0 Shares 178 Views

အပျံစားလုပ်ဆောင်ချက်တွေဖွဲ့စည်းပါဝင်လာတဲ့ Samsung ရဲ့ Galaxy S7 နဲ့ S7 Edge

Feb 22, 2016
0 178

Samsung ဟာ ထွက်ရှိခဲ့တဲ့ သတင်းတွေအတိုင်းပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာပြုလုပ်နေတဲ့ ကမ္ဘာ့မိုဘိုင်းကွန်ဂရက်မှာ သူတို့ရဲ့အဓိကစမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Samsung Galaxy S7
နဲ့ Samsung Galaxy S7 Edge ညီအကိုဖုန်းတွေကို စတင်မိတ်ဆက်ပြသခဲ့ပါတယ်။ ရေစိမ်ခံနိုင်တဲ့ဒီဇိုင်း၊ SD ကတ်စိုက်ရမယ့် Slot နဲ့ ၁၃နာရီတိုင်တိုင် HD Video တွေ ကြည့်နိုင်စွမ်းတွေက ထပ်မံပါဝင်လာတဲ့ Feature တွေဖြစ်ပါတယ်။ လာမယ့် မတ်လ ၁၁ရက်နေ့မှာ စတင်ရောင်းချမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဇိုင်း

ဒီဇိုင်းပိုင်းကနေပြီးတော့ ကြည့်မယ်ဆိုရင် Galaxy S7 နဲ့ S7 Edge တို့ဟာ အလူမီနီယမ်၊ ဖန် တို့နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာကိုတွေ့ရပြီး အရင်ထွက်ခဲ့တဲ့ S6 ညီနောင်ဖုန်းနဲ့ အတော်ကို ဆင်တူတာတွေ့ရပါတယ်။ S7 ဟာ မျက်နှာပြင်အရွယ်အစား ၅.၁လက်မ ရှိလို့ S6 နဲ့ အတူတူပဲဖြစ်ပါတယ်။ S7 Edge ကတော့ ၅.၅ လက်မမျက်နှာပြင်ပါဝင်လာခဲ့ပြီး အရင်ထုတ်ခဲ့တဲ့ S6 Edge ၅.၁လက်မနဲ့ S6 Edge+ ၅.၇ လက်မတို့ရဲ့ မျက်နှာပြင်တို့ကြားထဲမှာရှိလို့ အနေတော် အရွယ်အစား အဖြစ်ရှိနေတာဖြစ်ပါတယ်။

S7 Edge ဟာ “3D Thermo-forming” နည်းပညာကို အသုံးပြုပြီးထုတ်လုပ်ထားတာကြောင့် ဖုန်းရဲ့ ဘေးနှစ်ဘက်မှာတင်ကွေးရုံသာမက ဖုန်းရဲ့အပေါ်ဘက်ရောအောက်ဘက်ကိုပါ ကွေးအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။

galaxy s7 & s7 edge 1

Caption ဖုန်းစခရင်ပတ်ပတ်လည်ကိုအကွေးပုံစံပြုလုပ်ထားသည့် Galaxy S7 Edge

အရင်တုန်းက Galaxy S7 နဲ့ S7 Edge ဟာ ရေစိမ်ခံမယ်လို့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ S7 ညီနောင်ဟာ ရေစိမ်ခံနည်းပညာ ပါဝင်ထည့်သွင်း တည်ဆောက်ထားခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ပြီးခဲ့တဲ့ S5 မှာတုန်းက ထည့်သွင်းခဲ့ဖူးပြီး နောက်ထပ်ထွက်ခဲ့တဲ့ S6 မှာတော့ ထည့်သွင်းထားခြင်းမရှိတာဖြစ်ပါတယ်။ ဖုန်းတွေဟာ ရေအနက်၁.၅ မီတာ မှာ မိနစ်သုံးဆယ်ထိခံနိုင်ရည်ရှိပြီး IP68 အထိ Rating ရှိတာပါ။

Storage နှင့် Memory

တွေ့ရှိချက်တွေအရ S7 နဲ့ S7 Edge တို့ဟာ အရင် ထွက်ခဲ့တဲ့ S6 ထက် CPU နဲ့ GPU ပိုင်းမှာသာလွန်တာတွေ့ရပြီး မယုံနိုင်စရာ 4GB အထိ RAM ပမာဏပါဝင်လာတာတွေ့ရပါတယ်။ Samsung ဟာ နောက်ထပ် Memory ပမာဏကို ထပ်မံချဲ့ထွင်လို့ရအောင် ပြုလုပ်ထားခဲ့ပြီး S6 မှာ SD ကတ် Slot ကိုဖျောက်ထားခဲ့လို့ ဝေဖန်သံတွေဆူညံခဲ့တာကို ပြန်လည်ပြင်ဆင်ထားတာလည်း ဖြစ်နိုင်ပါတယ်။ Internal Storage အနေနဲ့ 32 GB အထိရှိပြီး နောက်ထပ် SD ကတ်ကို အများဆုံးပမာဏဖြစ်တဲ့ 200GB အထိ ထပ်မံချဲ့ထွင်လို့ရတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

galaxy s7 & s7 edge 2

Galaxy S7 နဲ့ S7 Edge တို့ရဲ့ကျောဘက်ပိုင်းကို ပါးပါးလေးကွေးထားတာတွေ့ရ

Software

ဆော့ဖ်ဝဲပိုင်းမှာဆိုရင်လည်း နောက်ဆုံးပေါ်နည်းပညာတွေကိုပဲ ထည့်သွင်းထားတာကိုတွေ့ရမှာပါ။ အသစ်ထွက်ထားတဲ့ Always-on Display ဆိုတဲ့ လုပ်ဆောင်ချက်ကို Samsung ကမိတ်ဆက်ခဲ့ပြီး သင့်အနေနဲ့ အချိန်တွေ၊ ပြက္ကဒိန် စတဲ့အချက်တွေကို ဖုန်းဖွင့်စရာမလိုပဲ မျက်နှာပြင်မှာ တွေ့နေရမှာဖြစ်ပါတယ်။

အသစ်ပါဝင်လာသည့် နည်းပညာအသစ် Always-on Display

အသစ်ပါဝင်လာသည့် နည်းပညာအသစ် Always-on Display

 

Samsung က အရင်က S7 နဲ့ S7 Edge မှာ ဘက်ထရီကိုချွေတာနိုင်မယ့် Always-on Display ကိုစတင်တပ်ဆင်မယ်လို့ ပြောခဲ့တဲ့အတိုင်း ပါဝင်လာတာဖြစ်ပါတယ်။ S7 နဲ့ S7 Edge တို့ဟာ AMOLED မျက်နှာပြင်ကို တပ်ဆင်ထားတာဖြစ်ပြီး Always-On Display လုပ်ဆောင်ချက်ကြောင့် တစ်နာရီမှာ ဘက်ထရီပမာဏ တစ်ရာခိုင်နှုန်းသာစားမှာဖြစ်ပါတယ်။

S7 Edge ဟာ ပြီးခဲ့တဲ့ Edge လိုမျိုးပဲ အထူးပြုလုပ်ထားတဲ့ မျက်နှာပြင်ကွေးနည်းပညာကိုထည့်သွင်းထားပြီး ညာဘက်ခြမ်းက အကွေးကိုဆွဲလိုက်ရင် App တွေ၊ contact တွေ တခြားအရာတွေကို အမြန်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

galaxy s7 & s7 edge 4

Camera

အံ့အားသင့်ဖို့ကောင်းတဲ့အချက်တစ်ချက်ကတော့ Galaxy S6 တုန်းက 16-Megapixels ရှိတဲ့ ကင်မရာအရည်အသွေးကို S7 မှာ 12-Megapixels အထိလျှော့ချလိုက်တာပါပဲ။ ဒါပေမယ့်လည်း ကုမ္ပဏီကတော့ ကင်မရာပိုင်းမှာ တခြားထပ်တိုးထားတဲ့ အရာတွေရှိသေးပြီး ဓာတ်ပုံအရည်အသွေးကို အနှုတ်လက္ခဏာဆောင်စေမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

galaxy s7 & s7 edge 5

Galaxy S7 ညီနောင်ဖုန်းတွေမှာ အလင်းကောင်းကောင်းမရတဲ့အချိန်မှာ ပုံတွေကောင်းကောင်းရိုက်နိုင်အောင် အဓိကထားပြီး ထုတ်လုပ်ထားခဲ့တယ်လို့ Samsung ကဆိုခဲ့ပြီး aperture ကို ၁.၇ မီလီမီတာမှာ ၂၅ ရာခိုင်နှုန်း နဲ့ မှန်ဘီလူးထဲမှာရှိတဲ့ Pixels အရည်အသွေးကိုလည်း တိုးမြှင့်ထားပြီး အလင်းပမာဏ ၅၆ ရာခိုင်နှုန်းထိပိုမိုရရှိစေမှာဖြစ်ပါတယ်။

galaxy s7 & s7 edge 8

Galaxy S7 စမ်းသပ်ချက်တစ်ခု

Battery နဲ့ အားသွင်းမှု

ဘက်ထရီကတော့ တကယ်ကို နောက်တစ်ဆင့်ကိုရောက်အောင်ဖန်တီးထားတဲ့ ဘက်ထရီတစ်မျိုးလို့ဆိုရမှာဖြစ်ပါတယ်။ S6 မှာတုန်းက 2500mAh ရှိခဲ့တဲ့ ဘက်ထရီဟာ S7 မှာ 3000 mAh အထိချဲ့ထားပြီး S7 Edge ဆိုရင် 3600 mAh အထိချဲ့ထွင်ထားတာပါ။ HD ဗီဒီယိုတွေကြည့်မယ်ဆိုရင် ၁၃နာရီအထိ တောက်လျှောက်ခံနိုင်ရည်ရှိမှာ ဖြစ်ပြီး သင့်အနေနဲ့ အားတစ်ခါသွင်းထားပြီး Game Of Thrones Season တစ်ခုလုံးစာ ကြည့်နိုင်တာဖြစ်ပါတယ်။

galaxy s7 & s7 edge 6

Samsung Galaxy S7 Edge

နောက်ထပ်ထပ်မံဖြည့်သွင်းထားတဲ့ Features တစ်ခုကတော့ “အားအမြန်သွင်း” လို့ခေါ်တဲ့ နည်းပညာဖြစ်ပြီး ဘက်ထရီပမာဏ ၅၀ ရာခိုင်နှုန်းကို ၁၀မိနစ်အားသွင်းရုံနဲ့ ရရှိစေမှာဖြစ်ပါတယ်။ ပြီးတော့ ကြိုးမဲ့အားသွင်းတဲ့စနစ်နည်းပညာကိုလည်း ထည့်သွင်းထားတာဖြစ်ပြီး ကြိုးမပါပဲအားသွင်းတဲ့စနစ်တွေထဲမှာ အမြန်ဆုံးအားသွင်းနိုင်တဲ့စနစ်လို့ Samsungက ဝင့်ကြွားခဲ့ပါတယ်။

တခြားပါဝင်ထားတဲ့ Feature တွေကတော့ Qualcomm Snapdragon 820 ရှိတဲ့ Processor, Virtual Reality Headset နဲ့ တွဲပြီးတပ်ဆင်ဖို့ Samsung ရဲ့ Partner ကုမ္ပဏီဖြစ်တဲ့ Oculus ကထုတ်လုပ်ထားတဲ့ 360 ဒီဂရီ ကင်မရာ တို့ပဲဖြစ်ပါတယ်။ Samsung Galaxy S7 ကို Black Onyx ၊ Gold Platinum စတဲ့အရောင် ၂ မျိုးနဲ့ထုတ်လုပ်မှာဖြစ်ပြီး၊ Samsung Galaxy S7 Edge ကိုတော့ Black Onyx, Gold Platinum , Silver Titanium စတဲ့အရောင်သုံးမျိုးနဲ့ ထုတ်လုပ်မှာဖြစ်တယ်လို့သိရပါတယ်။ လာမယ့် မတ်လ ၁၁ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းသတ်မှတ်ချက်တွေကိုတော့ အမျိုးမျိုးထွက်ပေါ်နေတာဖြစ်ပါတယ်။

Ref: Mirror, BBC

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
0 shares0 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
50 shares25 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
83 shares27 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Leave a Comment

Most from this category