ဆယ်စုနှစ်တစ်ခုအတွင်း နှစ် အလိုက် လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ မိုဘိုင်းဖုန်းများ

(၂၀၀၆) ခုနှစ်ကနေ (၂၀၁၆) ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုအတွင်းမှာ မိုဘိုင်းဖုန်းတွေရဲ့ နည်းပညာ တိုးတက်လာမှုတွေက အားရကျေနပ်စရာကောင်းပါတယ်။ ပုံမှန် keypad ဖုန်းလေးတွေကနေ touchscreen စမတ်ဖုန်းတွေထွက်ရှိလာခဲ့ပြီး အခုဆိုရင် Fingerprint , dual-camera, Iris scanner , waterproof စတဲ့ နည်းပညာတွေကိုပါ စမတ်ဖုန်းထဲ ထည့်သွင်းဖန်တီးလာကြပြီဖြစ်ပါတယ်။

ခုလို တိုးတက်လာတဲ့ သမိုင်းတစ်လျှောက်မှာ ဆယ်စုနှစ် တစ်ခုအတွင်း နှစ်အလိုက် လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ မိုဘိုင်းဖုန်းတွေ ကို လေ့လာကြည့်တဲ့အခါမှာလည်း စိတ်ဝင်စားစရာ အချက်အလက်တွေကို တွေ့မြင်ရတယ်။

(၂၀၀၆) ၊ (၂၀၀၇) နဲ့ (၂၀၀၈) (၃)နှစ်ဆက်တိုက် Nokia ဖုန်းတွေသာ လူကြိုက်အများဆုံးဖြစ်ခဲ့ပြီး iPhone 3GS ဟာ (၂၀၀၉) ခုနှစ်မှာ ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

(၂၀၁၀) မှာတော့ Nokia N8 က ပြန်လည် နေရာယူခဲ့ပြီး (၂၀၁၁)ကနေ (၂၀၁၅) ခုနှစ်အထိ မှာတော့ Samsung စမတ်ဖုန်းတွေက (၅)နှစ်ဆက်တိုက် ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်ရဲ့ လူကြိုက်အများဆုံး စမတ်ဖုန်းကတော့ Xiaomi ရဲ့ Redmi Note 3 ဖြစ်ခဲ့ပြီး Samsung Galaxy J7 (2016) က ဒုတိယနေရာနဲ့ Galaxy S7 က တတိယနေရာတို့မှာ အသီးသီး ရပ်တည်ခဲ့ကြပါတယ်။

စာရင်းအပြည့်အစုံကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

Year Most popular phone Runner up Third place
2006 Nokia N73 Sony Ericsson K800 Nokia N80
2007 Nokia N95 Apple iPhone Nokia 6300
2008 Nokia 5800 XpressMusic Nokia E71 Apple iPhone 3G
2009 Apple iPhone 3GS Nokia N97 BlackBerry Curve 8520
2010 Nokia N8 Apple iPhone 4 Samsung I9000 Galaxy S
2011 Samsung I9100 Galaxy S II Apple iPhone 4s Samsung Galaxy Ace S5830
2012 Samsung I9300 Galaxy S III Apple iPhone 5 Samsung Galaxy S Duos S7562
2013 Samsung I9500 Galaxy S4 Samsung Galaxy Note 3 Apple iPhone 5s
2014 Samsung Galaxy S5 Apple iPhone 6 Samsung Galaxy Grand Prime
2015 Samsung Galaxy S6 Samsung Galaxy J7 Samsung Galaxy J5
2016 Xiaomi Redmi Note 3 Samsung Galaxy J7 (2016) Samsung Galaxy S7

Ref: GSMArena

%d bloggers like this: