ရှားပါးပြီး သီးသန့်ဖြစ်တာကိုမှ နှစ်သက်တဲ့ သူတွေ အကြိုက်တွေ့နေကြတဲ့ V5 Black Limited Edition

ရှားပါးပစ္စည်းတွေက ပိုပြီး တန်ဖိုးရှိတယ်ဆိုတဲ့ စကားက အရမ်းပဲ မှန်တယ်လို့ ဆိုရမှာပါ။ လူတွေရဲ့ သဘောသဘာဝအရ သူများနဲ့ အတူတူမဟုတ်ဘဲ တစ်မူထူးခြားတာတွေ၊ ရှားပါးတာတွေကို နှစ်သက်ကြလို့ပါပဲ။ ဥပမာအားဖြင့် ကမ္ဘာပေါ်မှာ တန်ဖိုးကြီးပါတယ်ဆိုတဲ့ မေဘက် အိက်ဇလရို၊ လမ်ဘော်ဂီနီ၊ ဖာရာရီ စတဲ့ ကားတွေကို ကန့်သတ်အရေအတွက်နဲ့ ထုတ်လုပ်အောင်မြင်နေတာ၊ လူတွေ အရူးအမူး စွဲလမ်းနေကြတာကို တွေ့ရပါလိမ့်မယ်။

ဒါကြောင့် ကမ္ဘာပေါ်က စီးပွားရေး လုပ်ငန်းကြီးတွေဟာ သူတို့ရဲ့ ထုတ်ကုန်ထဲက အချို့ကိုု ကန့်သတ် အရေအတွက်နဲ့ ထုတ်လုပ်ပြီး ဈေးကွက်ထဲကို တင်ပို့ရောင်းချကြပါတယ်။ ဒါဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို ပိုပြီး ဂုဏ်သတင်း မွှေးပျံ့စေသလို၊ စားသုံးသူတွေအတွက်လည်း ပိုပြီး ကျေနပ်နှစ်သက်မှုကို ရစေပါတယ်။

လတ်တလော ဖုန်းဈေးကွက်မှာ ရေပန်းစားနေတဲ့ Vivo V5 ကလည်း မူလက ထုတ်လုပ်ထားတဲ့ အရောင်သုံးမျိုးအပြင် V5 Black Limited Edition ကို ထုတ်လုပ်ဖြန့်ချိလိုက်ပါတယ်။ ဒီလိုထုတ်လုပ်လိုက်တဲ့အခါမှာ ဈေးကွက်ထဲရောက်သွားတဲ့ ပထမတစ်ပါတ်မှာတင် ၃၅ ရာခိုင်နှုန်းကျော် ရောင်းချခဲ့ရပါတယ်။ ဒါဟာ စားသုံးသူတွေရဲ့ ရှားပါးမှုအပေါ် တန်ဖိုးထားတဲ့စိတ်၊ အထူးတလည် သီးသန့်ထုတ်လုပ်ထားခြင်းအပေါ် တန်ဖိုးထားတဲ့ စိတ်တွေကို မြင်သာစေပါတယ်။

တကယ်တမ်းကျပြန်တော့လည်း သီးသန့် ထုတ်လုပ်ထားတဲ့ V5 Black Limited Edition လေးကို ကိုင်ရတဲ့ ခံစားချက်က တမူထူးခြားနေပါတယ်။ ဒါ့အပြင် Vivo က သီးသန့် အဖြစ် V5 Black Limited Edition ဆိုပြီး ထုတ်လုပ်လိုက်ပေမယ့် အရည်အသွေးရော၊ ဈေးနှုန်းပါ အတူတူပဲ သတ်မှတ်ပေးထားပါတယ်။ ဒါကြောင့်မို့ black crazy တွေအတွက်တော့ အထူးတလည် ဝမ်းသာစရာ အခွင့်အရေးကြီးလို ဖြစ်သွားပါတော့တယ်။ အထူးသဖြင့်တော့ လူငယ်တွေကြားမှာ V5 Black Limited Edition က ရေပန်းစားနေတာပါ။ V5 အမျိုးအစား ကိုင်သူချင်းအတူတူတောင် Black Edition ကိုသဘောကျရတဲ့ အထိပါပဲ။ ငါကိုင်ထားတာက Limited Editionပဲ လို့ ပြောရတာက အရသာ ရှိတယ် ဆိုတာ သိတယ်မဟုတ်လား။

 

 

%d bloggers like this: