Wide-Angle Selfie Camera ပါတဲ့ ZTE Nubia M2 Play ကို မိတ်ဆက်

ZTE က Nubia M2 Play စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူဟာ M2 လောက် စွမ်းရည် မမြင့်ပေမယ့် M2 Lite နဲ့ စွမ်းရည်ချင်း ဆင်တူပါတယ်။ ZTE Nubia M2 Play ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ အရှေ့ဘက်မှာ ဖန်မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး သူ့ရဲ့ အောက်မှာ လက်ဗွေရာအာရုံခံ ကိရိယာနဲ့ ၅.၅ လက်မ HD LCD Display တပ်ဆင်ထားပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၇၄ ဖြစ်ပါတယ်။

Nubia M2 Play မှာ Qualcomm Snapdragon 435 Chipset ထည့်သွင်းထားပြီး Cortex-A53 Processor ၈ လုံး တပ်ဆင်ထားပါတယ်။ Adreno 505 GPU , 3GB RAM ထည့်သွင်းထားပါတယ်။ နှိုင်းယှဉ်ရရင် Nubia M2 Lite မှာ Octa-Core Processor တပ်ဆင်ထားတဲ့ Helio P10 Chipset ထည့်သွင်းထားပါတယ်။ M2 Lite အတွက် 4GB RAM မော်ဒယ်ကို ထုတ်လုပ်ပေးထားပါတယ်။

Nubia M2 Play မှာ 32GB Storage ထည့်သွင်းထားပြီး microSD Card ကနေ 128GB အထိ တိုးမြှင့်နိုင်ပါတယ်။ microUSB Port နဲ့ 3.5mm Audio Jack တပ်ဆင်ထားပါတယ်။ 13MP Rear Camera နဲ့ 5MP 84-Degree Wide-Angle Selfie Camera များ ပါပါတယ်။ Android 7.0 Nougat ကို Nubia UI 5.0 ဖြင့် ပေါင်းစပ်ထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

ref : gsmarena

%d bloggers like this: