E3 2017 မှ EA ရဲ့ အကောင်းဆုံး ကြေညာချက် ၅ ခု

Entertainment Software Association က ဗီဒီယို ဂိမ်း နယ်ပယ်အတွက် နှစ်စဉ် ကျင်းပတဲ့ Electronic Entertainment Expo ကို E3 လို့ အတိုကောက် ခေါ်ကြပါတယ်။ ဗီဒီယို ဂိမ်းများ ဖန်တီးနေတဲ့ နာမည်ကျော် Electronic Arts (EA) က ဒီနှစ်မှာလည်း ဂိမ်းအသစ်များကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီအထဲကမှ အကောင်းဆုံး ၅ ခုကို ဖော်ပြလိုက်ပါတယ်။


EA က Prison Break Game တစ်ခုကို ကြေညာ

EA က Brothers: A Tale of Two Sons ကို ဖန်တီးသူ Josef Fares တည်ထောင်တဲ့ Hazelight Studio မှ ဂိမ်းအသစ်တစ်ခု ဖြစ်တဲ့ A Way Out ကို ဖြန့်ချီမှာဖြစ်ပါတယ်။ A Way Out ဟာ Split-Screen ကစားရတဲ့ ထောင်ဖောက်ပြေးတဲ့ ဂိမ်း ဖြစ်ပါတယ်။

Mass Effect ဖန်တီးသူများက နောက်ထုတ်မယ့် ပရောဂျက်ကို ကြေညာ


BioWare Edmonton က Activision’s Destiny လို ဂိမ်းမျိုးကို ယှဉ်ပြိုင်မယ့် ပရောဂျက် အသစ်တစ်ခုကို ဖန်တီးနေပါတယ်။ အဲဒီ ဂိမ်းကို Anthem လို့ အမည်ပေးထားပြီး E3 မှာ Trailer ကို ပြသခဲ့ပါတယ်။

Star Wars Battlefront II မှ Darth Maul ရဲ့ အဖျက်စွမ်းအားကို ပြသ

EA က Star Wars: Battlerfront II နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကိုလည်း ပြောကြားခဲ့ပါတယ်။ ၂၀၁၅ ထုတ် အက်ရှင်ဂိမ်းရဲ့ အဆက်ဖြစ်ပြီး Star Wars: Episode I – The Phantom Menace မှ ဇာတ်ကောင်များ ပါဝင်ပါတယ်။ Darth Maul ရဲ့ အဖျက်စွမ်းအားကလည်း ပြင်းထန်လာပါတယ်။

Madden NFL မှာ Story Mode ပါလာ

Madden NFL 18 မှာ Longshot အမည်ရ Story Mode ပါလာပါတယ်။ NFL မှာ ကစားချင်တဲ့ လူငယ်လေး Devin Wade ဖြင့် ဇာတ်အိမ်တည်ထားပါတယ်။ Devin ရဲ့ ဖခင် Cutter နေရာမှာ Moonlight Oscar Winner ဖြစ်သူ Mahershala Ali က သရုပ်ဆောင်ထားပါတယ်။

Need for Speed Playback ဟာ Fast & Furious ရုပ်ရှင်ကို တုပထား

နာမည်ကျော် Fast & Furious ရုပ်ရှင်ကားမှ ပေါက်ကွဲမှုများ၊ သူငယ်ချင်း သံယောဇဉ်များကို Need for Speed မှာ မြင်တွေ့ရပါတယ်။ Need for Speed ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Fast & Furious နဲ့ ဆင်တူအောင် ကြိုးစားလာခဲ့ပေမယ့် ဂိမ်းအသစ်မှာတော့ အလုံးစုံ တုပထားပါတယ်။

ref : theverge

%d bloggers like this: