အူရီဒူးမြန်မာမှ Seedstars Yangon 2017 ပြိုင်ပွဲအတွက် Supporting Partner အနေဖြင့် ကူညီပံ့ပိုး

အူရီဒူးမြန်မာအနေဖြင့် ၂၀၁၇ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ်၌ ကျင်းပပြုလုပ်ခဲ့သော Seedstars Yangon 2017 ပြိုင်ပွဲအတွက် Supporting Partner အဖြစ်ပံ့ပိုးကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။

Seedstars Yangon ပြိုင်ပွဲ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံမှ စွန့်ဦးလုပ်ငန်းရှင်လူငယ်များကို နိုင်ငံတကာစီးပွားရေးနယ်ပယ်နှင့် ချိတ်ဆက်ပေးခြင်းပင်ဖြစ်သည်။

အူရီဒူးအနေဖြင့် ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်း၏ “တောက်ပကောင်းမွန်သော အနာဂတ်ဆီသို့” ဆိုသည့် ခံယူချက်နှင့်အညီ  အဓိကထားဆောင်ရွက်ပြင်ဆင်လျှက်ရှိသည်။

အူရီဒူးမြန်မာသည် အဓိက ဒီဂျစ်တယ်ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် လက်ခံလာစေနိုင်ရန် အတွက် ပုံနှိပ်ထားသည့် စာမျက်နှာပေါ်မှနေ၍ ဒီဂျစ်တယ်မျက်နှာပြင်ပေါ်ကို အလိုက်သင့် ကူးပြောင်းနိုင်ရမည်ဆိုဟု ရည်ရွယ်ချက်ထားရှိထားသည်။ ထို့ကြောင့် အူရီဒူးမြန်မာအနေဖြင့် Seedstars Yangon ပြိုင်ပွဲအတွက် ဒုတိယအကြိမ် ကူညီပံ့ပိုးမှုပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် လုပ်ငန်းစတင်သည့်သက်တမ်း ၂နှစ်၊ လုပ်ငန်းရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ အောက် နှင့် နည်းပညာနှင့်ပတ်သက်ပြီး ဦးဆောင်ဦးရွက်ပြုပြီး သရုပ်ပြရှင်းလင်းနိုင်သည့် ပညာရှင်များ (MVP) ဖြစ်ရမည်ဆိုသည့် အချက်အလက်များနှင့် ကိုက်ညီသူများ အဆိုပါ Seedstars Yangon 2017 ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ကြသည်။ဒိုင်လူကြီးများ၏ ရှေ့တွင် ၎င်းတို့၏ ဖန်းတီးမှု နှင့် ဆန်းသစ်တီထွင်မှု စိတ်ကူးများကို ရှင်းလင်းတင်ပြပေးခြင်းဖြင့် လုပ်ငန်းမတည်ငွေရရှိရန်အတွက် အနိုင်ရရှိရန် အခွင့်အလမ်းရရှိမည်ဖြစ်သည်။

“အူရီဒူးမြန်မာအနေနဲ့ ဒီပြိုင်ပွဲကို ဒုတိယအကြိမ်ပံ့ပိုးကူညီပေးတာပါ။ အခုလို ပံ့ပိုးကူညီပေးရတဲ့အကြောင်းရင်းကတော့ စွန့်ဦးတီထွင်လုပ်ငန်းလုပ်တဲ့ မြန်မာလူငယ်တွေကို သူတို့ရဲ့ နည်းပညာဗဟုသုတတွေ၊ တီထွင်ဖန်တီးမှု၊ ဆန်းသစ်မှုနဲ့အတူ ရေရှည်တည်တံ့စေမည့် စီးပွားရေးဖွံ့ဖြိုးမှု စတာကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ပံ့ပိုးကူညီပေးတာဘဲဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေကို သူတို့ရဲ့အရည်အသွေးတွေကို မြှင့်တင်နိုင်ဖို့အတွက် ယခုလိုပြိုင်ပွဲတွေကတဆင့် အားပေးခြင်းလည်းဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford မှ ပြောကြားခဲ့သည်။

ပြိုင်ပွဲဝင်များထဲမှ ကိုယ်ပိုင်ကုန်တင်ယာဉ်မောင်းများနှင့် ကုန်တင်ယာဉ်ကုမ္ပဏီများဖြင့် စီးပွားရေးလုပ်ငန်းများကို နည်းပညာဖြင့် ချိတ်ဆက်ပေး၍ ကုန်သယ်ယူပို့ဆောင်ရေး တစ်ခေတ်ကို ဆန်းသစ်စေခဲ့သည့်အကြောင်းကို ရှင်းလင်းတင်ပြဆွေးနွေးသွားသော Kargo အဖွဲ့မှ လုပ်ငန်းတစ်ခုကို စတင်အကောင်အထည်ဖော်နိုင်ရန် အတွက် အကောင်းဆုံးတင်ပြနိုင်ခဲ့ဖြင့် Seedstars Myanmar 2017 အတွက် ဆုရှင်အဖြစ်အရွေးချယ်ခံခဲ့ရသည်။

ဆုရရှိသူအနေဖြင့် Seedstars Asia Regional Summit သို့တက်ရောက်ရန်နှင့် ထိုမှတဆင့် ဆွစ်စလန်နိုင်ငံတွင် နိုင်ငံတကာမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ၃ရက်တာ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ပေးခြင်းအတွက် အခမဲ့ခရီးသွားရောက်ခွင့်ရရှိမည်ဖြစ်သည့်အပြင် Seedstars Submit နှစ်ပတ်လည်အခမ်းအနားတွင်လည်း လုပ်ငန်းရှင်းနှီးမြှပ်နှံရန် အမေရိကန်ဒေါ်လာ ၁သန်းရရှိမည်ဖြစ်သည်။

စွန်းဦးတီထွင်လုပ်ငန်းလုပ်ကိုင်သူ လူငယ်များ အနေဖြင့် မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်စေန်အတွက် ၎င်းတို့၏ လုပ်ကိုင်နိုင်မှုစွမ်းရည် နှင့် ဆန်းသစ်တီထွင်မှုကို အသုံးချနိုင်မှုကို အားပေးသည့်အနေဖြင့် အူရီဒူးမြန်မာနှင့်အတူ Omidyar Network နှင့် ဧရာဝတီဘဏ်၊ တို့က ကူညီပံ့ပိုးပေးထားပြီး Thura Swiss, Phandeeyar, Strategy First၊ အင်တာနက်ဂျာနယ်တို့က Seedstars ပြိုင်ပွဲအတွက် ထပ်မံပံ့ပူးကူညီအားဖြည့်ပေးထားကြောင်းသိရသည်။

%d bloggers like this: