One Plus 5 ဟာ ကုမ္ပဏီ ရဲ့ ရောင်းအား အမြန်ဆုံး ဖုန်းတစ်လုံး ဖြစ်လာခဲ့

ဈေးကြီးလှတဲ့ မိုဘိုင်းဖုန်း စာရင်းတွေထဲမှာ အပါအဝင်ဖြစ်ခဲ့တဲ့ OnePlus 5 ဟာ ကုမ္ပဏီ အတွက် ရောင်းအား အမြန်ဆုံး ဖုန်းတစ်လုံး ဖြစ်လာခဲ့တယ် လို့ ကုမ္ပဏီ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီ ရဲ့ CEO ဖြစ်တဲ့ Carl Pei က OnePlus5 ဟာ ကုမ္ပဏီ ရဲ့ သက်တမ်းတစ်လျှောက်မှာ ရောင်းအားအမြန်ဆုံး ဖုန်းတစ်လုံး ဖြစ်တယ် လို့ ထုတ်ဖော်ချီးကျူးထားမှုကို တွစ်တာ မှာ တင်ခဲ့ပြီးနောက် အဲဒီသတင်းကို အခြေခံပြီး Android Police က ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

Google Pixel , Samsung Galaxy S8 တို့လို လူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ OnePlus 5 ဖုန်းကို ထုတ်တဲ့ OnePlus ကုမ္ပဏီ ဟာ တရုတ်အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ဂွမ်ဒေါင်းမှာ အခြေစိုက်ပါတယ်။ ၂၀၁၃ ခုနှစ် က စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီမို့လို့ အချိန်တိုအတွင်းမှာ ကို အောင်မြင်မှု ရရှိခဲ့တယ် လို့ လည်း ဆိုနိုင်ပါတယ ်။ နိုင်ငံပေါင်း ၄၂ နိုင်ငံမှာ ရုံးခွဲတွေ ထားရှိပြီး အခု OnePlus 5 လိုမျိုး အရင် က ထုတ်လုပ်ခဲ့တဲ့ OnePlus 3 ဟာလည်း အလွန်နာမည်ကြီးခဲ့ပြီး ပြည်တွင်းရန်ကုန် ဈေးကွက် မှာ ဟော့ခဲ့တဲ့ စမတ်ဖုန်းတစ်လုံး လည်း ဖြစ်ခဲ့ဖူးပါတယ်။ ထူးခြားမှု တစ်ခု က OnePlus ကုမ္ပဏီ ဟာ Oppo,Vivo တို့နဲ့လည်း စီးပွားဆက်စပ်နေတဲ့ ကုမ္ပဏီတစ်ခု လည်း ဖြစ်ပါတယ်။ Oppo, Vivo,OnePlus ဆိုတဲ့ ကုမ္ပဏီတွေရဲ့ မိခင်ကုမ္ပဏီ က BKK Electronics ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။

OnePlus 5 ဟာ ၅.၅ လက်မ ရှိပြီး ဒေါ်လာ ၄၇၉ နဲ့ စတင် ဈေးကွက်တင်ခဲ့တာမို့ မြန်မာငွေအား ဖြင့် ၆ သိန်း ကျော် ဝန်းကျင် ရှိပါတယ်။ နောက်ဆုံးပေါ် ပရိုဆက်ဆာ Snapdragon 835 ထည့်သွင်းထားတဲ့အတွက် ဈေးကွက်မှာ အဲဒီလောက် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရတာ ဖြစ်နိုင်တယ် လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ကြပေမယ့် ငွေကြေးကြောင့် ပဲ ဖြစ်တယ်လို့ ဝေဖန်သူတွေကလည်း ဆိုကြပါတယ်။

Ref : AndroidPolice

%d bloggers like this: