Microsoft က Xbox One X ကို မိတ်ဆက်

Microsoft က E3 ပွဲမှာ Xbox One X ကို ပြသလိုက်ပါတယ်။ အဲဒီ ဂိမ်းစက်ကို အရင်က Project Scorpio လို့ ခေါ်ကြပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ အမေရိကန်တွင် ၄၉၉ ဒေါ်လာဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဗြိတိန်မှာတော့ စတာလင်ပေါင် ၄၄၉ သတ်မှတ်ထားပါတယ်။

Xbox One X မှာ 2.3GHz x86 Cores ပေါင်း ၈ လုံးပါတဲ့ Custom Processor ထည့်သွင်းထားပါတယ်။ Graphics Chip မှာ 1172MHz အမြန်နှုန်း ရှိတဲ့ Compute Units ပေါင်း ၄၀ ပါပါတယ်။ Xbox One X ဟာ Graphic Power အပိုင်းမှာ 4.2 Teraflops ပါတဲ့ အဓိက ပြိုင်ဖက် PlayStation 4 Pro ထက် ပိုမိုမြင့်မားတဲ့ 6 Teraflops ထည့်သွင်းထားပါတယ်။ 12GB DDR5 RAM ထည့်သွင်းထားပြီး Memory Bandwidth မှာ 326GB/s ဖြစ်ပါတယ်။ 1TB Hard Drive ပါရှိပြီး Solid State Drive မဟုတ်ပါဘူး။ 4K Ultra HD Blu-ray Player ပါတဲ့အတွက် 4K Movies များကို ကြည့်နိုင်ပါတယ်။

Xbox One X မှာ Xbox One ရဲ့ ဂိမ်းများနဲ့ Accessories များအားလုံးကို အသုံးပြုနိုင်ပါတယ်။ Forza Motorsport 7 လို ဂိမ်းအသစ်ဟာ တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် 4K ကို ပံ့ပိုးပေးနိုင်ပါတယ်။ အတွင်းပိုင်း အအေးပေးစနစ် အသစ်ကြောင့် Xbox One S ထက် ပိုမို မြန်ဆန်၊ စွမ်းရည်မြင့်မားပေမယ့် Xbox One X ဟာ ပိုမိုကျစ်လစ်သေးငယ်ပါတယ်။

ref : pocket-lint , theverge

%d bloggers like this: