0 Shares 46 Views

အွန်လိုင်းအစည်းအဝေးတွေပါ လုပ်နိုင်တဲ့ ZTE ရဲ့ Android စနစ်သုံး စမတ်ပရိုဂျက်တာ

Feb 22, 2016
0 46

ZTE ရဲ့ Android စနစ်သုံးပရိုဂျက်တာတွေဟာ ဈေးကွက်ထဲမှာ နာမည်ရပြီးသား၊ လူကြိုက်များတဲ့ အဆင့်မြင့်ပရိုဂျက်တာတွေ ဖြစ်ပါတယ်။

အခုအခါ တရုတ်တယ်လီကွန်းကုမ္ပဏီ ZTE ဟာ နောက်ဆုံးမျိုးဆက်သစ် Spro Plus ပရိုဂျက်တာ ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

ဒီပရိုဂျက်တာမှာ ၈.၄ လက်မအရွယ် AMOLED touchscreen ပါရှိပြီး၊ Snapdragon 801 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ SD ကတ် 128 GB အထိ ထပ်စိုက်နိုင်ပြီး၊ ဘက်ထရီပမာဏကလည်း 12100mAh အထိ ရှိပါတယ်။

လက်မ ၈၀ အရွယ်ထိရှိတဲ့ ပုံရိပ်တွေကို နံရံပေါ်ထိုးပြနိုင်ပြီး၊ ပရိုဂျက်တာကို USB ကင်မရာနဲ့ ချိတ်ဆက်ကာ၊ Skype လို အက်ပလီကေးရှင်းတွေကနေတဆင့် အွန်လိုင်းအစည်းအဝေးတွေလည်း လုပ်နိုင်ပါတယ်။

ပုံရိပ်တွေ အမြဲကြည်လင်ပြတ်သားနေစေဖို့အတွက် LED နည်းစနစ်အစား၊ လေဆာနည်းစနစ်ကို အသုံးပြုထားပြီး၊ JBL အသံစနစ်နဲ့၊ ၄ ၀ပ်အား စပီကာနှစ်လုံး ပါရှိပါတယ်။ ရုပ်ရှင်ကားတွေကြည့်ဖို့ အတွက်တော့ အကောင်းဆုံး မဟုတ်ဘူးလို့ ZTE ကုမ္ပဏီကိုယ်တိုင်က ၀န်ခံထားပါတယ်။

Spro Plus Android ပရိုဂျက်တာကို Wi-Fi နဲ့ ချိတ်ဆက်နိုင်တဲ့ မော်ဒယ်၊ ဒါမှမဟုတ် SIM ကတ်ထိုးသုံးစွဲနိုင်တဲ့ မော်ဒယ်ဆိုပြီး နှစ်မျိုးရရှိမှာဖြစ်ကာဝယ်ယူချင်တယ်ဆိုရင်တော့ နွေရာသီအထိ စောင့်ရမှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ အတန်ငယ်များနိုင်တယ်လို့ ဆိုပါတယ်။

Ref: Android Central, Engadget

 

 

 

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category