သိန်း ၂၀ တန် Samsung ရဲ့ ၄၉ လက်မ မျက်နှာပြင်ကွေး မော်နီတာ

Samsung က ပြီးခဲ့တဲ့ သောကြာနေ့က ၄၉ လက်မအရွယ် QLED Gaming Monitor ကို ပြသလိုက်ပါတယ်။ CHG90 လို့ အမည်ပေးထားပြီး တီဗီတစ်လုံးနဲ့တောင် ဆင်တူပါတယ်။ သူ့မှာ တီဗီများမှာ ပါတဲ့ HDR နည်းပညာ ပါပြီး အရောင်နဲ့ ကြည်လင်ပြတ်သားမှုအပိုင်းမှာ ပိုမို ကောင်းမွန်ပါတယ်။ အဲဒီအတွက် ဂိမ်းများ ကစားရင် အလွန် ကောင်းမွန်ပါတယ်။

“ ဂိမ်မာများဟာ ကစားတဲ့ အခါမှာ အလွန် စီးမျောချင်ကြပြီး ကျွန်တော်တို့ မော်နီတာများက အကောင်းဆုံး ဂိမ်း အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ အလွန် ကောင်းတဲ့ ရုပ်ထွက်များကို ပံ့ပိုးပေးပါတယ်။ ဒီ QLED Gaming Monitors များဟာ အပျော်တမ်း သာမက ပရော်ဖက်ရှင်နယ် ကစားသမား အားလုံးအတွက် အနာဂတ်မှာ မရှိမဖြစ် မော်နီတာ ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အဆင့်မြင့် စွမ်းရည်များက ဂိမ်း နယ်ပယ်ကို တိုးတက်စေမယ်လို့ ယုံကြည်ပါတယ်။ “ လို့ Samsung ရဲ့ ထုတ်ကုန် ဈေးကွက်ဖြန့်ချီရေး ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Andrew Sivori က ပြောပါတယ်။

CHG90 ဟာ 32:9 Aspect Ratio ဖြစ်တဲ့အတွက် Game Scenes အပြည့်အဝကို မြင်ရမှာ ဖြစ်ပါတယ်။ 1800R Curvature နဲ့ 178-Degree Viewing Angle ဖြစ်တဲ့အတွက် မော်နီတာငယ်များကို ပေါင်းစပ်ထားသလိုမျိုးနဲ့ ဆင်တူပါတယ်။ Samsung က First-Person Action Games များအတွက် မော်နီတာက အကောင်းဆုံးလို့ ပြောပါတယ်။ ၄၉ လက်မ မော်နီတာကို ၁၄၉၉ ဒေါ်လာ ၊ ၃၂ လက်မကို ၆၉၉ ဒေါ်လာနဲ့ ၂၇ လက်မကို ၅၉၉ ဒေါ်လာဖြင့် ရောင်းချပေးမှာပါ။

ref : mashable

%d bloggers like this: