154 Shares 94 Views

တရုတ် အစိုးရက ဆယ်လီ အကောင့်အတုများကို ပိတ်ပင်နေ

Jun 11, 2017
154 94

Beijing Cyberspace Administration (BCA) က လူမှုကွန်ရက်များမှ ဆယ်လီ အကောင့်အတုပေါင်း ၆၀ လောက်ကို ပိတ်ပစ်လိုက်တယ်လို့ Reuters က ရေးသားထားပါတယ်။ BCA က သတင်းမှားများကို ဖြန့်ဝေနေတဲ့ အကောင့်များကို ပိတ်ပင်ဖို့ Tencent နဲ့ Baidu တို့လို အင်တာနက် ကုမ္ပဏီများကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Reuters ရဲ့ သတင်းအရ Beijing Cyberspace Administration ရဲ့ လူမှုကွန်ရက် အကောင့်မှာ ၀က်ဆိုက်များဟာ လူအများ အထင်မှားစေမယ့် ဆယ်လီများရဲ့ လိင်ကိစ္စနဲ့ ဆိုင်တဲ့ ပို့စ်များကို တင်ရာမှာ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီလို ပို့စ်များဟာ အများပြည်သူအတွက် ကောင်းကျိုး မရှိဘူးလို့ ရေးသားထားပါတယ်။

လွန်ခဲ့တဲ့လမှာ Cyberspace Administration of China (CAC) က မီဒီယာများ တင်နိုင်မယ့် ပို့စ်များနဲ့ ပတ်သက်၍ နည်းဥပဒေ အသစ်များ ပြဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေများအရ သတင်းမီဒီယာများဟာ အစိုးရ လိုင်စင် ရှိရမှာ ဖြစ်ပြီး အစိုးရက ခွင့်ပြုထားတဲ့ အယ်ဒီတာများ ရှိရမှာ ဖြစ်တယ်လို့ BBC က ရေးသားထားပါတယ်။

BCA က တရုတ်ရဲ့ အကြီးမားဆုံး အင်တာနက် ကုမ္ပဏီများနဲ့ ဆွေးနွေးပွဲမှာ နိုင်ငံသားတိုင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ သို့မဟုတ် ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ ၀က်ဆိုက်များကတာဝန်ယူရမယ့် ဥပဒေ အသစ်ကို ကြေညာခဲ့တယ်လို့ သိရပါတယ်။ တရုတ် အစိုးရဟာ လုံခြုံရေးအတွက် ဥပဒေအသစ်များကို ပြဌာန်းလိုက်တယ်ဆိုပေမယ့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ထိခိုက်စေမှုအား ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို မသိရသေးပါဘူး။

REF : THEVERGE

You may be interested

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
0 shares0 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်
NEWS, Tech Update
81 shares21 views

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်

Ko Thuya - Oct 18, 2017

3D နဲ့ပရင့်ပြုလုပ်ခြင်းနည်းပညာဟာ အခုနောက်ပိုင်းမှာ အတော်ကြီးခေတ်စားလာခဲ့ပါတယ်။ လူပုံစံရုပ်တွေကစ လို့ အရာဝတ္ထူပုံတူတွေထုတ်လုပ်ခြင်း၊ အဆောက်အအုံပြုလုပ်ခြင်းတွေ တဖြည်းဖြည်းနဲ့ ပြလုပ်လာခဲ့တာဟာ အခုဆိုရင် 3D Print ထုတ်ပြီးဆောက်လုပ်ထားတဲ့ တံတားအဆင့်ထိတောင်ရောက်လာခဲ့ပါပြီ။ နယ်သာလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဂျီမတ်မြို့လေးမှာ တံတားအတိုလေးတံစင်းကို ပြုလုပ်ဖွင့်လှစ်ခဲ့တာပါ။ စက်ဘီးတွေစီးနင်းပြီးဖွင့်လှစ်ခဲ့တဲ့ ဒီပွဲမှာ Eindhoven…

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ
Android, HUBS, Mobiles & Tablets
342 shares19 views

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ

Ko Thuya - Oct 18, 2017

အမေရိကန် လူမျိုးများဟာ အခြား ထုတ်ကုန်များထက် Apple ထုတ်ကုန်များကို ပိုမို စွဲလမ်းနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ CNBC ရဲ့ All-American Economic စစ်တမ်းက ပျမ်းမျှအားဖြင့် အမေရိကန် အိမ်ထောင်စုတစ်ခုမှာ Apple ထုတ်ကုန် ၂.၆ ခု ပိုင်ဆိုင်တယ်လို့…

Most from this category