ကမ္ဘာ့တီထွင်ဆန်းသစ်မှု အရှိဆုံး ၁၆ နိုင်ငံ

၂၀၀၈ ခုနှစ်ကစပြီး Cornell University , INSEAD Business School နဲ့ The World Intellectual Property Organization တို့က Global Innovation Index ကို နှစ်စဉ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ တီထွင်ဆန်းသစ်မှု အရှိဆုံး နိုင်ငံများရဲ့ အဆင့်သတ်မှတ်ချက် ဖြစ်ပါတယ်။ ဒီနှစ်မှာ ထိပ်တန်းစာရင်းဝင်တဲ့ နိုင်ငံများဟာ သုတေသန၊ အခြေခံ အဆောက်အဦး၊ ဈေးကွက်နဲ့ စီးပွားရေး အတွေးအခေါ်၊ ဗဟုသုတနဲ့ တီထွင်ဖန်တီးမှု ကဏ္ဍများမှာ အခြားနိုင်ငံများထက် သာလွန်နေပါတယ်။

၁။ Switzerland

Switzerland ဟာ အသိပညာအခြေပြု စီးပွားရေးစနစ်နဲ့ အကျိုးအမြတ်များတဲ့ တီထွင်ဖန်တီးမှုများကို ပြုလုပ်နိုင်တဲ့အတွက် ၂၀၁၁ ခုနှစ်ကတည်းက နံပါတ် ၁ နေရာကို သိမ်းပိုက်ထားခဲ့တာပါ။ ဥပမာအားဖြင့် ပြည်တွင်းဘဏ် တစ်ခု ဖြစ်တဲ့ UBS က ရင်းနှီးမြှပ်နှံသူများအတွက် အလားအလာကောင်းများကို ရှင်းလင်းထင်ရှားစွာ သိနိုင်ဖို့ အခုဆိုရင် Virtual Reality နည်းပညာကို အသုံးပြုနေပါပြီ။

၂။ Sweden

Sweden မှာ အထူး ဒီဇိုင်းထုတ်ထားတဲ့ တက္ကသိုလ်များ ရှိကြပါတယ်။ အရည်အချင်းမြင့်မားတဲ့ ဘွဲ့ရပညာတတ်များကြောင့် ဆွီဒင်ဟာ နောက်ဆုံးခြောက်နှစ်ထဲမှာ ထိပ်ဆုံး ၃ နေရာထဲမှာ ပါဝင်ခဲ့ပါတယ်။

၃။ Netherlands

Netherlands ဟာ စီးပွားရေးမှာ အမျှော်အမြင်အရှိဆုံး နိုင်ငံဖြစ်ပါတယ်။ အသိပညာနဲ့ နည်းပညာအပိုင်းမှာလည်း နယ်သာလန်ဟာ ရှေ့တန်းက ဦးဆောင်နေပြီး တီထွင်ဖန်တီးမှုများနဲ့ Trademark များစွာကို ပိုင်ဆိုင်ထားပါတယ်။

၄။ United States

အမေရိကန်ဟာ ကမ္ဘာအဝန်းမှာ ဈေးကွက်များ ရှိနေခြင်းကြောင့် ၂၀၁၆ မှာလည်း နံပါတ် ၄ နေရာကို ရခဲ့ပါတယ်။ သူ့ရဲ့ စတော့ ကုန်သွယ်ရေးနဲ့ အင်တာနက် နည်းပညာများဟာ အလွန် အားကောင်းပါတယ်။

၅။ United Kingdom

UK ကတော့ London Crossrail လို အခြေခံ အဆောက်အဦးအပိုင်းမှာ အောင်မြင်နေပါတယ်။ ဒါပေမယ့် ပညာရေးနဲ့ ကုန်ထုတ်လုပ်မှု အပိုင်းမှာ အားနည်းပါတယ်။

၆။ Denmark

Denmark ဟာ ပညာရေး၊ သုတေသနပညာရှင်များကို မွေးထုတ်နိုင်မှုနဲ့ အစိုးရ စနစ် အပိုင်းမှာ ရှေ့တန်းက ဦးဆောင်နေပြီး ၂၀၁၆ ခုနှစ်ကတည်းက ထိန်တန်း စားရင်းဝင်ခဲ့ပါတယ်။

၇။ Singapore

ထိပ်တန်းစာရင်းမှာ အမြဲတမ်း ပါဝင်နေတာကတော့ စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ စင်ကာပူဟာ အစိုးရ အုပ်ချုပ်ရေး စနစ်၊ စီးပွားဖက်နိုင်ငံများနဲ့ ပေါင်းသင်းဆက်ဆံမှုကို ရေရှည်ထိန်းထားနိုင်ခြင်း အပိုင်းများမှာ ထူးချွန်ပါတယ်။

၈။ Finland

Finland ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ထိပ်ဆုံး ငါးနေရာ စာရင်းဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ နည်းပညာနဲ့ သုတေသန ကဏ္ဍများကြောင့် အဆင့် ကျဆင်းခဲ့ပါတယ်။ ပညာရေး ကဏ္ဍမှာတော့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

၉။ Germany

Germany ဟာ Patent ဖန်တီးမှုအပိုင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပြီး နည်းပညာ ထုတ်ကုန်များ အားကောင်းပါတယ်။ အထူးသဖြင့် ကားနည်းပညာမှာ ဖြစ်ပါတယ်။

၁၀။ Ireland

Ireland ဟာ ယခင်နှစ်ကထက် အဆင့် သုံးဆင့် ကျဆင်းသွားခဲ့ပေမယ့် ဒီဇိုင်းလို တီထွင်ဖန်တီးမှု ထုတ်ကုန်နဲ့ အခြေခံ အဆောက်အဦး အပိုင်းများမှာ ထူးချွန်ပါတယ်။

၁၁။ Republic of Korea

အညွှန်းကိန်းအရ တောင်ကိုရီးယားရဲ့ အကြီးမားဆုံး ရင်းနှီးမြှပ်နှံမှုဟာ ပညာရေး နယ်ပယ်မှာ ဖြစ်ပါတယ်။ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်မှာလည်း အောင်မြင်ကြီးထွားနေပါတယ်။

၁၂။ Luxembourg

Luxembourg ဟာ နိုင်ငံ သေးငယ်ပေမယ့် စာအုပ်ထုတ်ဝေရေးလို တီထွင်ဖန်တီးမှု နယ်ပယ်မှာ အဆင့်မြင့်မားတဲ့အတွက် နံပါတ် ၁၂ နေရာကို ပိုင်ဆိုင်နေတာပါ။

Iceland ဟာ ကမ္ဘာရဲ့ အင်တာနက် ဒေတာ သိမ်းဆည်းခြင်းဖြင့် ထိပ်တန်းစာရင်းဝင်နေတာ ဖြစ်ပါတယ်။ သုံးနှစ်ဆက်တိုက် အဆင့် ၁၃ နေရာကို သိမ်းပိုက်ထားပါတယ်။
၁၄။ Japan

နည်းပညာနဲ့ ကုန်ထုတ်လုပ်မှုများကြောင့် နာမည်ကြီးတဲ့ ဂျပန်ဟာ အခြေခံ အဆောက်အဦးနဲ့ Patent များကြောင့် ထိပ်တန်းစာရင်းဝင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ထိပ်တန်း ၁၅ နိုင်ငံ စာရင်းထဲ မဝင်ခဲ့ပါဘူး။

၁၅။ France

ယခင်နှစ်ကထက် အဆင့်သုံးနေရာ မြင့်တက်လာခဲ့တဲ့ ပြင်သစ်ဟာ ဈေးကွက်ကြိုတင်တွက်ဆမှုမှာ အလွန် တော်ပါတယ်။ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်များမှာလည်း ထိပ်တန်းစာရင်းဝင်ပါတယ်။
၁၆။ Hong Kong

ဟောင်ကောင်ဟာ ၂၀၁၃ ခုနှစ်က အဆင့် ကိုးနေရာကို ရောက်ရှိခဲ့ပေမယ့် နှစ်စဉ် ကျဆင်းနေပါတယ်။ ဒါပေမယ့်လည်း စစ်တမ်းအရ ဟောင်ကောင်ဟာ သူ့ရဲ့ အခြေခံ အဆောက်အဦးများကြောင့် ကမ္ဘာ့စီးပွားရေးမှာ အဓိကနေရာက ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ရင်းနှီးမြှပ်နှံမှုများကြောင့် သူ့ရဲ့ ဈေးကွက်ဟာ ကြံ့ခိုင်မာကျောပါတယ်။

ref : businessinsider

%d bloggers like this: