Xiaomi က Power Banks , Bluetooth Speaker နဲ့ WiFi Repeater အသစ်များကို မိတ်ဆက်

Xiaomi က အိန္ဒိယမှာ Mi Wi-Fi Repeater 2, Mi Bluetooth Speaker Mini, 10000mAh Mi Power Bank 2, နဲ့ 20000mAh Mi Power Bank 2 တို့ကို မိတ်ဆက်လိုက်ပါတယ်။ Mi WiFi Repeater 2 ဟာ ဝိုင်ဖိုင်ဖြန့်ကျက်မှု အကွာအဝေးကို တိုးမြှင့်ပေးပြီး တစ်စက္ကန့်လျှင် 300Mb အမြန်နှုန်းကို ရရှိစေပါတယ်။ တစ်ပြိုင်နက် Device ၁၆ ခု အထိ ဝိုင်ဖိုင် ချိတ်ဆက်နိုင်ပါတယ်။ ဒီဇိုင်း ကျစ်လစ်ပြီး အဆင့် ၃ ဆင့်ဖြင့် Setup လုပ်ရမှာပါ။ USB Port ဖြင့် အားသွင်းနိုင်ပါတယ်။ ၁၅ ဒေါ်လာ ဝန်းကျင် သတ်မှတ်ထားပြီး ဇွန်လ ၂၀ ရက်နေ့တွင် စတင် ရောင်းချမှာပါ။

Mi Bluetooth Speaker Mini ဟာ အရွယ်အစား သေးငယ်ပြီး သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ စပီကာကို ချိတ်ဆွဲထားနိုင်တဲ့ အပေါက်ငယ်လေး ပါပြီး ဘက်ထရီ သက်တမ်းမှာ ၄ နာရီ ဖြစ်ပါတယ်။ ဒေါ်လာ ၂၀ ဝန်းကျင် တန်ကြေးရှိပြီး ဇွန်လ ၂၁ ရက်နေ့ကနေ စတင် ရောင်းချမှာပါ။

10000mAh Mi Power Bank 2 ကို အနက်ရောင် အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး အပြန်အလှန် လျှင်မြန်စွာ အားသွင်းနိုင်တဲ့ စွမ်းရည် ပါပါတယ်။ ၁၈ ဒေါ်လာဖြင့် ဇွန်လ ၂၀ ရက်နေ့တွင် စတင် ရောင်းချမှာပါ။
blank
20000mAh Mi Power Bank 2 ကလည်း အပြန်အလှန် လျှင်မြန်စွာ အားသွင်းနိုင်တဲ့ စွမ်းရည် ပါပါတယ်။ USB Output Ports ၂ ခု ပါပြီး ၃၄ ဒေါ်လာဖြင့် ဇွန်လ ၂၀ ရက်တွင် ရောင်းချမှာပါ။

ref : gsmarena

%d bloggers like this: