0 Shares 18 Views

BoomSound စပီကာတွေ ပါဝင်တဲ့ SIM နှစ်ကတ်ထိုး HTC One X9 ဖုန်းအသစ်

Feb 23, 2016
0 18

မနေ့ညက စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC 2016) ပွဲမှာ HTC ဟာ Desire ဖုန်းသစ်သုံးမျိုးနဲ့ HTC One X9 ဖုန်းတို့ကို မိတ်ဆက်ပြသခဲ့ပါတယ်။

One X9 ဖုန်းဟာ လက်ရှိခေတ်ရေစီးကြောင်းနဲ့အညီ SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ HTC ရဲ့ နာမည်ကျော် BoomSound စပီကာတွေကို ပြန်လည်ထည့်သွင်းထားပါတယ်။

မျက်နှာပြင်က ၅.၅ လက်မရှိပြီး၊ 1080p Gorilla Glass ဖန်သားပြင်သုံး မျက်နှာပြင်ဖြစ်ပါတယ်။ နောက်ဆုံးပေါ် Android 6.0 Marshmallow OS နဲ့ဖြစ်ပြီး၊ Helio X10 ပရိုဆက်ဆာကို သုံးထားပါတယ်။ RAM 3GB ပါဝင်တာ ကြောင့် အမြင့်စားဂိမ်းတွေဆော့တာ၊ multi-tasking ခေါ် တစ်ပြိုင်တည်းလုပ်ဆောင်ချက်အများအပြား လုပ်တာ၊ multi-window သုံးတာတွေကို ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ပါတယ်။

ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု 32 GB ပါရှိပြီး၊ microSD ကတ် 128 GB အထိ ထပ်စိုက်နိုင်ပါတယ်။ ဖလက်ရှ်မီးနှစ်လုံးပါဝင်တဲ့ 13 MP ရှိတဲ့ကျောကင်မရာကနေ 4K resolution ဗီဒီယိုတွေ ရိုက်ကူးနိုင်ပြီး၊ ရှေ့ကင်မရာက 5MP ပါရှိပါတယ်။ ဘက်ထရီကလည်း 3000mAh တောင် ပါဝင်ပါတယ်။

One X9 ဖုန်းဟာ သတ္တုကိုယ်ထည်နဲ့ဖြစ်ပြီး၊ ဒီဇိုင်းပိုင်းအရ ဆွဲဆောင်မှုရှိတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ ငွေရောင်၊ ရွှေရောင်၊ မီးခိုးရောင် နဲ့ ကြေးနီရွှေရောင်ဆိုပြီး ကာလာလေးမျိုး ရွေးချယ်ဝယ်ယူနိုင်ကာ၊ အာရှဈေးကွက်မှာ ဒီလကုန်ဖြန့်ချိသွားဖို့ရှိပါတယ်။ ဈေးကိုတော့ မသိရသေးပါဘူး။

one-x9

Ref: Technobuffalo

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category