0 Shares 91 Views

Xperia X စီးရီး ဖုန်းအသစ်သုံးမျိုးကို စတင်မိတ်ဆက်လိုက်တဲ့ Sony

Feb 23, 2016
0 91

ဒီဇိုင်းလှပမှုနဲ့ ကင်မရာအရည်အသွေးကောင်းတဲ့ဖုန်းတွေကြောင့် နာမည်ကျော်တဲ့ Sony ဟာ Xperia စီးရီးအသစ် X ရဲ့ ဖုန်းသစ်သုံးမျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။

Xperia X , XA နဲ့ X Performance ဖုန်းသုံးမျိုးကို မနေ့ညက ဘာစီလိုနာမြို့မှာကျင်းပခဲ့တဲ့ Mobile World Congress ပွဲမှာ မိတ်ဆက်ပြသခဲ့တာဖြစ်ပါတယ်။ ဖုန်းသုံးမျိုးလုံးဟာအနည်းငယ်ခုံးနေတဲ့ဖန်သားပြင်ပါရှိပြီး၊ ကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ထားတာကြောင့် ကိုင်ဆောင်ရတာ သက်တောင့်သက်သာရှိပါတယ်။

Xperia XA

Xperia XA ဖုန်းက စွမ်းဆောင်ရည်နိမ့်ဖုန်းတစ်လုံးဖြစ်ပြီး၊ MediaTek octa-core ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ မျက်နှာပြင်က ၅ လက်မရှိပြီး၊ 720p display ဖြစ်ပါတယ်။ ကျောကင်မရာက 13-megapixel ရှိပြီး၊ 8-megapixel ရှေ့ကင်မရာပါဝင်ပါတယ်။

Sony ရဲ့ နောက်ဆုံးပေါ်ဘက်ထရီ နည်းပညာကြောင့်၊ နှစ်ရက်တိတိအားသွင်းစရာမလိုဘဲ အသုံးပြုနိုင်ကာ၊ ကင်မရာအသားပေးဖုန်း ဖြစ်တာကြောင့် ဓာတ်ပုံတွေစိတ်ကြိုက်သိမ်းဆည်းနိုင်ဖို့ microSD ကတ်လည်း ထပ်စိုက်နိုင်ပါတယ်။ RAM က 2 GB ဖြစ်ပြီး၊ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု 16 GB ပါရှိပါတယ်။ Android Marshmallow နဲ့ ထွက်ရှိလာမှာပါ။

gsmarena_010

Xperia X

X မော်ဒယ်ဖုန်းမှာတော့ HD 1080p ရှိတဲ့ ၅ လက်မအရွယ်မျက်နှာပြင်ပါရှိပြီး၊ Snapdragon hexa-core ပရိုဆက်ဆာ ကိုအသုံးပြုထားပါတယ်။ ကျောကင်မရာက 23-megapixel အထိရှိပြီး၊ Sony ကင်မရာဌာနက တီထွင်ထားတဲ့နည်းပညာဖြစ်တဲ့ ရိုက်ကူးချင်တဲ့ပုံရိပ်ရဲ့ရွေ့လျားမှုကို အလိုအလျောက်ဆုံချက် ချိန်ပေးတဲ့ Prediction Hybrid Autofocus နည်းပညာ ပါဝင်ပါတယ်။

13 megapixel ရှေ့ကင်မရာဆန်ဆာက အလင်းနည်းတဲ့နေရာမှာတောင်၊ selfie ပုံကောင်းကောင်း ရိုက်နိုင်ပါတယ်။ RAM 3GB ၊ 32 GB storage ပါရှိပြီး၊ Android Marshmallow စနစ်နဲ့ပဲ ထွက်ရှိမှာပါ။ XA ဖုန်းမှာတော့ လက်ဗွေရာစနစ်မပါရှိပေမယ့်၊ ယခု Xperia X ဖုန်းရဲ့ ပါဝါခလုတ်မှာတော့ လက်ဗွေရာစနစ်ပါဝင်လာပါတယ်။

Xperia-X-White-Predictive-AF-1200x800

 

X Performance

X Performance ဖုန်းကတော့ X မော်ဒယ်ဖုန်းနဲ့ ကျန်တဲ့အချက်တွေကွာခြားချက်မရှိဘဲ၊ ဒီဖုန်းကတော့ စွမ်းဆောင်ရည်ပိုင်း ဦးစားပေးထားပါတယ်။ Snapdragon 820 ပရိုဆက်ဆာကိုအသုံးပြုထားပြီး၊ 2700mAh ဘက်ထရီဆိုတော့ X ဖုန်းထက် ဘက်ထရီနည်းနည်းပိုများပါတယ်။ ဒီဖုန်းကတော့ ရေစိုခံပြီး၊ X ဖုန်းနည်းတူ fingerprint ပါဝင်ပါတယ်။

ဒီဖုန်းသုံးမျိုးလုံးကို နွေရာသီကာလအတွင်း ဖြန့်ချိသွားဖွယ်ရှိပြီး၊ ဈေးနှုန်းကိုတော့ ထုတ်ပြန်ကြေငြာထားခြင်း မရှိသေးပါဘူး။

Ref: Engadget, Cnet

 

 

 

 

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category