အူရီဒူးမြန်မာ၏ တစ်နေ့တာသုံး Voice Pack ဖြင့် တစ်နေ့လုံး ကြိုက်သလောက်ဖုန်းပြောနိုင်ပြီ

 အူရီဒူးမြန်မာမှ သုံးစွဲသူများအကြိုက်တွေ့နှစ် သက်စေမည့် တစ်နေတာသုံး voice pack ကို ယနေ့စတင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ တစ်နေ့တာသုံး voice pack ကို အသုံးပြုသူများအနေဖြင့် အူရီဒူနံပါတ်များသို့ တစ်နေ့လုံး ကြိုက်သလောက် ဖုန်းခေါ်ဆိုဆက်သွယ်နိုင်မည်ဖြစ်ပြီး တစ်နေ့တာအတွက် (၂၄၉)ကျပ်သာ ကျသင့်မှာ ဖြစ်သည်။

*150# သို့ ဖုန်းခေါ်ဆိုပြီး ၂၃း၅၉း၅၉နာရီအထိ သက်တမ်းရှိသော အဆိုပါ တစ်နေ့တာသုံး voice pack ကို ရယူနိုင်ပါသည်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သော Ms. Charity Safford မှ “ ယခု မိတ်ဆက်ပေးလိုက်တဲ့ ဝန်ဆောင်မှုအသစ်ဟာ တကယ်ကို နှစ်သက်စရာကောင်းတဲ့ ဝန်ဆောင်မှုပါ။ အူရီဒူးရဲ့ဝန်ဆောင်မှုကို အသုံးပြုသူတွေအနေနဲ့ မိနစ်ဘယ်လောက်သုံးပြီးပြီ၊ မိနစ်ဘယ်လောက်ကျန်သေးလဲ၊ စုစုပေါင်း ဖုန်းခေါ်ဆိုခ ဘယ်လောက် ကုန်ကျမှာလဲဆိုတာတွေကို စိုးရိမ်စရာမလိုတော့ပါဘူး။ ဒီနေ့ကနေစပြီး သူတို့အနေနဲ့ မည်သည့်အူရီဒူးဖုန်းနံပါတ်ကိုမဆို ခေါ်ဆိုပြီး ကြိုက်သလောက် ဖုန်းပြောနိုင်ပြီဖြစ်ပါတယ်။ အခုဟာဆိုရင် အူရီဒူးရဲ့ ကြည်လင်ပြတ်သားတဲ့အသံနဲ့  ဖုန်းပြောဖို့အချိန်ကောင်းဘဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

%d bloggers like this: