မြန်မာနိုင်ငံတွင် ဈေးကွက်ပွင့်လင်းလာချိန်မှစတင်၍ အီလက်ထရောနစ်ငွေပေးချေမှုလုပ်ငန်း ဖွံ့ဖြိုးမှုအရှိန်အဟုန်ရလာ

ကမ္ဘာ့ငွေပေးချေမှုဆိုင်ရာနည်းပညာကုမ္ပဏီ Visa ရဲ့ အဆိုအရ မြန်မာနိုင်ငံတွင် ပြည်တွင်းငွေပေးချေမှုလုပ်ငန်းနယ်ပယ်ဖွင့်လှစ်ကာ ပထမဦးဆုံး Visa အကြွေးဝယ်ကတ်များကို မိတ်ဆက်ပေး လိုက်ပြီး နောက်ပိုင်းတွင် မြန်မာလူမျိုးများအနေဖြင့် အီလက်ထရောနစ်ငွေပေးချေမှုများကို နှစ်သက် လက်ခံလာကြကြောင်း သိရပါတယ်။

ဈေးကွက်စတင်ဖွင့်လှစ်ပေးခဲ့သည့် ဇန်နဝါရီလမှ ဧပြီလအထိ မြန်မာနိုင်ငံထုတ် Visa ကတ် ကိုင်ဆောင်သူ တစ်နိုင်ငံလုံး တိုးတက်မှုအရေအတွက်သည် ၈၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ Visa ကတ်ဖြင့်ငွေ ပေးချေမှုအရေအတွက်သည် ၈၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာထုတ် Visa ငွေပေးချေကတ်များအသုံးပြုခြင်းကို ကာလ သတ်မှတ်ချက်နှိုင်းယှဉ်မှုအရ ခြုံငုံ သုံးသပ်ကြည့်လျှင် ယမန်နှစ်က ထပ်ပို ယခုနှစ်၂၀၁၇ မတ်လ တွင် ငွေပေးချေမှုနှုန်းသည် ၆၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း သိရပါတယ်။

 “ဈေးကွက်ဖွင့်ပေးလိုက်ကတည်းက မြန်မာနိုင်ငံရဲ့ငွေပေးချေမှုလုပ်ငန်းနယ်ပယ်ဟာ သိသိသာသာတိုးတက်လာ ခဲ့ပြီး၊ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ရာစုနှစ်ဝက်ကျော်နဲ့ယှဉ်ကြည့်ရင် အခုအခါ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ထဲထဲဝင်ဝင်ချိတ်ဆက်ဆောင်ရွက်လာနိုင်နေပါပြီ။ စီးပွားရေးတိုးတက်မှုအရှိန်အဟုန်ေကာင်းနေပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ အီလက်ထရောနစ်ငွေပေးချေမှုရဲ့အကျိုးကျေးဇူးတွေကို ပြည့်ပြည့်ဝဝခံစားနိုင်ဖို့အတွက် နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ စံသတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့က လိုအပ်နေပါသေးတယ်။ ဒီစည်းမျဉ်းတွေနဲ့ စံနှုန်းတွေက လုံခြုံပြီးထိရောက်တဲ့စီးပွားေရးတစ်ခုရဲ့ အဓိကအရေးပါ တဲ့အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။” ဟု Visa မြန်မာ၏ Country Manager ဖြစ်သူ Arturo Planell က ပြောဆိုခဲ့တယ် လို့ သတင်းရရှိပါတယ်။

Ref : Visa

%d bloggers like this: