ASUS Notebook များဖြန့်ချိရန်အတွက် ASUS, KMD နှင့် GPT တို့သဘောတူလက်မှတ်ရေးထိုး

ASUS Notebook များကို ပြည်တွင်းဈေးကွက်အတွင်းသို့ ဖြန့်ချိနိုင်ဖို့အတွက် KMD , GPT (Golden Power Technology) တို့နှင့် သဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့သိရပါတယ်။

အခုလို ASUS product များအတွက် တရားဝင် ဖြန့်ချိရေး ကိုယ်စားလှယ်များအဖြစ် KMD နဲ့ GPT တို့နှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်တဲ့အပြင် KMD ကလည်း ASUS ရဲ့ Mobile နဲ့ IT product များအတွက် Authorized Service Center အဖြစ် ဝန်ဆောင်မှုပေးအပ်တော့မှာဖြစ်တယ်ပါတယ်။

 

အဆိုပါ သဘောတူလက်မှတ်ရေးထိုးခြင်းနဲ့ပတ်သတ်ပြီး Media များနဲ့ Dealer များကို မိတ်ဆက်ပေးတဲ့အနေနဲ့ ASUS ZEN NIGHT 2017 ပွဲကို ပြီးခဲ့တဲ့ စနေနေ့က Novotel Hotel ပုသိမ်ခန်းမမှာ ကျင်းပခဲ့ပြီး ASUS ရဲ့ Company Profile ၊ ASUS Laptop အသစ်များအကြောင်းနဲ့ KMD ၊ GPT တို့နဲ့ ပူးပေါင်းဖြစ်ခဲ့တဲ့ အကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။

dav

ASUS ရဲ့ Indochina Regional Head ဖြစ်သူ Mr. Jeff Lo ၊ KMD ရဲ့ CEO ဖြစ်သူ Mr. Ronald Aung Moe Shwe နဲ့ GPT ရဲ့ Director ဖြစ်သူ Mr. Thant Zin Htwe တို့မှ အမှာစကားများကို အသီးသီးပြောကြားခဲ့ကြပြီး ကြွရောက်လာတဲ့ Media များနဲ့ Dealer များကို ညစာစားပွဲ၊ အကအလှအစီအစဉ်၊ ကံစမ်းမဲ အစီအစဉ်တို့ဖြင့် ဧည့်ခံကာ အခံအနားကို ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

%d bloggers like this: