တယ်လီနော၏ 4G/LTE ဝန်ဆောင်မှုများကို ရန်ကုန်တွင် စတင် မိတ်ဆက်

တယ်လီနောမြန်မာလီမိတက်သည် ၁၈၀၀ MHz လှိုင်းနှုန်းစဉ်ကို အသုံးပြုပြီး ကွန်ရက်ကို အောင်မြင်စွာ စမ်းသပ်ပြီးသည့်နောက် ကုမ္ပဏီ၏ 4G/LTE ဝန်ဆောင်မှုများကို ရန်ကုန်မြို့တွင် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ မြို့နယ်ပေါင်း ၂၉ မြို့နယ်တွင် တယ်လီနော၏ 4G/LTE ဝန် ဆောင်မှုများကို ရရှိနေပြီ ဖြစ်သည်။

ယင်းမြို့နယ်များမှာ ဗဟန်း၊ ဗိုလ်တစ်ထောင်၊ ဒဂုံ၊ ဒဂုံ မြို့သစ် (အရှေ့)၊ ဒဂုံမြို့သစ် (မြောက်)၊ ဒေါပုံ၊ လှိုင်၊ လှိုင်သာယာ၊ အင်းစိန်၊ ကမာရွတ်၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွှန့်၊ မြောက် ဥက္ကလာပ၊ ပန်းပဲတန်း၊ ပုဇွန်တောင်၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ရွှေပြည်သာ၊ တောင် ဥက္ကလာပ၊ တာမွေ၊ သာကေတ၊ သန်လျင်၊ သင်္ဃန်းကျွန်းနှင့် ရန်ကင်းတို့ ဖြစ်ကြောင်း သိရသည်။

“၁၈၀၀Mhz ကို သုံးပြီး ရန်ကုန်မြို့မှာ 4G ကို ဒီနေ့ စတင်မိတ်ဆက်ခဲ့မှုနဲ့အတူ 4G/LTE ဝန် ဆောင်မှုတွေကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်နိုင်တာဟာ တယ်လီနောအတွက်သာမက နိုင်ငံရဲ့ တယ်လီကွန်း ကဏ္ဍအတွက် အဓိကမှတ်ကျောက်တစ်ခု လို့ ဆိုချင်ပါတယ်။ အာရှတစ်ဝှမ်းက မြို့ကြီးတွေမှာ ရရှိနေမှုနဲ့ အလားတူ ကွန်ရက်လွမ်းခြုံမှုနဲ့ ဝန်ဆောင်မှု အရည်အသွေး တွေကို မြန်မာနိုင်ငံ တစ်နှံ့တစ်လွှားက မြို့ကြီးပြကြီးတွေနဲ့ မြို့နယ်တွေမှာလည်း ရရှိနေပြီ ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံဟာ ‘မိုဘိုင်း ဦးစား ပေး’ နိုင်ငံတစ်ခု ဖြစ်နေပါပြီ။ 4G/LTE ဝန်ဆောင်မှုတွေကို လျင်လျင်မြန်မြန် ပေးအပ်နိုင်ခြင်းက ဒေသတွင်းက အကောင်းဆုံး နိုင်ငံစာရင်းထဲကို ရောက်ရှိစေမှာ ဖြစ်သလို ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးကဏ္ဍတွေ မှာ မာလ်တီ မီဒီယာ အခြေပြု ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို ပြောင်းလဲပေးအပ်နိုင်ဖို့ အရှိန်ရစေမှာ ဖြစ်ပါတယ်” ဟု တယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး မိုဘိုင်းကွန်ရက်ကြီးကို တယ်လီနောအနေနဲ့ တည်ထောင်ထားပြီး ဖြစ်သလို ၂၁၀၀MHz နဲ့ ၉၀၀MHz လှိုင်းနှုန်းစဉ်တွေကို အသုံးပြုပြီး 4G ဝန်ဆောင်မှုတွေကို မြို့ ၂၅ မြို့မှာ ပြီးခဲ့တဲ့ ၁၀ လတာ ကာလအတွင်း မိတ်ဆက် ပေးထားပြီးလည်း ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ သာလွန်ကောင်းမွန်တဲ့နှုန်းနဲ့ ဒေါင်းလုတ်ကူးယူမှု၊ hi-definition ဗီဒီယို တွေကို အပြတ်အတောက်မရှိ ချောချောမွေ့မွေ့ ကြည့်ရှုနိုင်မှု၊ ဂိမ်းတွေကို အထစ်အငေါ့ကင်းကင်း ကစားနိုင်မှု၊ လူမှု ကွန်ရက် တွေကို အကောင်းမွန်ဆုံးအသုံးပြုနိုင်မှု၊ လူသုံးများတဲ့အချိန်တွေမှာလည်း တည်ငြိမ်တဲ့ ကွန်ရက် ဝန်ဆောင်မှုကို အသုံးပြုနိုင်မှု စတာတွေပါဝင်တဲ့ ပြီးပြည့်စုံတဲ့ အင်တာနက်အသုံးပြုမှု အတွေ့အကြုံကို ရရှိစေဖို့ တယ်လီနောအနေနဲ့ အခု ၁၈၀၀ MHz လှိုင်းနှုန်းစဉ်ကို အသုံးပြုပြီး ဝန်ဆောင်မှုတွေ ပေးအပ်သွားမှာပါ။ လာမယ့်လတွေ အတွင်းမှာ တယ်လီနော အနေနဲ့ ကျနော်တို့ရဲ့ ကွန်ရက် အတွင်း ၁၈၀၀ MHz ကနေ 4G/LTE ကို ပိုမိုများပြားတဲ့ မြို့ကြီး တွေနဲ့ မြို့ပြတွေမှာ ဒီဝန်ဆောင်မှုတွေကို တိုးချဲ့ပေးအပ်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

သုတေသနပြုလုပ်မှုများ၏ တွေ့ရှိချုက်များအရ မြန်မာနိုင်ငံရှိ သုံးစွဲသူများသည် ဓါတ်ပုံနှင့် ဗီဒီယိုများကို ၎င်းတို့၏ လူမှု ကွန်ရက်များတွင် မြန်ဆန်စွာ အပြတ်အတောက်မရှိ ကြည့်ရှုနိုင်ပြီး upload လုပ်ရာတွင် လျင်လျင်မြန်မြန် ပြုလုပ်နိုင်မှုတို့ကို အလေးထားကြောင်း သိရှိ ရပါသည်။ “ဒီတွေ့ရှိချုက်ကို အခြေခံပြီး သုံးစွဲသူတွေအနေနဲ့ ဗီဒီယိုတွေ ကြည့်ရှုရာမှာ အကောင်းမွန်ဆုံး ကြည့်ရှု သုံးစွဲ နိုင်စေဖို့ ကျနော်တို့ရဲ့ ကွန်ရက်ကို အဆင့်မြှင့်တင်ထားပြီး ဖြစ်တာကြောင့် ‘အဝိုင်းမလည် တော့ဘူး’ ဒါမှမဟုတ် Loading အတွက် အချိန်မစောင့်ရတော့ဘူးလို့ အလေးအနက်ပြောချင်ပါတယ်” ဟု Myrthong က ပြောကြားသည်။

တယ်လီနော 4G ကွန်ရက်မှ တစ်ဆင့် Pyone Play တွင် အခမဲ့ ကြည့်ရှုခွင့်

4G/LTE ဝန်ဆောင်မှုများကို စတင်သည့် အထိမ်းအမှတ်အဖြစ် တယ်လီနော သုံးစွဲသူများသည် 4G ကွန်ရက်ကို အသုံးပြု ကာ Pyone Playတွင် ဗီဒီယိုများကို ၇ ရက်အထိ အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်သည်။ Pyone Play သည် အွန်လိုင်း ဗီဒီယို များကို ကြည့်ရှုနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး အွန်လိုင်းရုပ်မြင်သံကြားဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ယင်းမှတစ်ဆင့် MRTV-4 နှင့် Channel-7 တို့မှ ထုတ်လွှင့်သည့် ပြသ ပြီးနှင့် တိုက်ရိုက် အစီအစဉ်များကို ကြည့်ရှုနိုင်သည်။

တယ်လီနော 4G/LTE သုံးစွဲသူများသည် 444 သို့ 4G ကို စာတိုပေးပို့ကာ ယခု အခမဲ့ ဝန်ဆောင်မှုကို ဇွန်လ ၁၆ ရက်နေ့မှ စကာ ရယူနိုင်သည်။ စာရင်းပေးသွင်းမှု အောင်မြင်ပါက တစ်ရက်လျှင် ၃၀၀MB အခမဲ့ဒေတာကို ၇ ရက်တိတိ ဆက်တိုက် ရရှိအသုံးပြုနိုင်မည် ဖြစ် ပါသည်။ အခမဲ့ဒေတာကို ၃၀ ရက်အတွင်းသာ ရယူနိုင်မည် ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တစ်ကြိမ်သာ ရယူ ခံစားခွင့်ရှိမည် ဖြစ်ကြောင်းသိရသည်။

%d bloggers like this: