သင် မသိတဲ့ အသုံးဝင် Google ထုတ်ကုန် ၁၀ ခု


၁။ Think with Google

Think with Google Website မှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ အိုင်ဒီယာများကို ပြသထားပါတယ်။ အဲဒီမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များရဲ့ အောင်မြင်မှု ဇာတ်လမ်းများနဲ့ သူတို့ရဲ့ အင်တာဗျူးများကို လေ့လာနိုင်မှာပါ။

၂။ Google Sound Search

Google မှာ Shazam လို ထုတ်ကုန် ရှိပါတယ်။ အဲဒါက Google Sound Search ဖြစ်ပြီး Android Phone မှာ Widget အနေဖြင့် သုံးရမှာပါ။ သူက ဖွင့်ထားတဲ့ သီချင်းရဲ့ သတင်းအချက်အလက်များကို ဖော်ပြပေးတဲ့အပြင် Google Play Music မှာ ဝယ်ယူနိုင်မယ့် လင့်ကို ပံ့ပိုးပေးထားပါတယ်။

၃။ Google Arts & Culture

Google Arts & Culture မှာ ကမ္ဘာ့ထိပ်တန်း ပြတိုက်များရှိ အနုပညာလက်ရာများနဲ့ ပတ်သက်တဲ့ ဓါတ်ပုံများကို ပြသထားပါတယ်။ iOS နဲ့ Android အတွက် Google Arts & Culture App ကို ထုတ်လုပ်ပေးထားပါတယ်။

လူတွေ စိတ်ဝင်စားတဲ့ အရာကို သိချင်ရင်တော့ Google Trends မှာ လေ့လာပါ။ အဲဒီမှာ နေ့စဉ် လူတွေ ရှာဖွေမှု အများဆုံး အရာများကို ပြသထားပါတယ်။

Lego နဲ့ ပူးပေါင်းပြီး Google က LEGO Constructions များကို တည်ဆောက်နိုင်မယ့် Build with Chrome အမည်ရ Online App ကို ဖန်တီးပေးထားပါတယ်။ App ကနေ LEGO Bricks များကို ဖန်တီးပြီးရင် သင့်အိမ်မှာ ပလတ်စတစ် LEGO များဖြင့် တည်ဆောက်နိုင်မယ့် နည်းလမ်းများကိုလည်း ပံ့ပိုးပေးပါတယ်။

Google Play Store မှာ အသုံးပြုနိုင်မယ့် ငွေများကို ပေးမယ့် App ဖြစ်ပါတယ်။ သူ့မှာ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများအတွက် စစ်တမ်းများကို ဖြေဆိုရုံဖြင့် သင် ငွေကြေး ရရှိမှာ ဖြစ်ပါတယ်။

၇။ Panoramio

Panoramio ဟာ Google Maps နဲ့ တည်နေရာများရဲ့ ဓါတ်ပုံများကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့မြေပုံပေါ်မှ တည်နေရာများရဲ့ ဓါတ်ပုံများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Google Patents ဟာ ကမ္ဘာအဝန်းမှ Patents အားလုံးကို ရှာဖွေနိုင်တဲ့ Search Engine ဖြစ်ပါတယ်။ Patent များရဲ့ အသေးစိတ် သတင်းအချက်အလက်များကိုလည်း ပံ့ပိုးပေးထားတဲ့အတွက် Brand သို့မဟုတ် တီထွင်ဖန်တီးမှုနဲ့ App များကို မှတ်ပုံတင်ချင်ရင် အသုံးဝင်ပါတယ်။

Androidify က သင်နဲ့ တူတဲ့ Android Character ကို ဖန်တီးပေးနိုင်ပြီး သင့် သူငယ်ချင်းများနဲ့ မျှဝေနိုင်မယ့် ဓါတ်ပုံ၊ GIF နဲ့ Emoticon အဖြစ် ပြောင်းပေးနိုင်ပါတယ်။

ဒီ App က မျက်မမြင်များအတွက် ဖြစ်ပြီး စမတ်ဖုန်းနဲ့ Braille Display ကို Bluetooth ဖြင့် ချိတ်ဆက်ပေးပါတယ်။ စမတ်ဖုန်းမှ အရာများကို Braille Screen မှာ ပြသပေးတဲ့အတွက် မျက်မမြင်များ ဖတ်ရှုနိုင်ပါတယ်။

ref : alltop9

%d bloggers like this: