0 Shares 109 Views

Virtual Reality အတွက်သင့်တော်တဲ့ ၃၆၀ ဒီဂရီ Format ဗီဒီယိုတွေ ရိုက်ကူးနိုင်မယ့် Samsung ရဲ့  Gear 360

Feb 23, 2016
0 109

Samsung ရဲ့  Gear 360 ဆိုတဲ့ ဗီဒီယို ကင်မရာဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် ကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး ဒီတစ်ခါတော့ တရားဝင် ထွက်ပေါ်လာခဲ့ပါပြီ။ VR စနစ်နဲ့ သင့်တော်မယ့် ၃၆၀ ဒီဂရီ Format ဗီဒီယိုတွေနဲ့ ဓါတ်ပုံတွေကို ရိုက်ကးးဖို့အတွက် အသင့်တော်ဆုံး ကင်မရာဆိုလည်း ဟုတ်ပါတယ်။

ဒီကင်မရာမှာ F/2.0 aperture မှန်ဘီလူး ၂ ခုပါဝင်ပြီး တစ်ခုချင်းစီဟာ ၁၉၅ ဒီဂရီ ဓါတ်ပုံတွေနဲ့ ဗီဒီယို တွေကို ရိုက်ကူးနိုင်စွမ်းရှိပါတယ်။ ၃၆၀ ဒီဂရီ ရရှိဖို့အတွက်တော့ မှန်ဘီလူး ၂ ခုကို ထပ်ပြီး တစ်ပြိုင်နက် ရိုက်ကူးစေမှာ ဖြစ်ပါတယ်။ ဓါတ်ပုံတွေရဲ့  အရည်အသွေးကတော့ 30 Megapixel အထိ ရရှိနိုင်ပြီး ဗီဒီယို အရည်အသွေးကတော့ 4K(3840×1920) ရုပ်ထွက်အထိ ရရှိနိုင်ပါတယ်။

Gear 360 ဟာ ဒေတာတွေ သိုလှောင်ထားဖို့အတွက် 128 GB microSD ကတ်ထည့်သွင်းနိုင်ပြီး ဘက်ထရီ စွမ်းဆောင်ရည်ကတော့ 1350 mAH ဘက်ထရီဖြစ်ပြီး ပြန်လည် အားသွင်းယူလို့ရတဲ့ ဘက်ထရီမျိုးပါ။

ဒါ့အပြင် Gear 360 ဟာ 802.11 ac WiFi နဲ့ Bluetooth 4.1 တို့ကိုလည်း Support ပြုလုပ်ပေးနိုင်ပြီး usb port ၂ ခုလည်းပါဝင်ပါတယ်။ NFC စနစ်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုတွေကို MP4 format နဲ့ ထုတ်လုပ်ပေးပြီး အသံ ဖိုင်တွေကိုတော့ OGG ၊ AAC ၊ M4A နဲ့ MP3 စတဲ့ format တွေနဲ့ ထွက်ရှိပေးမှာ ဖြစ်ပါတယ်။ IP53 အဆင့်သတ်မှတ်ချက်ရှိတာကြောင့်လည်း မိုးရေထဲမှာ ရိုက်ကူးနိုင်စွမ်း ရှိနေပါတယ်။

ထိုကင်မရာနဲ့ တွဲဖက်အသုံးပြုဖို့ Tripod တစ်ခုကို ထည့်သွင်းပေးထားပြီး ထို Tripod နဲ့ တွဲဖက်လိုက်ရင် ကင်မရာဟာ Wall-E ကာတွန်းကားထဲက မင်းသမီးလေး Eve နဲ့ဆင်တူ နေတာကို တွေ့ရပါတယ်။ ထိုကင်မရာ ကို အသုံးပြုဖို့အတွက်တော့ အက်ပလီကေးရှင်းတစ်ခုလိုအပ်မှာ ဖြစ်ပြီး Play Store မှာ အလွယ်တကူ ဒေါင်းလုဒ်ပြုလုပ်နိုင်တယ်လို့လည်း သိရပါတယ်။ ထို Gear 360 ဟာ ဒီနှစ် အလယ်ပိုင်းလောက်မှာ စတင်ရောင်းချမှာ ဖြစ်တယ်လို့လည်း တောင်ကိုရီးယား နည်းပညာ ကုမ္မဏီက ဆိုထားပါတယ်။

Ref: 9to5 Google

You may be interested

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia
NEWS
0 shares0 views

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia

Ko Thuya - Feb 19, 2018

Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV…

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
203 shares92 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
149 shares346 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

Leave a Comment

Most from this category