ဇွန်လ ၂၀ ရက်နေ့မှာ Honor 9 ကို ဈေးကွက်တင်မည်

ယခုလာမည့် တနင်္လာနေ့ ၊ ဇွန်လ ၁၂ ရက်နေ့မှာ Honor 9 ကို ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်တဲ့အကြောင်း ဟွာဝေး ကုမ္ပဏီ က အတည်ပြု ကြေငြာခဲ့ပါတယ်။

Honor 9 ကို ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ ပြုလုပ်မယ့် Event ပွဲတစ်ခု မှာ ပြသမျာ ဖြစ်ပြီး Honro 8 တုန်းက အနက်ရောင်၊ အပြာရောင်၊ နက်ပြာရောင် ၊ အဝါရောင် ၊ အဖြူရောင် ၊ မီးခိုးရောင် စသဖြင့် အရောင် ၇ ရောင်ခန့် ထုတ်လုပ်ခဲ့ပေမယ့် အခုအချိန်မှာ Honor 9 ကို နက်ပြာရောင် နဲံ့ အနက်ရောင် ၂ မျိုး ကလွဲပြီး တချို့ အချက်အလက်တွေကို ကုမ္ပဏီ က ထုတ်ဖော်မပြောကြားသေးခဲ့ပါ။

Android စာမျက်နှာတွေရဲ့ မှန်းဆချက်တွေအရ Honor 9 ဟာ 4 GB ဒါမှမဟုတ် 6 GB RAM နဲ့ လာဖို့ ရှိနေပြီး သိုလှောင်နိုင်စွမ်းကိုလည်း 256GB အထိ တိုးလို့ရမယ့် လို့ ဆိုပါတယ်။ Kirin 960 Chipset နဲ့ ဝင်ရောက်လာမှာ ဖြစ်ပြီး မျက်နှာပြင် ကတော့ ၅.၁၅ လက်မ ဖြစ်မယ် လို့ ခန့်မှန်းထားကြပါတယ်။ 3100 mAh ဘက်ထရီ ပါရှိပြီး အတော်များများ ရဲ့ အဆိုအရ Android Noguat ထည့်သွင်းပေးမှာ ဖြစ်ကာ ဟွာဝေး ရဲ့ တခြား တန်းမြင့်စီးရီးတွေလောက် Specs အင်အား မကောင်းလှပေမယ့် ကင်မရာ ပိုင်း ကတော့ အရည်သွေး မညံ့စေမယ့် 12 Mp ကနေ 20MP အတွင်း ထုတ်လုပ်သွားမယ် လို့ ခန့်မှန်းထားကြပါတယ်။

ဈေးနှုန်းကတော့ $335 and $380 ကြားလို့ ခန့်မှန်းထားတဲ့အတွက် Mid-Range ဖြစ်ဖို့ များနေပါတယ်။

 

Ref : AndroidAuth /

 

%d bloggers like this: