774 Shares 130 Views

Lenovo က စက္ကူ လိုခေါက်လိပ်နိုင်တဲ့ လက်တော့ ဒီဇိုင်းကို မိတ်ဆက်

Jun 21, 2017
774 130

နည်းပညာ ကုမ္ပဏီများဟာ သူတို့ အနာဂတ်မှာ တီထွင်မယ့် ထုတ်ကုန်များရဲ့ ဒီဇိုင်းများကို ကြိုတင်မိတ်ဆက်လေ့ရှိပါတယ်။ အခုလည်း Lenovo က နယူးယောက်မှ Lenovo Transform ပွဲမှာ အနာဂတ်မှာ ဖန်တီးမယ့် လက်တော့ ဒီဇိုင်းကို မိတ်ဆက်လိုက်ပါတယ်။ အဲဒါကတော့ စက္ကူလို ခေါက်လိပ်နိုင်တဲ့ လက်တော့ ဒီဇိုင်း ဖြစ်ပါတယ်။ လက်တော့ရဲ့ Display ကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားတဲ့ အတွက် ပျော့ပြောင်းကွေးညွှတ်နိုင်တာ ဖြစ်ပါတယ်။ Display ဟာ အရောင်စုံကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။

Lenovo ရဲ့ Commercial Business ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Christian Teismann က အဲဒီ လက်တော့ ဒီဇိုင်းကို ပွဲမှာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ မိတ်ဆက်ခြင်း မပြုခင်မှာ သူက Lenovo လက်တော့များရဲ့ သမိုင်းကြောင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်။

Lenovo ရဲ့ လက်တော့ ဒီဇိုင်းမှာ Trackpad မပါပါဘူး။ ဓါတ်ပုံအရ Mouse ရဲ့ အလုပ်များကို အသံအမိန့်ဖြင့် ခိုင်းစေရမှာ ဖြစ်ပါတယ်။ လက်တော့အတွက် ဒစ်ဂျစ်တယ် ဘောပင်ကိုလည်း ဖန်တီးပေးထားပြီး စကရင်မှာ စာရေးသားခြင်း၊ ပုံဆွဲခြင်းများ ပြုလုပ်နိုင်ပါတယ်။ လက်တော့ရဲ့ ကိုယ်ထည်နဲ့ စကရင်ကို အဆင့်မြင့် ဒြပ်ထုများ၊ စကရင်နည်းပညာ အသစ်များဖြင့် ဖန်တီးထားပါတယ်။

ပွဲမှာတော့ Lenovo က လက်တော့ ဒီဇိုင်းကို ဓါတ်ပုံဖြင့်သာ ပြသခဲ့တာ ဖြစ်ပြီး နမူနာမော်ဒယ်ကို ပြသခြင်း မရှိသေးပါဘူး။ Lenovo က အဲဒီ လက်တော့ကို လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ထုတ်လုပ်ရောင်းချနိုင်မယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

ref : mashable

You may be interested

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
673 shares408 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင်
Apple, Huawei, HUBS
314 shares202 views

Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင်

Ko Thuya - Sep 19, 2017

Counterpoint Research ရဲ့ စစ်တမ်းအရ Huawei ဟာ Apple ကို ပထမဆုံးအကြိမ်ကျော်တက်ပြီး ဇွန်နဲ့ ဇူလိုင်လများမှာ ကမ္ဘာ့ ဒုတိယ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ အခုလည်း Huawei က Apple ကို…

Apple Wach Series 3 က iPhone X ထက် လတ်တလော ပိုမို ရောင်းအားမြှင့်တက်နေသည်ဟုဆို
Apple, smartwatch
178 shares65 views

Apple Wach Series 3 က iPhone X ထက် လတ်တလော ပိုမို ရောင်းအားမြှင့်တက်နေသည်ဟုဆို

Zar Ni Nyein Tun - Sep 19, 2017

Apple ရဲ့ ထုတ်ကုန်ဝယ်လိုအားဖော်ပြမှုမှတ်တမ်းကို KGI လုံခြုံရေးအဖွဲ့အစည်းက Ming-Chi Kuo မှ ဒီနေ့မှာ ဖော်ပြခဲ့ပြီး iPhone X ရဲ့ ပြည်ပဝယ်လိုအားအပေါ် တင်ပို့မှုကို သုံးသပ်ခဲ့ပါတယ်။ iPhone X ရဲ့ ကြိုတင်ဝယ်ယူမှုဟာ ဒီလထဲမှာ အရှိန်အဟုန်နဲ့ မြှင့်တက်ခဲ့တယ်ဆိုပေမယ့်…

Most from this category