Android အတွက် အသုံးဝင်တဲ့ Tips & Tricks များ

Android ဟာ ကမ္ဘာမှာ လူသုံးအများဆုံး Mobile Operating System ဖြစ်တာနဲ့ အညီ စွမ်းဆောင်ချက် အသစ်များကို အစဉ်အမြဲ ထည့်သွင်းပေးနေပါတယ်။ Android မှာ စွမ်းဆောင်ချက်များစွာ ရှိတဲ့အတွက် အားလုံးကို သိနားလည်ဖို့တော့ အချိန်ယူရမှာ ဖြစ်ပါတယ်။ အခု Tutorial မှာတော့ အသုံးဝင်တဲ့ စွမ်းဆောင်ချက်များကို ဖော်ပြလိုက်ပါတယ်။

၁။ App Notification များကို Disable လုပ်ပါ။

သင် သိပ် အသုံးမပြုတဲ့ App မှ Notification များကို မြင်ရတာ စိတ်ရှုပ်ရင်တော့ ပိတ်ထားနိုင်ပါတယ်။ Android 4.1 နဲ့ အထက် ဖုန်းများမှာ အောက်ပါ နည်းအတိုင်း ပြုလုပ်ပါ။

• Notification Bar မှ Notification ကို ဖိထားပါ။
• ပေါ်လာတဲ့ စကရင်မှ App Info ကို နှိပ်ပြီး Show Notification ကို Off လုပ်ပါ။

၂။ မိုဘိုင်းဒေတာ အသုံးပြုမှုကို ကန့်သတ်ပါ။

သင့်ရဲ့ မိုဘိုင်းဒေတာ အသုံးပြုမှုကို လေ့လာစောင့်ကြည့်ပြီး ထိန်းချုပ်ထားမှသာ ငွေကြေး ကုန်ကျမှု သက်သာမှာ ဖြစ်ပါတယ်။

• Settings> Data Usage ထဲသွားပါ။
• သင် တစ်လမှာ သုံးမယ့် ဒေတာ ပမာဏကို အဝါရောင်လိုင်းဖြင့် သတ်မှတ်ပါ။
• သင် ရည်မှန်းထားတဲ့ လရဲ့ အစနဲ့ အဆုံးရက်များကို သတ်မှတ်ပါ။

ဒါဆိုရင် သင် သတ်မှတ်ထားတဲ့ ဒေတာ ပမာဏကို ရောက်ရှိရင် သင့်ကို သတိပေးမှာပါ။

၃။ Google အကောင့်များစွာကို ထည့်သွင်းပါ။

Android ကို သုံးဖို့အတွက် Google အကောင့်တစ်ခု ရှိရင် အဆင်ပြေပါပြီ။ ဒါပေမယ့် သင့်မှာ အကောင့်များစွာ ရှိရင်လည်း ထည့်သွင်းထားနိုင်ပါတယ်။

• Settings> Add account ထဲသွားပါ။
• Google ကို ရွေးချယ်ပြီး သင့်အကောင့်ကို ထည့်သွင်းပါ။
• ပြီးရင် Sync လုပ်ချင်တဲ့ အရာများကို ရွေးချယ်ပေးပါ။

၄။ Automatic App Update များကို ပိတ်ပါ။

သင့်ဖုန်းမှ App များဟာ အလိုအလျှောက် Update ပြုလုပ်နေရင် မိုဘိုင်းဒေတာ ကုန်ကျမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Automatic App Update များကို ပိတ်ထားသင့်ပါတယ်။

• Play Store ကို ဖွင့်ပြီး Settings ထဲသွားပါ။
• Auto-update apps ထဲသွားပါ။
• Do not auto-update apps ကို ရွေးပေးပါ။

ဝိုင်ဖိုင် ဆက်သွယ်မှုကို ရမှသာ Auto Update လုပ်ချင်ရင်လည်း အဲဒီမှာ ရွေးချယ်နိုင်ပါတယ်။

၅။ Android System Update ကို စစ်ဆေးနည်း

သင့်ဖုန်းအတွက် Android OS Update များ ရရှိပြီလားဆိုတာကို စစ်ဆေးချင်ရင် အောက်ပါ နည်းအတိုင်း ပြုလုပ်ပါ။

• Settings> About phone/tablet ထဲသွားပါ။
• System updates ကို နှိပ်ပါ။
• Check now ကို နှိပ်ပါ။

၆။ Default Apps များကို ပြောင်းလဲပါ။

ဝက်ဆိုက်များ ကြည့်ဖို့အတွက် Chrome ကို အသုံးပြုခြင်းလို အလုပ်တစ်ခုအတွက် သုံးမယ့် Default Apps များကို သင်က သတ်မှတ်ထားတယ် ဆိုပါစို့။ Default Apps များကို ပြောင်းလဲချင်ရင် အောက်ပါအတိုင်း ပြုလုပ်ပါ။

• Settings > Apps ထဲသွားပါ။
• All Tab ကို ရွေးချယ်ပါ။
• Default အဖြစ်ကနေ ဖယ်ရှားချင်တဲ့ App ကို ရွေးချယ်ပါ။
• Clear defaults ကို နှိပ်ပါ။

၇။ Animation များကို ပိတ်ပါ။

Animation များကို ပိတ်ခြင်းဖြင့် သင့်ဖုန်းကို လျှင်မြန်စေပါတယ်။ ဒီလို ပိတ်ဖို့အတွက် Settings ထဲမှ Developer Options ကို သုံးရမှာ ဖြစ်ပါတယ်။ သင့်မှာ Developer Options ကို မရသေးရင် Settings ထဲမှ About Devices ထဲမှ Build Number ကို အကြိမ်များစွာ နှိပ်ပေးရမှာ ဖြစ်ပါတယ်။ You are now developer စာသားကို မြင်ရရင်တော့ သင့်အတွက် Settings အောက်မှာ Developer Options ကို သုံးနိုင်ပါပြီ။

Developer Options ထဲမှာ Window animation scale, Transition animation scale နဲ့ Animator duration scale တို့ကို ရှာပြီး Disable လုပ်ပါ။

Ref : hongkiat

%d bloggers like this: