲ့ပတ်သက်တာတွေ ရှိတယ်။ အဲဒီလောက်ပဲ။

Q. ဖုန်းက လူတစ်ယောက်အတွက် ဘယ်လောက်အထိ အရေးပါပြီး အသုံးဝင်လဲ။
လူတိုင်းအတွက် မရှိမဖြစ် လို့ တောင် ပြောလို့ရပါတယ်။

Q. ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အပေါ် ထက်ထက်အမြင်ကရော။
ကောင်းပါတယ်။ ထက်တို့လည်း ဆိုရှယ်မီဒီယာကို သုံးတယ်။ ဘယ်အရာမဆိုတော့ အဆိုး အကောင်းတော့ တွဲနေတတ်ပါတယ်။ အဲဒါကိုမှ ကိုယ်ဘာသာ ရွေးချယ် သုံးတတ်ဖို့တော့ လိုပါတယ်။

 

 

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Most from this category