ရော်နယ်ဒို ပုံ ကာဗာနဲ့ ထွက်ရှိလာမယ့် FIFA 2018

EA Sports ရဲ့ FIFA ဘောလုံးဂိမ်း မျိုးဆက်သစ်ဖြစ်တဲ့ FIFA 2018 မှာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ရော်နယ်ဒို ပုံ ကာဗာနဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့သိရပါတယ်။

FIFA 18 ဂိမ်းအသစ်ကို အခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့မှာ တရားဝင် ရောင်းချမှာဖြစ်ပြီး PS4, Xbox One နဲ့ PC တို့အတွက် ထွက်ရှိမှာဖြစ်ကာ Nitendo Switch, PS3 နဲ့ Xbox 360 တို့အတွက်တော့ အခြား version တစ်မျိုးနဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့သိရပါတယ်။

FIFA 18 မှာ storylines အသစ်တွေနဲ့ characters အသစ်တွေ ပါဝင်တဲ့ The Journey ပြန်လည်ပါဝင်လာ မှာဖြစ်တယ်လို့ EA က အတည်ပြုပြောကြားလိုက်ပါတယ်။

FIFA 18 ရဲ့ trailer video မှာလည်း Cover Star ဖြစ်တဲ့ ရော်နယ်ဒို ကို အသားပေးဖော်ပြထားပါတယ်။

EA sports ရဲ့ အတည်ပြုသတင်းတစ်ခုအရ FIFA Ultimate Team Legends ဟာ Xbox One အတွက်ပါဝင်လာမှာမဟုတ်ဘဲ PS4 နဲ့ PC အတွက်သာပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။

%d bloggers like this: