အူရီဒူးမြန်မာမှ App တစ်သိန်းကျော်ပါဝင်သည့် “App Zone” ကို စတင်မိတ်ဆက်

အူရီဒူးမြန်မာအနေဖြင့် App ပေါင်း တစ်သိန်းကျော် ပါဝင်တဲ့ App Zone ကို စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

App Zone ကို အသုံးပြုသူများအနေဖြင့် အီးမေးလ်ဖြင့် မှတ်ပုံတင်စရာမလိုခြင်း (သို့) အသုံးပြုရန်အတွက် အချက်အလက်ဖြည့်သွင်းပြီး ဖွင့်ရခြင်းများ ပြုလုပ်စရာမလိုဘဲ App Zone ကို ဒေါင်းလုပ်ရယူရန်သာလိုအပ်သည်။

App Zone ကို မိုဘိုင်းဖုန်းထဲသို့ ထည့်သွင်းပြီးသည်နှင့် တစ်ပြိုင်နက် အက်ပလီကေးရှင်းများကို ဒေါင်းလုပ်လုပ်ပြီး့ စတင်ရယူနိုင်မည်ဖြစ်သည်။

App Zone သုံးစွဲသူများအတွက် နောက်ထပ်ရရှိမည့် ထူးခြားသည့် အကျိုးကျေးဇူးမှာ နေရာဒေသကန့်သတ်ချက်မရှိသည့်အတွက် App Zone တွင်ပါဝင်သည့် အက်ပလီကေးရှင်းများများထဲမှ မိမိနှစ်သက်သည့် အက်ပလီကေးရှင်းကို လွယ်ကူစွာဖြင့်ရယူနိုင်သည်။ အကယ်၍ အဆင့်မြင့်ဗားရှင်းဖြင့် အသုံးပြု၍ အဆင်မပြေပါကလည်း ယခင်အသုံးပြုနေသည့် အက်ပလီကေးရှင်း ဗားရှင်းအနိမ့်ကို ပြောင်းလဲအသုံးပြုနိုင်သည်။

မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် ယခင်က မိမိနေထိုင်သည့်နိုင်ငံအတွင်းမှေနပြီး အချို့သော အက်ပလီကေးရှင်းများကို ဒေါင်းလုပ်ပြုလုပ်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုအခါတွင် App Zone ကို အသုံးပြုပြီး မိုဘိုင်းဖုန်းအသုံးပြုသူများအေနဖြင့် အက်ပလီကေးရှင်းများကို လွယ်ကူစွာဖြင့် ရယူနိုင်ပြီဖြစ်သည်။ 

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သော Ms. Charity Safford မှ “ ယခု အူရီဒူးကနေ မိတ်ဆက်ပေးလိုက်တဲ့ App Zone ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ အက်ပလီကေးရှင်းပေါင်းများစွာကို ဒေါင်းလုပ်ရယူနိုင်တဲ့ ဝန်ဆောင်မှုဖြစ်တာကြောင့် ကျွန်မတို့ အူရီဒူးမြန်မာရဲ့ အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်လာစေခဲ့ပါတယ်။ ယခင်က ဒေါင်းလုပ်ပြုလုပ်ခွင့်မရခဲ့တဲ့ အက်ပလီကေးရှင်းတွေကို ယခုအခါမှာတော့ App Zone ကတဆင့် ရယူနိုင်ပြီဖြစ်ပါတယ်။ အူရီဒူးမြန်မာရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံသားတွေ အင်တာနက်ချိတ်ဆက်အသုံးပြုခြင်းြဖင့် တောက်ပကောင်းမွန်တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်စေလိုပါတယ်။ အခု မိတ်ဆက်ပေးလိုက်တဲ့ အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် အူရီဒူးမြန်မာရဲ့ ဝန်ဆောင်မှုကို အသုံးပြုသူတွေဟာ ယခင်က အသုံးပြုခွင့်မရတာတွေကို သုံးခွင့်ရတော့မှာဖြစ်တဲ့အတွက် နှစ်သက်ကျေနပ်ကြလိမ့်မယ်ဟု မျှော်လင့်မိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

အူရီဒူး၏ ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် မှတဆင့် App Zone ကို http://zone.ooredoo.com.mm/mm/appzone.aspx မှာရယူနိုင်သလို *7799# သို့ဖုန်းခေါ်ဆို၍လည်း ရယူနိုင်ကြောင်းသိရသည်။

%d bloggers like this: