သုံးစွဲသူအတွက် အချိန်တိုင်း နေရာတိုင်းမှာ ဝန်ဆောင်မှုပေးနေတဲ့ Vivo

ခေတ်သစ် စီးပွားရေးမှာ လုပ်ငန်းရှင်တွေအနေနဲ့ ထုတ်ကုန်နဲ့တင်  စားသုံးသူကို စွဲဆောင်တာမဟုတ်ပါဘူး။ နောက်ဆက်တွဲ ဝန်ဆောင်မှုတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ ရောင်းအား တိုးဖို့ တွန်းပြီး ရောင်းနေတာထက်စာရင် ကုန်ပစ္စည်းကို သင့်တင့်မျှတတဲ့ ဈေးနှုန်း၊ ကောင်းမွန်တဲ့ အရည်အသွေးနဲ့ စားသုံးသူ လက်ထဲရောက်ဖို့ ပိုပြီး အာရုံစိုက်လာကြပါတယ်။ ဒါတွေအပြင် အခုနောက်ပိုင်းမှာ ရောင်းပြီးသား ကုန်ပစ္စည်းအတွက် ဆက်ပြီး ဝန်ဆောင်မှုပေးတဲ့ စနစ်တွေလည်း တွင်ကျယ်လာပါပြီ။

အခုခေတ်မှာ စမတ်ဖုန်းဆိုတာက လူကြီး၊ လူငယ်၊ ကျားမ၊ မရွေး၊ လူတန်းစားမရွေး အသုံးပြုနေကြတဲ့ ခေတ်ပေါ်အသုံးအဆောင် ပစ္စည်း တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မိုလ်ဘိုင်းဖုန်းယဉ်ကျေးမှု အပေါက်ကွဲဆုံး အချိန်မှာ စမတ်ဖုန်း ကုမ္ပဏီ အချို့က ဝင်လာပြီး ဈေးကွက်ကို နေရာဦးကြပါတယ်။ အစောပိုင်း ဝင်ရောက်လာတဲ့ ကုမ္ပဏီတွေကတော့ ဈေးကွက်ရှယ်ယာကို အများဆုံး ရယူထားကြတာပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ပြိုင်ဘက် ကုမ္ပဏီတွေက ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ဈေးကွက်ကို မျှဝေယူဆောင်ဖို့ ကြိုးစားလာကြပါတော့တယ်။ ဒီအထဲမှာမှ အစပိုင်းက ကျွန်တော် ပြောခဲ့တဲ့ ရောင်းပြီးသား ကုန်ပစ္စည်းအတွက် ဆက်ပြီး ဝန်ဆောင်မှုပေးတဲ့ စနစ်ကလည်း အတော်လေးကို ထိရောက်ပါတယ်။

စမတ်ဖုန်း ကိုင်ဆောင်တဲ့သူတွေ အများဆုံး ကြုံရတာက Service ပြဿနာပါပဲ။ သူသူကိုယ်ကိုယ် အနည်းနဲ့ အများတော့ လိုအပ်ချက်လေးတွေ၊ ပြုပြင်စရာလေးတွေ ရှိတတ်ကြတာပါပဲ။ Hardware မဖြစ်ရင်တောင်မှ Software ပိုင်း ပြင်ဆင်ချင်တာလေးတွေ၊ သိချင်တာလေးတွေ ရှိတတ်ကြပါတယ်။ ဒါဆို ဘယ်နေရာဖြစ်ဖြစ် ဝင်ပြင်လို့ ရပါတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အာမခံချက် ပေးထားတဲ့ ကုန်ပစ္စည်း တစ်ခုအတွက်ကတော့ မူလ ပင်ရင်း ကုမ္ပဏီရဲ့ Service Centre ကသာ အကောင်းဆုံးပါပဲ။

ကျွန်တော် ကိုယ်တွေ့ကြုံရတာလေး တစ်ခုကို ပြန်ပြီး ပြောချင်ပါတယ်။ ကျွန်တော်က အလုပ်ကိစ္စအရ နယ်စုံလျှောက်သွား နေရတဲ့ သူပါ။ တစ်ရက်မှာ ကျွန်တော့်ရဲ့ Vivo အသစ်ကလေး မတော်တဆ ထိခိုက်မှုဖြစ်သွားပါတယ်။ ကိုယ့်ဖာသာကိုယ် ပြန်ပြင်နိုင်တဲ့ ကိစ္စမဟုတ်တော့ Service Centre ပို့ဖို့ လုပ်ရပါလေရော။ ကိုယ့် မြို့၊ ကိုယ့်နယ် ဆိုရင်တော့ ဘယ်နေရာမှာ Service Centre ရှိတယ်ဆိုတာကို သိတာပေါ့။ ဒါပေမယ့် အခုက တခြားနယ်သစ်ဆိုတော့ ဘယ်နေရာမှာ Service Centre ရှိလဲဆိုတာ မေးဖို့လည်း ခက်တယ်။ အင်တာနက် သုံးပြီး ရှာဖို့ ဆိုတာကလည်း ပြောတာလွယ်သလောက်၊ အလုပ်ရှုပ်၊ ခေါင်းကိုက်ရတတ်ပါတယ်။ ဒါနဲ့ မိတ်ဆွေတွေကိုပဲ တခြားဖုန်းနဲ့ ဖုန်းဆက်ပြီး ဟိုမေး ဒီမေး မေးလိုက်တော့ ကျွန်တော်ကိုင်တဲ့ Vivo ထဲမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Service Centre စာရင်း ရှိတယ်၊ အင်တာနက် သုံးစရာတောင်မလိုဘူး၊ Build in ထည့်ပေးပြီးသားလို့ သိလိုက်ရတယ်။ သြော် ကိုယ်ကိုင်တဲ့ ဖုန်းထဲမှာ ဒီလိုမျိုး ကောင်းမွန်တဲ့ ဝန်ဆောင်မှု ထည့်ပေးထားတာတောင် မသိပါလား၊ ငါ တော်တော် ပိန်းပါလား ဆိုပြီး ကိုယ့်ကိုယ်ကိုပဲ မှတ်ချက်ပေးရင်း ကျွန်တော် ရောက်နေတဲ့ နယ်က Service Centre ကို အလွယ်တကူပဲ ရှာတွေ့ခဲ့ပါတယ်။ နောက်တစ်ခုက e-warranty လည်း လုပ်ထားလို့ရတာကြောင့် warranty card မပါလည်းပဲ Service Center မှာ ဝန်ဆောင်မှု ယူလို့ပါတယ်။

ကျွန်တော့်လိုပဲ Vivo Smart phone ကိုင်တဲ့ မိတ်ဆွေတွေလည်း အကြောင်းအမျိုးမျိုးကြောင့် Service Center ကို သွားချင်တယ်ဆိုရင် ဖုန်းဘေလ်အကုန်ခံပြီး ဟိုမေး၊ ဒီမေးလည်း မေးစရာမလို၊ အင်တာနက်မှာလည်း တက်ပြီး ရှာစရာမလိုအောင်လို့ Vivo ဖုန်းထဲမှာ Service Center ရှာပုံလေးကို မျှဝေပေးလိုက်ပါတယ်။ အသုံးတည့်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

Setting ထဲကိုသွားပြီး More Setting နှိပ်လိုက်ပါ။ အောက်ကို ဆွဲချသွားရင် After-sales Service ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီမှာ ကမ္ဘာတစ်ဝှမ်းလုံးက Vivo Service center တွေ ရှိတဲ့နေရာကို တွေ့ရပါလိမ့်မယ်။ ကိုယ်ရောက်နေတဲ့ ဒေသကို ရွေးပြီး ရှာလိုက်ရုံပါပဲ။ လိပ်စာအတိအကျနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ထည့် ပေးထားပါတယ်။ တစ်ခုသတိထားရမှာက After-sales Service ရဲ့ဘေးနား၊ ညာဘက် အပေါ်ထောင့်မှာရှိတဲ့ Update လေးကို နှိပ်ပြီး အချက်အလက်သစ်တွေ download လုပ်ပေးဖို့တော့ လိုပါတယ်။ ဒီစာကို ဖတ်နေတဲ့ ကျွန်တော့် မိတ်ဆွေတွေကိုင်ထားတာ Vivo ဆိုရင်တော့ အခုပဲ စမ်းကြည့်လိုက်ပါ။ ကျွန်တော်ကတော့ ဖုန်းပြင်ဖို့ အခက်အခဲ ဖြစ်နေချိန်မှာ အာမခံပေးပြီး စိတ်ချရတဲ့ Offcial Service Center ကို သွားလိုက်ရတဲ့အတွက် အဆင်ပြေသွားပါတယ်။ ဒါကြောင့် အခုလို လမ်းညွှန်လိုက်ရတာ ဖြစ်ပါတယ်။

Ref : Vivo

 

%d bloggers like this: