Ooredoo Myanmar အနေဖြင့် ၎င်း၏ကုမ္ပဏီအမှတ်တံဆိပ်ခိုင်မာစေရန်နှင့် ဒီဂျစ်တယ်ခေတ်သစ်တွင် ပိုမိုတိုးတက်မှုအတွက် ပြင်ဆင်နိုင်ရန် ကုန်အမှတ်တံဆိပ် လက္ခဏာသစ်အား မိတ်ဆက်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
အူရီဒူးအနေဖြင့် ၎င်း၏ ကုန်အမှတ်တံဆိပ် လက္ခဏာသစ်ကို ပိုမိုခေတ်မီလှပသည့်ပုံစံဖြင့် ဖြစ်ပေါ်လာစေရန်အတွက် အဆင့်ဆင့်ပြောင်းလဲမှုလုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အမှတ်တံဆိပ် လက္ခဏာသစ်အနေဖြင့် အဓိကရည်ရွယ်ချက်သုံးခုပေါ်တွင် ဖန်တီးထားသည်ဟုသိရသည်။
ပထမအချက်မှာ အဓိကကုန်အမှတ်တံဆိပ်အရောင်ဖြစ်သည့် အနီရောင်ကို ထင်ရှားပေါ်လွင် နေစေရန်ဖြစ်သည်။ ဒုတိယအချက်မှာ အဓိက ဒီဂျစ်တယ်ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် လက်ခံလာစေနိုင်ရန် အတွက် ပုံနှိပ်ထားသည့် စာမျက်နှာပေါ်မှနေ၍ ဒီဂျစ်တယ်မျက်နှာပြင်ပေါ်ကို အလိုက်သင့် ကူးပြောင်းနိုင်ရမည်ဖြစ်သည်။
နောက်ဆုံးအချက်အနေဖြင့် သိသာထင်ရှားသည့် ကုန်အမှတ်တံဆိပ်တစ်ခု အနေဖြင့် ရှိနေဖို့သာမကဘဲ အလိုက်သင့်ပြောင်းလဲနိုင်ရမည့်အပြင် တစ်သမတ်တည်းဖြစ်စေဖို့အတွက် အလွယ်တကူ အကောင်အထည်ဖော် နိုင်ရမည် ဖြစ်သည်။
အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford မှ “ အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူတွေအတွက် အကောင်းဆုံးသောဝန်ဆောင်မှုတွေပေးအပ်နိုင်ဖို့ ဆန်းသစ်တီထွင်မှုရှိတဲ့ နည်းလမ်းတွေကို အမြဲမပြတ်ရှာဖွေ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့အနေနဲ့ ပြောင်းလဲမှုကိုလက်ခံနိုင်ရမှာဖြစ်ပြီး၊ တိုးတက်အောင်မြင်မှုတိုင်းအတွက် ပြောင်းလဲမှုဆိုတာလိုအပ်စမြဲပါပဲ။ ယခုအချိန်က ကျွန်မတို့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ကာလဖြစ်ပြီး အမြဲတိုးတက်ပြောင်းလဲနေတဲ့ အမှတ်တံဆိပ်နဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ဂုဏ်ယူနေနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကုန်အမှတ်တံဆိပ် လက္ခဏာသစ်ကို မိတ်ဆက်သည့်အနေဖြင့် “ ရေရှည်တည်တံ့ဖို့ အမြဲတမ်းဆန်းသစ်တီထွင်စို့” ဆိုတဲ့ ဆောင်ပုဒ်သစ်ကို ဝေမျှအပ်ပါတယ် “ ဟု ပြောကြားခဲ့ကြောင်းသိရသည်။