Youtube မှာ ဗီဒီယိုတင်ပြီး ၁ လ ကို မြန်မာငွေ သိန်း ၁၇၀ ကျော် ဝင်ငွေရသူ ၈ နှစ် သမီး

၂၀၁၆ ခုနှစ် နှောင်းပိုင်း က ကောက်ယူခဲ့တဲ့ စာရင်းအရ ယူကျူမှာ ဗွီဒီယိုဖိုင်နဲ့ ပြုလုပ်နည်းလေးတွေ upload တင်ပြီး ၁ လ ကို မြန်မာငွေ သိန်း ၁၇၀ ကျော် ဝင်ငွေရရှိနေသူက အသက် ၈ နှစ် အရွယ် ချာလီ ဆိုတဲ့ ကလေးမငယ်လေး ပဲ ဖြစ်တယ် လို့ သိရပါတယ်။

သြစတြးလျနိုင်ငံ၊ ကွင်းစ်လန်း အရပ်မှာ နေထိုင်တဲ့ ကလေးမလေး ဟာ CharlisCrafyKitchen ဆိုတဲ့ Channel ကလေး တစ်ခု ကို တည်ဆောက်ပြီး အိမ်တွင်း မုန့်ဖုတ်နည်း ၊ သွားရည်စာပြုလုပ်နည်းကလေး တွေနဲ့ ကိတ်မုန့်၊ ပေါင်မုန့် နဲ့ တခြား ရိုးရာ မုန့်လုပ်နည်းလေးတွေကို အချက်အပြုတ် ကဏ္ဍအတွက် တည်ဆောက်ရင်း က အခုလို ဝင်ငွေ ရရှိခဲ့တာ ပဲ ဖြစ်တယ် လို့ ဆိုပါတယ်။

သူမ တည်ထောင်ထားတဲ့ Channel ဟာ တစ်လ ကို လူဦးရေ ၂၉ သန်း အထိ ပျမ်းမျှ လူကြည့်များခဲ့ပြီး ကမ္ဘာကျော် ပေါ့ပ်အဆိုတော် တွေနဲ့ ဘောလုံးသမားတွေ ၊တခြား ထင်ရှားတဲ့သူတွေကို ထည့်မတွက်ဘဲ သာမန်လူပုဂ္ဂိုလ်ကိုသာ ထည့်တွက်မယ်ဆိုပါက ထိပ်ဆုံးအဆင့်က လူကြည့်များတဲ့ ချန်နယ် တစ်ခု ဖြစ်တယ် လို့ ုဆိုပါတယ်။

၆ နှစ် သမီး အရွယ် မှာ ချန်နယ် ကို စတင်တည်ထောင်ခဲ့ပြီးနောက် မှာ ချာလီ ရဲ့ အအောင်မြင်ခဲ့ဆုံး ဗွီဒီယို ကတော့ ညီမ ဖြစ်သူ နဲ့ ပူးပေါင်းတင်ဆက်ခဲ့တဲ့ ရေခဲချောင်းလုပ်နည်း တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဗွီဒီယိုကလစ် ကို ကမ္ဘာအရပ်ရပ် က ဝင်ရောက် ကြည့်ရှုသူပေါင်း ၄၉ သန်း ကျော် ရှိခဲ့တယ် လို့ ဆိုပါတယ်။

ချာလီဟာ အခု လက်ရှိမှာတော့ သူရဲ့ ၅ နှစ် အရွယ် ညီမငယ် အက်ရှလေ ကိုပါ ချန်နယ် ကို ဖိတ်ခေါ်ခဲ့ပြီး ညီအမ ၂ ယောက်နဲ့ လက်စွမ်းပြ မုန့်ဖုတ်နည်းတွေ နဲ့ အချက်အပြုတ်တွေကို မျှဝေပေးလျက်ရှိတယ် လို့ သတင်းရရှိပါတယ်။

သူမရဲ့ လူကြိုက်များခဲ့တဲ့ ဗွီဒီယိုလေး ကို ဖော်ပြပေးလိုက်ပါတယ်။

Video

Ref : DM, Youtube

 

 

%d bloggers like this: