MPT မှ ဒေတာသုံးစွဲသူများအတွက် Happy Data Combo အစီအစဉ်အသစ်ကို မိတ်ဆက်

MPT သည် ပိုမိုကောင်းမွန်သောအစီအစဉ်များဖြင့် ဒေတာ အပိုဆုများပါဝင်သော Happy Data Combo ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

Happy Data Combo တွင်ပါဝင်သော ဒေတာအပိုဆုဖြင့် သုံးစွဲသူများသည် Social Media များ၊ ဗီဒီယိုများကြည့်ရှုရာတွင် ပိုမို၍ ကျေနပ်နှစ်သက်အားရစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

Happy Data Combo တွင် သုံးစွဲသူများစိတ်တိုင်းကျရွေးချယ်ဝယ်ယူအသုံးပြုနိုင်ရန်အတွက် Daily Pack၊ Weekly Pack၊ Monthly Pack များစီစဉ်ပေးထားသည့်အတွက် သုံးစွဲသူများသည် မိမိတို့ကြိုက်နှစ်သက်ရာ ဒေတာပက်ကေ့ချ်အမျိုးမျိုးကို ၃၉၉ ကျပ် မှ ၂၉,၉၉၉ ကျပ်အတွင်း ရွေးချယ်ဝယ်ယူ နိုင်မည်ဖြစ်သည့်အပြင် YouTube ဗွီဒီယိုများအပါအဝင် လူကြိုက်အများဆုံး Social Applications များအသုံးပြုရန်အတွက်Data အပိုဆုလည်း ရရှိနိုင်မည်ဖြစ်သည်။

Happy Data Combo ၏ ဒေတာအပိုဆုဖြင့် Facebook, Viber, YouTube, Pyone Play applications များကအသုံးပြုနိုင်မည်ဖြစ်ပြီး လူမှုကွန်ရက်များမှတစ်ဆင့် မိသားစုဝင်များ၊ သူငယ်ချင်းများ နှင့် အဆက်အသွယ် ပြုလုပ်နိုင်သလို ၊ YouTube နှင့် PyonePlay တို့မှဗွီဒီယိုများကိုလည်း ပိုမိုပြီး ကြည့်ရှု၊ အသုံးပြုနိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများသည် *700# ကိုခေါ်ဆိုပြီး Happy Data Combo မှ ပက်ကေ့ချ် များကိုရွေးချယ် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။

အထက်ဖော်ပြပါနှုန်းထားများသည် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပါဝင်ပြီးဖြစ်သည်။

MPT-KSGM ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umedaက “MPT ရဲ့ အွန်လိုင်းသုံးစွဲသူတွေများပြားလာတာနဲ့အညီ အလျင်အမြန်တိုးတက်နေတဲ့ ဆက်သွယ်မှုတွေ၊ ကျယ်ပြန့်လာတဲ့ ကွန်ရက်တွေကြောင့် အွန်လိုင်းက သတင်းအချက်အလက်ရယူမှု လိုအပ်ချက်တွေများပြားလာပြီး ကျွန်တော်တို့အလေးထားရတဲ့ သုံးစွဲသူတွေအတွက် မိုဘိုင်းဒေတာကို ပိုတိုးပြီးပေးရမယ်ဆိုတာကို နားလည်ထားပါတယ်။အခုလိုMPT ရဲ့ Happy Data Combo Pack အသစ်တွေကြောင့် လူမှုကွန်ရက်မီဒီယာ နဲ့ အွန်လိုင်းဗွီဒီယိုတွေကို နှစ်သက်သူတွေအတွက် ဒေတာအပိုဆိုတွေကို မြန်မာနိုင်ငံရဲ့ အလျင်မြန်ဆုံးနဲ့ အကြီးဆုံးကွန်ရက်ပေါ်မှာ အံ့သြစရာကောင်းလောက်အောင် သက်သာတဲ့ နှုန်းထားတဲ့ ရယူနိုင်မှာပဲ ဖြစ်ပါတယ်။” ဟုပြောကြားသည်။

Happy Data Combo Pack များကို အခြားပက်ကေ့ချ်များကဲ့သို့ပင် MPT ၏ prepaid/postpaid GSM/WCDMA အသုံးပြုသူများအပြင် LTE+ အသုံးပြုသူများအားလုံး ရယူနိုင်မည်ဖြစ်ပါသည်။ Data များနှင့်ည ပက်ကေ့ချ်ကဲ့သို့ အခြားသော ပရိုမိုးရှင်း Data ပက်ကေ့ချ်များကိုလည်း ဆက်လက်ဝယ်ယူအသုံးပြု နိုင်မည်ဖြစ်သည်။

MPT ၏ အခြားသော ပရိုမိုးရှင်းများ၊ အစီအစဉ်များနှင့် Happy Data Combp Pack များအကြောင်း ထပ်မံသိရှိလိုပါက www.mpt.com.mm (သို့မဟုတ်) www.facebook.com/mptofficialpage သို့ဝင်ရောက်လေ့လာနိုင်ကြောင်းသိရသည်။

%d bloggers like this: