0 Shares 56 Views

ဒေါ်လာ ၁၅၀ မကျော်တဲ့ Obi Worldphone ရဲ့  MV1 စမတ်ဖုန်းတွေ စတင်ရောင်းချ

Feb 23, 2016
0 56

Apple ရဲ့  CEO ဟောင်းဖြစ်သူ John Sculley တည်ထောင်ထားတဲ့ Obi Worldphone ဆိုတဲ့ စမတ်ဖုန်း အမှတ်တံဆိပ်ဟာ MV1 ဆိုတဲ့ စမတ်ဖုန်း အသစ်တစ်မျိုးကို ဘာစီလိုနာ မြို့ မှာကျင်းပ ခဲ့တဲ့ MWC 2016 ပွဲတော်မှာ မိတ်ဆက်ခဲ့ပါတယ်။ ကုမ္မဏီ ရဲ့  ပြောကြားချက်အရတော့ MV1 စမတ်ဖုန်း ဟာ အာရှ ၊ အာဖရိက ၊ လက်တင်အမေရိက နဲ့ ဥရောပ တို့မှာရှိတဲ့ လူငယ် ပရော်ဖက်ရှင်နယ် တွေကို ပစ်မှတ်ထား ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၄၉ ဒေါ်လာ သာကျသင့်မယ့် MV1 ဟာ RAM ကို 2GB နဲ့ 1GB ဆိုပြီး ၂ မျိုး ရွေးချယ် ခွင့်ပေးထားပါတယ်။ 1GB RAM နဲ့ဆိုရင်တော့ ၁၃၉ ဒေါ်လာသာ ကျသင့်တော့မှာ ဖြစ်ပါ တယ်။ MV1 ကို အာရှ နဲ့ အာဖရိက တို့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး လက်တင်အမေရိက နဲ့ ဥရောပ မှာတော့ မတ်လ လောက်မှ စတင်ရောင်းချမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

MV1 ဟာ ၅ လက်မကျယ်ဝန်းတဲ့ HD မျက်နှာပြင်ပါဝင်ပြီး Corning Gorilla Glass 3 နဲ့ တည်ဆောက်ထားတာပါ။ CPU အနေနဲ့ကတော့ 1.3 Ghz quad-core Qualcomm Snapdragon 212 processor ကို သုံးထားပြီး GPU အနေနဲ့ကတော့ Adreno 304 ဖြစ်ပါတယ်။ ကင်မရာအနေနဲ့ 8 Megapixel ရှိတဲ့ အနောက်ကင်မရာနဲ့ 2 Megapixel ရှိတဲ့ အရှေ့ ကင်မရာတို့ပါဝင်ပါတယ်။ ဒေတာ သိုလှောင်မှုအတွက်တော့ microSD ကတ်ထည့်သွင်းမယ်ဆိုရင် 64GB အထိ တိုးချဲ့ နိုင်တယ်လို့ သိရပါတယ်။

Dual SIM ဖြစ်တဲ့အတွက် Micro နဲ့ Nano SIM ၂ မျိုးထည့်သွင်းနိုင်ပြီး Wi-Fi 802.11 b/g/n ၊ Wi-Fi direct ၊ Bluetooth v4.1 ၊ GPS/ A-GPS ၊ GLONASS နဲ့ Micro-USB လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ အလျား ၁၄၅.၆ မီလီမီတာ ၊ အနံ ၇၂.၆ မီလီမီတာ နဲ့ အမြင့် ၈.၉၅ မီလီမီတာ ရှိတဲ့ MV1 စမတ်ဖုန်းဟာ ၁၄၉ ဂရမ် အလေးချိန်ရှိပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ MV1 ကို Android Lollipop 5.1 အနေနဲ့ရော Cyanogen OS 12.1.1 အနေနဲ့ပါ ၂ မျိုး ရယူနိုင်ပါတယ်။ Cyanogen OS ဆိုတာကတော့ မျက်နှာပြင် အလင်းရောင်ပေါ် မူတည်ပြီး ချိန်ညှိနိုင်တဲ့ Live Display နဲ့ Truecaller ဆိုတဲ့ လုပ်ဆောင်ချက် တွေပါဝင်ပြီး icon တွေနဲ့ animation တွေကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့ OS ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် MV1 ဟာ ကုမ္မဏီ ပိုင် UI တစ်ခုဖြစ်တဲ့ Lifespeed ကို အသုံးပြုထားပါတယ်။

Ref: Gadgets360

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category