Virtual Reality ဖြင့် မင်္ဂလာဆောင်တဲ့ စုံတွဲ

မင်္ဂလာပွဲတစ်ခုကို စီစဉ်ရတာ အလွန် အလုပ်ရှုပ်ပါတယ်။ ဒါပေမယ့် Virtual Reality နည်းပညာဖြင့် မင်္ဂလာဆောင်ရင်တော့ အလုပ်ရှုပ် သက်သာပါတယ်။ ဝေးလ်စ်မှ စုံတွဲတစ်တွဲကတော့ VR ဖြင့် မင်္ဂလာဆောင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

Elisa Evans နဲ့ Martin Shervington တို့ ချစ်သူနှစ်ဦးဟာ မေလ ၂၅ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ Virtual Reality လူမှုကွန်ရက် တစ်ခု ဖြစ်တဲ့ AltspaceVR မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

VR မင်္ဂလာဆောင်မှာ ဇနီးမောင်နှံဟာ အပြာနဲ့ ပန်းရောင် Avatars များကို ဆင်မြန်းထားကြပြီး အရင်းနှီးဆုံး မိတ်ဆွေ ၄၀ က မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ပွဲတက်ရောက်လာသူများဟာ သတို့သားရဲ့ နေအိမ်မှာ ရောက်ရှိနေကြတာ ဖြစ်ပေမယ့် ကြွရောက်ချီးမြှင့်မှုများကိုတော့ AltspaceVR မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဇနီးမောင်နှံနဲ့ ဧည့်သည်များ အားလုံးဟာ VR Headset များ ဝတ်ဆင်၍ မင်္ဂလာပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။


သူတို့ရဲ့ မင်္ဂလာပွဲကို AltspaceVR မှ Community Manager က အသိသက်သေ အဖြစ် ပါဝင်ပေးခဲ့တဲ့အတွက် အထမြောက်ခဲ့ပါတယ်။ မင်္ဂလာပွဲကို ဧည့်သည်များက Happy Emoji များဖြင့် ဂုဏ်ပြုခဲ့ကြပါတယ်။ အကြင် ခင်ပွန်း အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးခဲ့ပြီးနောက် အနမ်းပေးဖို့အတွက် အခက်တွေ့ခဲ့ကြပါတယ်။ ဒါကတော့ လက်ရှိ VR နည်းပညာရဲ့ အားနည်းချက်တစ်ခု ဖြစ်ပါတယ်။

VR မင်္ဂလာပွဲဟာ တကယ့် ခမ်းမမှာ ကျင်းပတာ မဟုတ်ပေမယ့် အကုန်အကျ များခဲ့ပါတယ်။ ဇနီးမောင်နှံဟာ ကွန်ပြူတာနဲ့ VR Headset များအတွက် ၂၅၃၁ ဒေါ်လာ ကုန်ကျခဲ့ပါတယ်။ VR မင်္ဂလာပွဲ ပြီးတဲ့ နောက်မှာတော့ ဇနီးမောင်နှံက စားသောက်ဆိုင်တစ်ခုမှာ ဧည့်သည်များကို ကျွေးမွေးပြုစုခဲ့ပါတယ်။ အဲဒီ အခါကျမှသာ ဧည့်သည်များဟာ VR မဟုတ်တဲ့ တကယ့် အစားအစာများကို စားသုံးခဲ့ကြရတာ ဖြစ်ပါတယ်။

Ref : mashable

%d bloggers like this: