မျက်နှာပြင် ၆ လက်မ၊ RAM 4GB နဲ့ storage 64 GB ပါဝင်တဲ့ အမိုက်စား Windows 10 ဖုန်းကို HP မိတ်ဆက်

HP ဆိုတာ စမတ်ဖုန်းတွေကြားထဲမှာ ကျွန်တော်တို့ မြင်နေ၊ကြားနေကြ နာမည်တစ်ခု မဟုတ်ပါဘူး။ စမတ်ဖုန်းလောကမှာ လူသိနည်းနေတဲ့ HP ဟာ Elite x3 ဆိုတဲ့ ဖုန်းကို စတင်မိတ်ဆက်ပြီး၊ Android တွေပဲ အဓိကကြီးစိုးနေတဲ့ စမတ်ဖုန်းလောကကို ပြောင်းလဲဖို့ ရောက်ရှိလာပါပြီ။

HP Elite x3 ဖုန်းဟာ Windows 10 ဖုန်းတစ်လုံးဖြစ်ပြီး၊ သူ့ရဲ့ specifications အချက်အလက်တွေ ဖတ်ပြီး လန့်မသွားဖို့ ကြိုတင်ပြောချင်ပါတယ်။

Elite x3 ဖုန်းဟာ resolution 2560×1400 pixels (QHD) အရည်အသွေးရှိတဲ့ ၅.၉၆ လက်မအရွယ် မျက်နှာပြင်ပါရှိပြီး၊ နောက်ဆုံးမျိုးဆက် octa-core Snapdragon 820 ပရိုဆက်ဆာကို သုံးထားပါတယ်။ RAM ကလည်း 4GB တောင် ပါတာကြောင့် ဖုန်းစွမ်းဆောင်ရည်ပိုင်းကတော့ အပြစ်ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။

Built-in ပါတဲ့ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှုကလည်း 64 အထိ ရှိတာကြောင့် microSD ကတ် မစိုက်ရင်တောင် စိတ်ကြိုက်ဒေတာတွေ သိမ်းဆည်းနိုင်ပါတယ်။ အကယ်၍ microSD ကတ် ထပ်စိုက်ချင်တယ် ဆိုရင်လည်း 2TB အထိ စိုက်နိုင်ပါတယ်။

ဖုန်းကျောဘက်မှာ လက်ဗွေရာစနစ် ပါဝင်ပြီး၊ ဖုန်းရှေ့ဘက်မှာတော့ မျက်ဝန်းဖတ်စနစ် iris scanner ပါဝင်ကာ၊ ဖုန်းလော့ခ်အဖွင့်အပိတ်ကို မျက်လုံးနဲ့ တင် လုပ်ဆောင်နိုင်ပါတယ်။

ကျောကင်မရာက 16-megapixel ရှိပြီး၊ selfie ရိုက်ကူးဖို့အတွက် 8-megapixel ပါဝင်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 4150 mAh ဘက်ထရီပါဝင်ပြီး၊ ကြိုးမဲ့အားသွင်းနိုင်ပါတယ်။ ဒီ့အပြင် ဖုန်းကိုယ်ထည်ဟာ ဖုန်မှုန့်အတင်ခံ၊ ရေစိုလည်း ခံနိုင်ပါသေးတယ်။

နောက်ထပ်ထူးခြားချက်ကတော့ ဒီဖုန်းကို Windows လက်ပ်တော့တစ်လုံးနဲ့ ချိတ်ဆက်ကာ၊ ဖုန်းကို လက်ပ်တော့မျက်နှာပြင်ပေါ်မှာ အသုံးပြုနိုင်ပြီး၊ မောက်စ်တွေ၊ ကီးဘုတ်တွေနဲ့လည်း ကွန်ပြူတာတစ်လုံးလို အသုံးပြုနိုင်ပါတယ်။

HP Elite x3 ဖုန်းကို ယခုနှစ်နွေရာသီမှာ ဖြန့်ချိသွားမှာဖြစ်ပြီး၊ ဈေးနှုန်းကိုတော့ မကြေငြာရသေးပါဘူး။ Windows OS ပရိတ်သတ်တွေအတွက် စိတ်ကြိုက်တွေ့စေမယ့် စမတ်ဖုန်းဖြစ်ပြီး၊ Windows OS ကို လူကြိုက်များလာမလားဆိုတာ ဒီဖုန်းနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: Phone Dog

 

 

 

 

3 thoughts on “မျက်နှာပြင် ၆ လက်မ၊ RAM 4GB နဲ့ storage 64 GB ပါဝင်တဲ့ အမိုက်စား Windows 10 ဖုန်းကို HP မိတ်ဆက်

  1. ဟုတ် ပစ္စည်းရောက်ရင်ဈေးနှုန်း နေရာ ပြောပြပေးပါ

  2. ဈေးနှုန်းကိုမကြေငြာရသေးပါဘူးခင်ဗျာ။ 🙂

%d bloggers like this: