မထွက်သေးတဲ့ iPhone 8 ဒီဇိုင်းကို မထွက်သေးတဲ့ Note 8 က ဒီဇိုင်း ခိုးယူထား ဟု သတင်းထွက်ပေါ်

Note 8 ကို စက်တင်ဘာလ ပတ်လည်မှာ လွှင့်ထုတ်ဖွယ်ရာ ရှိနေပါတယ်။ နာမည်ကျော် iPhone မျိုးဆက် အသစ်ကလည်း အဲဒီ ကာလဝန်းကျင်မှာ ပဲ ထုတ်လုပ်သွားမယ် လို့ သတင်းတွေ ရှိနေပေမယ့် အခု လက်ရှိထွက်ပေါ်ခဲ့တဲ့ သတင်းကတော့ နည်းပညာ ကို လေ့လာစောင့်ကြည့်နေသူတွေ အတွက် မျက်ခုံးလှုပ်ချင်စရာ သတင်းတစ်ခု ဖြစ်ပါတယ်။

ဆမ်ဆောင်း ဟာ စမတ်ဖုန်းတွေထဲမှာ နည်းပညာအသစ်တွေ ပေါင်းစပ်ထားတဲ့ FingerPrint Scanner ကို ထည့်သွင်းသွားမယ် လို့ ကြောငြာခဲ့ပြီးတာ ကြာမြင့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဧပြီလ မှာSamsung Galaxy Note 8 ရဲ့ သတင်းတွေ နဲ့ ဓါတ်ပုံတွေ ဟာ တရုတ်လူမှုကွန်ယက် တွေ မှာ စတင် ပျံ့နှံ့ခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီ ဓါတ်ပုံတွေ ဟာ အရှေ့ဘက် က ရိုက်ယူထားခဲ့တဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ အဲဒီ မြင်ကွင်း အရ အရှေ့ဘက်မှာ (Finger Print Scanner မပါရှိခဲ့တဲ့အတွက် လေ့လာသူအားလုံး က Note 8 ဟာ နောက်ကျောဘက်မှာ Finger Print Scanner ပါရှိမယ် လို့ ယူဆခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ တရုတ် စာမျက်နှာ တစ်ခု ဖြစ်တဲ့ CNMO မှာ Galaxy Note 8 ရဲ့ ကျောဘက်မြင်ကွင်း အနေအထား ကို ဖော်ပြခဲ့ပြီး Dual Camera ပါဝင်လာနိုင်ဖွယ်ရာ ရှိမှုကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီ မြင်ကွင်းမှာတော့ Finger Print Scanner ဟာ နောက်ကျောဘက်မှာ မပါရှိခဲ့ပါဘူး။

အခု လက်ရှိမြင်တွေ့နေရတဲ့ Note 8 ရဲ့ ပုံရိပ်ဟာ အစစ်အမှန်ဖြစ်မယ်ဆိုရင် နောက်ကျောဘက်မှာ Finger Print Scanner ကို မထားရှိဖူးဆိုပါက အရှေ့ဘက် မျက်နှာစာမှာ သာ Finger Print ကို ထားဖို့ ရှိပါတော့တယ်။ ဒါကြောင့် နည်းပညာ လေ့လာသူ ၊ ဝါသနာရှင်တွေ က iPhone ရဲ့ Lime Light (ရေပန်းစားမှု) ကို ရယူခိုးချထားတယ် လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ (အိုင်ဖုန်း ဟာ Finger Print ကို ဖုန်း ရှေ့မျက်နှာစာ ရဲ့ အောက်တည့်တည့် – ယခင် Home Button နေရာမှာ ထားရှိခဲ့တာ ဟာ သူရဲ့ အမှတ်အသား ပုံစံ ဖြစ်သွားခဲ့တယ် လို့ နည်းပညာရှင်တွေ က ဆိုပါတယ်။) ဆမ်ဆောင်း ကုမ္ပဏီ ဘက် က တော့ အခု ထွက်ရှိတဲ့ ဒီဇိုင်း ခိုးယူမှု သတင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမှ မတုံ့ပြန်သေးဘူး လို့ သိရှိရပါတယ်။

ဒါပေမယ့် ဒီ ဖုန်း ၂ မျိုးစလုံးဟာ မထွက်ရှိသေးပါ။

Ref : BGR

 

 

%d bloggers like this: