Microsoft မှ အရာရှိတစ်ယောက်ကို မုန်းလို့ iPhone ကို ဖန်တီးခဲ့တဲ့ Steve Jobs

Apple ရဲ့ ပထမဆုံး iPhone ဒီဇိုင်းမှာ အံ့အားသင့်စရာ သမိုင်းကြောင်း ရှိနေပါတယ်။ အဲဒါကတော့ Microsoft မှ အရာရှိ တစ်ယောက်ကို မုန်းတီးလို့ Steve Jobs က iPhone ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Jobs လက်အောက်မှာ Apple iOS Software ဌာနရဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ Scott Forstall က ပထမဆုံး iPhone ရဲ့ အံ့အားသင့်စရာ သမိုင်းကြောင်းကို အင်္ဂါနေ့က ပွဲတစ်ခုမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အဲဒီ iPhone ဟာ ထိတွေ့မျက်နှာပြင်ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ထုတ်ကုန်လည်း ဖြစ်ပါတယ်။

Forstall က “ Microsoft မှာ Jobs လုံး၀ မနှစ်သက်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူက အဲဒီလူကို မုန်းတီးခဲ့လို့ iPhone ဖြစ်ပေါ်လာတာပါ။ သူ အဲဒီလူနဲ့ တွေ့လာတဲ့အချိန်တိုင်း ဒေါသထွက်ပြီး ပြန်လာတတ်ပါတယ်။ “ လို့ ပြောပါတယ်။ အဲဒီ Microsoft အရာရှိရဲ့ အမည်ကိုတော့ Forstall က ပြောကြားခြင်း မရှိဘဲ Jobs အမျိုးသမီး ရဲ့ သူငယ်ချင်းရဲ့ ခင်ပွန်း ဖြစ်နိုင်ပါတယ်။

Jobs ဟာ iPhone ကို မတီထွင်ခင်မှာ တက်ဘလက် နမူနာမော်ဒယ်ကို အရင်ဆုံး ဖန်တီးခဲ့တာ ဖြစ်ပြီး အဲဒီ တက်ဘလက်ကို အခြေပြုပြီး ဖုန်းအရွယ် မော်ဒယ်ကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ Jobs ဟာ အဲဒီ တက်ဘလက် နမူနာမော်ဒယ်ကို လက်ထဲမှာ ကိုင်ရင်းကနေ ဖုန်း တီထွင်ကြစို့လို့ ပြောခဲ့တယ်လို့ Forstall က အတိတ်ကို ဖွင့်ဟပါတယ်။

ref : mashable

%d bloggers like this: