0 Shares 16 Views

Blade V7 နှင့် Blade V7 Lite ဖုန်းများအား ZTE မိတ်ဆက်

ZTE ကုမ္ပဏီဟာ သူတို့ရဲ့ Blade V7 နဲ့ V7 Lite တို့ကို MWC ပွဲမှာ ဒီနေ့ပဲမိတ်ဆက်ခဲ့ပါတယ်။ နှစ်ခုလုံးဟာ ငယ်ရွယ်သူတွေကို ရည်ရွယ်ပစ်မှတ်ထားပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ZTE ကဒီဖုန်းအမျိုးအစား နှစ်မျိုးလုံးကို ဒီနှစ်နှောင်းပိုင်းမှာ ဈေးကွက်ထဲမှာရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ စမတ်လက်ဟန်ပြထိန်းချုပ်စနစ်ကို ထည့်သွင်းထားပြီး Android နောက်ဆုံးထွက် Version 6.0 Marshmallow OS နဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။

ZTE Blade V7

ZTE Blade V7 ဟာဖုန်းတစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထားတာဖြစ်ပြီး ၃.၅ မီလီမီတာ သာအထူရှိမှာ ဖြစ်ပါတယ်။ ၅.၂ လက်မ 1080p မျက်နှာပြင်ကို အသုံးပြုထားပြီး 2.5D ဖန်သားနဲ့ ဖုန်းအုပ်ထားတာပါ။ Octa-Core 1.5GHz Cortex-A53 Processor နဲ့ အလုပ်လုပ်မှာဖြစ်ပြီး Mali-T720 GPU နဲ့ 2GB ရှိတဲ့ RAM တို့ကို ထည့်သွင်းထားတာပါ။

zte blade v7 & blade v7 lite 1

ZTE Blade V7 ဟာ လုပ်ဆောင်ချက်တွေအနေနဲ့ LED flash မီးနှစ်ခုပါဝင်ပြီး 13MP ရှိတဲ့ ကျောဘက်ကင်မရာ Flash မီး၊ 5MP ရှိတဲ့ ရှေ့မျက်နှာကင်မရာ မှာFlash မီးတို့တပ်ဆင်ထားတာဖြစ်ပါတယ်။ 16GB ရှိတဲ့ Inbuilt Storage ကို SD ကတ်ထပ်မံစိုက်နိုင်မှာတယ်လို့ သိရပါတယ်။ နောက်ထပ်ပါဝင်တာကတော့ LTE ဆက်သွယ်မှုနဲ့ 2500mAh ရှိတဲ့ ဘက်ထရီတို့ပဲဖြစ်ပါတယ်။

zte blade v7 & blade v7 lite 2

ZTE Blade V7 ကို ဂျာမနီ၊ စပိန်၊ တောင်အာဖရိက၊ အီသီယိုးပီးယား နဲ့ မက္ကဆီကို နိုင်ငံတွေမှာ ၂၀၁၆ခုနှစ်နှစ်လယ်ပိုင်းမှာ စတင်ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။

ZTE Blade V7 Lite

ZTE Blade V7 Lite ကတော့နည်းနည်းပိုသေးတဲ့ ၅လက်မမျက်နှာပြင်ပါဝင်မှာဖြစ်ပြီး 720p မျက်နှာပြင် ကို 2.5D ဖန်သားအုပ်ထားတာဖြစ်ပါတယ်။ ဘော်ဒီကိုတော့ အလျူမီနီယံနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ZTE Blade V7 Lite မှာတော့ Processor အနေနဲ့ MediaTek MT6735P ကို quad-core 1.3GHz Cortex-A53 CPU နဲ့ Intenal RAM 2GB ပါဝင်မှာပါ။

zte blade v7 & blade v7 lite 3

Blade V7 Lite ဟာလည်း Flash မီးတစ်စုံ ပါဝင်တာဖြစ်ပြီး 8MP ကျောဘက်ကင်မရာနဲ့ Auto-Focus စနစ် LED Flash, 8MP ရှေ့မျက်နှာကင်မရာ နဲ့ LED Flash မီး တို့ပါဝင်မှာဖြစ်ပါတယ်။ 16GB Internal Storage မှာ SD ကတ်ထပ်စိုက်နိုင်မှာဖြစ်ပြီး LTE ဆက်သွယ်မှု၊ 2500 mAh ဘက်ထရီအပြင် ကျောဘက်မှာ Fingerprint Scanner လုံခြုံရေးစနစ်လည်းပါဝင်လာပါတယ်။

Blade V7 Lite ကို လာမယ့်နွေဦး(မေလခန့်) မှာ ရုရှား၊ မက္ကဆီကို၊ စပိန်၊ ဂျာမနီ နဲ့ ထိုင်းနိုင်ငံတို့မှာ ရရှိနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအတိအကျကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်မှာဖြစ်ပါတယ်။

Ref: GSM Arena

You may be interested

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်

Ko Thuya - Apr 25, 2018

HMD Global က ယခုလ ၂၇ ရက်နေ့မှာ တရုတ်တွင် ပွဲတစ်ခု ကျင်းပ၍ စမတ်ဖုန်း အသစ်ကို မိတ်ဆက်မှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ၂၀၁၄ ခုနှစ်ထွက် Nokia X သို့မဟုတ် စွမ်းဆောင်ရည်မြင့် Nokia…

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ
Audio & Video, FEATURES, Mobile & Tablets
206 shares177 views

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ

Ko Thuya - Apr 24, 2018

သင့်ရဲ့ Android Device ကို ကားစတီရီယို စနစ်နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။ သင့် ကားစတီရီယိုမှာ ပါတဲ့ စွမ်းဆောင်ချက် အပေါ် မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်ပါ။ ကားရဲ့ အသံစနစ်နဲ့ သင့် Android ကို…

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်
Games, NEWS
321 shares62 views

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်

Nwe Oo Thant - Apr 24, 2018

[Zawgyi] Fortnite ဂိမ်းဆိုတာကတော့ နာမည်ကြီး free ဂိမ်းတစ်ခုဖြစ်ပြီး ကလေးတွေကျောင်းပြေးဂိမ်းဆော့လွန်းလို့ ဆရာတွေမိဘတွေ ကျောင်းတွေကို တော်တော်စိတ်ရှုပ်စေခဲ့တဲ့ ဂိမ်းတစ်ခုပါ။ ဒါပေမယ့် အခု ကလေးတွေကျောင်းမှာဖင်မြဲနိုင်မယ့် Fortnite ရဲ့အားသာချက်လေးတစ်ခုရှိလာပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်က Ashland အိုဟိုင်းယိုးမှာရှိတဲ့ Ashland တက္ကသိုလ်က ဒီ Fortnite…

Leave a Comment

Most from this category