0 Shares 61 Views

စမတ်ဖုန်းလောကကို ပြောင်းလဲပစ်မယ့် LG G5

Feb 22, 2016
0 61

မနေ့က ကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) ပွဲမှာ LG ဟာ တောင်ကိုရီးယား အီလက်ထရောနစ်ပစ္စည်းကုမ္ပဏီ LG ဟာ နောက်ဆုံးမျိုးဆက်သစ် LG G5 ဖုန်းကို စတင်မိတ်ဆက် ပြသခဲ့ပါတယ်။

ဒီဖုန်းဟာ ပြိုင်ဘက် Samsung ရဲ့ Galaxy S7 နဲ့ Apple ရဲ့ iPhone 7 တို့ကို အဓိကယှဉ်ပြိုင်မယ့်ဖုန်းဖြစ်ပြီး၊ ထူးခြားဆန်းသစ်မှုများစွာကို ပြုလုပ်ထားတဲ့ဖုန်းလည်းဖြစ်ပါတယ်။

LG G2 ဖုန်းကနေ စမတ်ဖုန်းလောကမှာ စတင်နာမည်ရလာခဲ့တဲ့ LG ဟာ ယခု LG G5 ဖုန်းကို တစ်ကမ္ဘာလုံးက ဘယ်စမတ်ဖုန်းတွေနဲ့မှ မတူအောင်ပြုလုပ်ထားတာကို တွေ့ရပါတယ်။

ဒီဇိုင်းပိုင်းမှာ ခြစ်ရာပွန်းရာတွေမထင်နိုင်အောင်လို့ သတ္တုကိုယ်ထည်အဖြစ် ပြောင်းလဲခဲ့သလို၊ နောက်ထပ်အပိုပစ္စည်းမော်ဂျူးတွေကို ဖုန်းနဲ့ ချိတ်ဆက်ကာသုံးနိုင်တဲ့ ‘modular design’ (သို့) expansion slot ကိုလည်း LG G5 ဖုန်းမှာ ထည့်သွင်းထားပါတယ်။ ယခုလိုဖုန်းထဲကို နောက်ထပ်ဆက်စပ်အပိုပစ္စည်းတွေ ထည့်သွင်းအသုံးပြုနိုင်တဲ့ဒီဇိုင်းဟာ စမတ်ဖုန်းလောကရဲ့ ပထမဦးဆုံးဒီဇိုင်းလို့ ဆိုနိုင်ပြီး၊ စမတ်ဖုန်းလောကကို ပြောင်းလဲပစ်နိုင်မယ့်ဒီဇိုင်းလို့လည်း ဆိုနိုင်ပါတယ်။

lg_g5_4

LG G5 ဖုန်းရဲ့ မျက်နှာပြင်ဟာ ၅.၃ လက်မရှိပြီး၊ အကြမ်းခံတဲ့ Gorilla Glass 4 ဖန်သားပြင်ကို အသုံးပြုထားပါတယ်။ resolution က 2560×1440 QHD အရည်အသွေးရှိပြီး စမတ်ဖုန်းတွေထဲမှာ resolution အမြင့်ဆုံးဖုန်းတစ်လုံးလို့ ပြောရမှာပါ။

နောက်ဆုံးပေါ် Qualcomm Snapdragon 820 ပရိုဆက်ဆာကိုအသုံးပြုထားပြီး၊ RAM က 4GB အထိ ရှိပါတယ်။ Internal Storage (ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု) 32 GB ပါရှိပြီး၊ microSD ကတ် ထပ်စိုက်နိုင်ပါတယ် Android နောက်ဆုံးမျိုးဆက် Marshmallow ကိုအသုံးပြုထားပြီး၊ ဘက်ထရီပမာဏကတော့ 2800 mAh ပါ။

ဖုန်းနောက်ကျော်မှာ လက်ဗွေရာဖတ်စကင်နာပါဝင်ပြီး၊ USB Type-C  NFC ၊ Bluetooth 4.2 ၊ Wi-Fi စတာတွေချိတ်ဆက်အသုံးပြု နိုင်ပါတယ်။

lg-g5-mwc-201602-20_1019vlad-savov-1.0

 

G5 ဖုန်းရဲ့ ပထမဆုံးထူးခြားချက်

G5 ဖုန်းရဲ့ ပထမဆုံးထူးခြားချက်ကတော့ ‘Always-on display’ ပါ။ အမြဲပွင့်နေတဲ့မျက်နှာပြင်လို့ အဓိပ္ပါယ် ပြန်ဆိုနိုင်ပြီး၊ အချိန်နာရီ၊ ဘက်ထရီရာခိုင်နှုန်း၊ မက်ဆေ့အ၀င် စတဲ့ notifications တွေကို စမတ်ဖုန်း မျက်နှာပြင်ကိုဖွင့်စရာမလိုဘဲ ကြည့်ရှုနိုင်ပါတယ်။ အချိန်သိဖို့အတွက် ဖုန်းမျက်နှာပြင်ကို လင်းအောင် လုပ်စရာမလိုတော့တဲ့အတွက် ဘက်ထရီကုန်တာ တော်တော်သက်သာသွားပြီး၊ ဖုန်းကြာကြာသုံးနိုင်မှာ ဖြစ်ပါတယ်။

lg-g5-mwc-201602-20_1019vlad-savov.0

 

G5 ဖုန်းရဲ့ ဒုတိယထူးခြားချက်

G5 ဖုန်းရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ကျောကင်မရာနှစ်လုံးပါဝင်လာတာပါ။ ၇၈ ဒီဂရီရိုက်ကူးနိုင်တဲ့ 16 MP ကင်မရာတစ်လုံးပါရှိပြီး၊ ၁၃၅ ဒီဂရီအကျယ်ရိုက်ကူးနိုင်တဲ့ 8MP ကင်မရာတစ်လုံး၊ စုစုပေါင်း နှစ်လုံးပါဝင်လာပါတယ်။ LG ကတော့ ဒီဖုန်းဟာ စမတ်ဖုန်းတွေအားလုံးထဲမှာ မြင်ကွင်းအကျယ်ဆုံး ရိုက်ကူးနိုင်တဲ့ဖုန်းဖြစ်တယ်လို့ ဆိုပါတယ်။ ရှေ့ကင်မရာက 8MP ဖြစ်ပြီး အရည်အသွေးမြင့် selfie ပုံတွေ ရိုက်ကူးနိုင်ပါတယ်။

lg-g5-mwc-201602-20_1139vlad-savov

 

အဓိကထူးခြားချက်

စမတ်ဖုန်းလောကကိုပြောင်းလဲနိုင်မယ့်ဖုန်းလို့ ဆိုခဲ့သလိုပဲ G5 ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ ဖုန်းထဲထည့်သုံးရတဲ့ မော်ဂျူးတွေနဲ့၊ ဖုန်းနဲ့ ချိတ်ဆက်ကာ သုံးရတဲ့ ဆက်စပ်ပစ္စည်းတွေ ပါဝင်လာခြင်းပါ။

LG ဟာ MWC ပွဲမှာပဲ G5 ဖုန်းကို မိတ်ဆက်ရင်းနဲ့ အောက်ဖော်ပြပါဆက်စပ်ပစ္စည်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီထဲက ပစ္စည်းနှစ်မျိုးဟာ မော်ဂျူးပစ္စည်းတွေဖြစ်ပြီး၊ ဖုန်းကိုယ်ထည်ထဲ ထည့်သုံးရတာ ဖြစ်ပါတယ်။

LG_G5_accessories

  • LG Cam Plus

G5 ဖုန်းရဲ့ အောက်ဘေးဘက်နားမှာ ခလုတ်လေးတစ်ခုပါရှိပြီး၊ ဒီခလုတ်ကိုနှိပ်လိုက်တာနဲ့ ဘက်ထရီကို ဖုန်းကိုယ်ထည်အတွင်းက ဘက်ထရီကို ဆွဲဖြုတ်နိုင်ပါတယ်။ ထို့နောက် ဘက်ထရီနဲ့အတူ ဆွဲဖြုတ်ထားတဲ့ ဖုန်းအောက်ခံကိုယ်ထည်မှာ ယခု LG Cam Plus ကင်မရာမော်ဂျူးကို ချိတ်ဆက်ပြီး၊ ဖုန်းထဲ ပြန်ထည့်လိုက်တာနဲ့ သင့်ဖုန်းကို ပရော်ဖက်ရှင်နယ်ကင်မရာတစ်လုံးလို ရိုက်ကူးနိုင်ပါတယ်။ ဒီမော်ဂျူးမှာ 1200 mAh ဘက်ထရီသီးသန့်ပါရှိပြီး၊ shutter ခလုတ်၊ zoom အကျုံ့အချဲ့ခလုတ်၊ record ခလုတ် စတဲ့ physical ခလုတ်တွေပါဝင်ပါတယ်။

lg-g5-mwc-201602-20_1121vlad-savov

  • LG Hi-Fi Plus

ဒီပစ္စည်းကလည်း ဖုန်းထဲထည့်သုံးရတဲ့ပစ္စည်းဖြစ်ပြီး၊ Hi-Fi စပီကာတစ်ခုဖြစ်ပါတယ်။ Cam Plus ထည့်လိုက်ရင် ဖုန်းပုံစံကပြောင်းသွားပေမယ့်၊ ဒီမော်ဂျူးကတော့ ဖုန်းပုံစံပျက်ယွင်းမှုမရှိပါဘူး။

lg-hi-fi-plus-002

 

  • 360 ကင်မရာ

အထက်ပါမော်ဂျူးနှစ်ခုပဲ ဖုန်းထဲထည့်သုံးရတာဖြစ်ပြီး အောက်ဖော်ပြပါတွေကတော့ ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့ စမတ်ပစ္စည်းတွေဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို LG က ‘LG Friends’ လို့ အမည်ပေးထားပါတယ်။

360 ကင်မရာမှာ 13 MP မြင်ကွင်းကျယ်ကင်မရာနှစ်ခု ပါရှိပြီး၊ memory 4GB ပါ ပါဝင်ပါတယ်။ ၃၆၀ ဒီဂရီဗီဒီယိုတွေ၊ဓာတ်ပုံတွေကို ရိုက်ကူးနိုင်သလို၊ မိုက်ခရိုဖုန်း သုံးခုလည်းပါဝင်တာကြောင့် 5.1 ပတ်လည်ပြေးအသံတွေပါ သွင်းယူနိုင်ပါတယ်။

  • 360 VR headset

G5 ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ VR headset ဖြစ်ပါတယ်။ G5 ဖုန်းနဲ့သာသုံးလို့ရပြီး တခြားဖုန်းတွေနဲ့ တော့ သုံးရမှာမဟုတ်ပါဘူး။ LG 360 ကင်မရာနဲ့ ရိုက်ထားတာတွေကို ဒီ headset ကနေ အဆင်သင့် ပြန်ကြည့်နိုင်မှာပါ။

  • Rolling Bot စက်ရုပ်

ဒါကတော့ စက်ရုပ်၊ကင်မရာ၊ဘောလုံး သုံးခုစပ်ပစ္စည်းဖြစ်ပါတယ်။ G5 app ကနေ ဒီစက်ရုပ်ကို ထိန်းချုပ်ကာ၊ ရုပ်သံ၊ဗီဒီယိုတွေရိုက်ကူးနိုင်ပါတယ်။ LG ရဲ့ အဆိုအရ ဒီစက်ရုပ်ဟာ ကစားစရာပစ္စည်း တစ်ခုသက်သက်မဟုတ်ဘဲ၊ အိမ်တွင်းလုံခြုံရေးအတွက်ပါ သုံးနိုင်တယ်လို့ သိရပါတယ်။

  • H3 by B&O Play

နည်းပညာမြင့်ကြိုးမဲ့နားကြပ်ဖြစ်ပြီး၊ 32-bit အသံကို ပေးစွမ်းနိုင်ပါတယ်။ တခြားဆက်စပ်ပစ္စည်းတွေနဲ့ မတူတာကတော့ တခြား LG စမတ်ဖုန်းတွေမှာလည်း ဒီနားကြပ်ကို အသုံးပြုနိုင်ပါတယ်။

‘LG Friends’ တွေကို LG G5 ဖုန်းရဲ့ Friends Manager app ကနေ ထိန်းချုပ်ရမှာဖြစ်ပြီး၊ LG အနေနဲ့ G5 ဖုန်းနဲ့ သုံးနိုင်မယ့် နောက်ထပ်စမတ်ပစ္စည်းတွေကို ထပ်မံမိတ်ဆက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ G5 ဖုန်းဈေးနဲ့ ၀ယ်ယူနိုင်မယ့်ရက်တို့ကို ကြေငြာရခြင်းမရှိသေးပါဘူး။

Ref: Cnet, Venturebeat, The Verge

 

 

 

 

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category