နိုင်ငံတကာသို့ MPT Sim Card နဲ့ ဈေးနှုန်းသက်သာစွာ ဖုန်းခေါ်ဆိုလိုက်ပါ

ယခုလက်ရှိအခြေအနေမှာ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံရပ်ခြားကို အကြောင်းအမျိုးမျိုးနှင့် သွားရောက်နေ ကြပြီးတော့ ချစ်သူခင်သူတွေနဲ့ အနေဝေးပြီး အလုပ်လုပ်ကိုင်နေတဲ့သူတွေ၊ ကျောင်းသွားတက်တဲ့သူတွေ စသဖြင့် ရှိနေကြပါပြီ။

ဒီလိုအခြေအနေမျိုးတွေမှာဆိုရင် ကိုယ့်ရဲ့ဝေးကွာနေတဲ့ မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ အနီးစပ်ဆုံး ပြန်လည်ဆုံစည်းခွင့်ရစေတဲ့ တစ်ခုထဲသော နည်းလမ်းကတော့ ဆက်သွယ်ရေးနည်းပညာပါဘဲ။ အရင်တုန်းကဆို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖုန်းဆက်လို့ ရနိုင်ဖို့အရေး ဆင်းမ်ကဒ်တွေကို တစ်ဖက်နိုင်ငံေ ရာက်တော့မှ ဝယ်သုံးရမလား။ လက်ရှိအသုံးပြုနေတဲ့ ကဒ်ဘဲယူသွားရမလားဆိုပြီး ဝေခွဲမရပါလားတွေ ဖြစ်ကုန်လေရော။

အခုများကျတော့ မိမိလက်ရှိမြန်မာနိုင်ငံမှာဘဲ အသုံးပြုနေတဲ့ကဒ်ကို နိုင်ငံတကာအတော်များများဆီ သွားရင် ယူသွားလို့ ရနေပြီဆိုတော့ အရမ်းကို အဆင်ပြေနေပြီဘဲဖြစ်ပါတယ်။ အကောင်းဆုံးနှင့် အန္တရာယ်ကင်း ဘေးရှင်း ဖြစ်စေနိုင်တဲ့ နည်းလမ်းကတော့ ဖုန်းဆင်းကဒ် အသစ်ဝယ်နေမယ့်အစား လက်ရှိအသုံးပြုနေတဲ့ ကဒ်ကိုသာ ရွေးချယ်ပြီး ယူဆောင်သုံးစွဲမယ် ဆိုရင်တော့ အကောင်းဆုံးဘဲဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ နံပါတ် အဟောင်းကိုဘဲ မှတ်ထားတဲ့ မိတ်ဆွေတွေ အကုန်လုံးက ကိုယ့်ကိုအချိန်မရွေး အလွယ်တကူ ဆက်သွယ် နိုင်မှာဆိုတော့ အကောင်းဆုံးနည်းလမ်းလို့ ပြောတာမှားမယ်မထင်ပါဘူး။

သို့ပေမယ့်လည်း ကိုယ်ကနိုင်ငံခြားရောက်နေတာမို့ ဖုန်းခေါ်လိုက်ရင် ဖုန်းခေါ်ခဈေးနှုန်းတွေ အများကြီး ကျနေမလားလို့ လူတိုင်းက တွေးပြီး စိတ်ပူတက်ကြတယ်လေ။ ဒါကြောင့်မို့ ဈေးနှုန်းကို သေချာမသိသေး သူတွေအတွက် နိုင်ငံတကာကို ဖုန်းခေါ်ဆိုနိုင်တဲ့ ခေါ်ဆိုခဈေးနှုန်းတွေကို လက်လှမ်းမှီသလောက်လေး ပြန်လည်ဝေမျှ ပေးချင်ပါတယ်။

ကျွန်တော်ကတော့ MPT အသုံးပြုသူဖြစ်တဲ့အတွက်ကြောင့် MPT ကို ဥပမာထားလို့ပြောပါရစေ။ ပြီးတော့ MPT က နိုင်ငံခြားခေါ်ဆိုတဲ့ နေရာတွေမှာ အဆင်ပြေသက်သာအောင်ဆိုပြီး ပရိုမိုးရှင်းတွေချပေးထားတော့ အခြားအော်ပရေတာတွေထက် ပိုအဆင်ပြေနေတာလည်း ပါတာပေါ့။

သင်အခုနိုင်ငံခြားရောက်နေပြီလား။ ရတယ်ကိစ္စမရှိပါဘူး။ လက်ရှိကိုင်နေတဲ့ဖုန်းထဲက MPT ဆင်းကဒ်ကို ဖယ်စရာမလိုဘဲနဲ့ ကိုယ့်ရဲ့ လက်ကိုင်ဖုန်းကို Roaming ဖွင့်ပေးလိုက်ရုံပါပဲ။ ဖုန်းပြောမယ့်သူတွေဆိုရင်တော့ မက်ဆေ့ချ်ထဲကိုဝင် 1332 ကို RMVON လို့ရိုက်ပို့ပြီးတော့ ၊ အင်တာနက်အသုံးပြုမယ့်သူတွေဆိုရင်တော့ 1332 ကိုဘဲ RMDON လို့ ရိုက်ပို့ပေးလိုက်ပါ။

နောက်မက်ဆေ့ချ်ပို့လို့ အဆင်မပြေတဲ့သူတွေကတော့ ဖုန်းခေါ်ဆိုတဲ့ အထဲကိုဝင်ပြီးတော့ *106# ကိုခေါ် နံပါတ် 4 ကိုရွေးလို့ Roaming option ထဲမှာ ဝင်ရောက်ပြုပြင်လိုက်ရင် အိုကေပြီပေါ့။

မြန်မာကနေ ထိုင်းနှင့် မလေးရှားနိုင်ငံတွေဆီ တစ်မိနစ်ကို မြန်မာငွေ ၅၀ ကျပ်ထဲနှင့် ဖုန်းပြောနိုင်မှာဆိုတော့ ဒီနိုင်ငံတွေမှာ ဆွေမျိုးတွေ ချစ်ရခင်ရသူတွေရှိသူတွေအတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးပါပဲ။ ဒီလိုမျိုး ဈေးသက်သက်သာသာနဲ့ ဖုန်းပြောနိုင်ဖို့အတွက်ဆိုရင် *2050# ကိုဖုန်းဆက်ပြီး ဝန်ဆောင်မှုကို ရယူလိုက်ရုံနဲ့ ရက် (၃၀) ဝန်ဆောင်မှု ကိုရရှိမှာဘဲဖြစ်ပါတယ်။ ဝန်ဆောင်ခအတွက် ကျသင့်ငွေက ဘယ်လောက် များလဲ??? (အံ့သြသွားမလားမသိဘူးနော်) မြန်မာငွေ တစ်ထောင်ကျပ်ဘဲကျပါတယ်။

ပုံမှန်ဆိုရင်တော့ ထိုင်းနိုင်ငံကို ဖုန်းခေါ်ဆိုမှုအတွက် တစ်မိနစ်ကို ၂၀၀ကျပ် ကျသင့်နေတာပါ။
ဘယ်လောက်တောင် သက်သာသွားလိုက်သလဲနော်။ ဒီလိုတစ်မိနစ်ကို နှစ်ရာကျပ်ဘဲကျတဲ့ ခေါ်ဆိုမှုနှုန်းထားဟာ ထိုင်းနိုင်ငံ တစ်နိုင်ငံထဲကို မဟုတ်ဘဲ –

ဘင်္ဂလားဒေ့ရှ်
ဘရူနိုင်း
ကမ္ဘောဒီးယား
တရုတ်
ဟောင်ကောင်
အိန္ဒိယ
အင်ဒိုနီးရှား
ဂျပန်
လာအို
ဖိလစ်ပိုင်
စင်္ကာပူ
တောင်ကိုရီးယား
ထိုင်ဝမ်
ဗီယက်နမ် နဲ့
မလေးရှားနိုင်ငံတွေကိုပါ တစ်မိနစ်ကို နှစ်ရာကျပ်ထဲနဲ့ ခေါ်ဆိုနိုင်မှာဘဲဖြစ်ပါတယ်။

နောက်အမေရိကန် နှင့် ကနေဒါကို ပြောမယ်ဆိုရင် တစ်မိနစ်ကို ၂၅၀ ကျပ်၊ အခြားသော အာရှနိုင်ငံတွေနှင့့် အာဖဂန်နစ္စတန်တို့လို ၊ ပြင်သစ်၊ သြစတြေးလျတို့လို နိုင်ငံမျိုးတွေဆိုရင် တစ်မိနစ်ကို ၄၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီးတော့ ကျန်တဲ့ ဥရောပနိုင်ငံတွေဆိုရင်တော့ တစ်မိနစ် ၆၀၀ ကျပ်ကနေ ၈၀၀ ကျပ်အကြား ကျသင့်မှာပဲဖြစ်ပါတယ်။

နောက်ပြီးတော့ ဖုန်းခေါ်ဆိုမှုတွေတင်မကပဲနဲ့ SMS ပို့လို့ရတာတွေ၊ နိုင်ငံခြားမှာ ကိုယ့်ရဲ့ ဖုန်း၊ ကိုယ့်ရဲ့ကဒ်နဲ့တင် အင်တာနက် အသုံးပြုလို့ရနိုင်တာတွေပါ ရှိနေပြီဖြစ်တာကြောင့် အသံနှင့်တင်အားမရတဲ့ လူတွေကတော့ အင်တာနက်ရှိနေတဲ့ အတွက်ကြောင့် အရမ်းကို အဆင်ပြေမှာ အမှန်ပါဘဲ။

နောက် လက်လှမ်းမှီသလောက် ပြောရရင် MPT က ဘင်္ဂလားဒေရှ့်၊ ကမ္ဘောဒီးယား၊ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန် ၊ဖိလစ်ပိုင် ၊ တောင်ကိုရီးယား၊ ဗီယက်နမ်တို့လို နိုင်ငံတွေ ရောက်နေတဲ့သူတွေ အတွက်လည်း အရမ်းအဆင်ပြေတယ်လို့ ဆိုရပါမယ်။

ဘာလို့လည်း ဆိုတော့ အဲ့နိုင်ငံတွေထဲမှာကို MPT ကဒ်နှင့် ဖုန်းခေါ်ဆိုမယ်၊ တခြားနိုင်ငံတွေကို
ဖုန်းခေါ်ဆိုမယ် ဆိုရင် အခြားအော်ပရေတာတွေထက် MPT ကပိုသက်သာနေတာကိုး။ တကယ်သက်သာတဲ့ ဈေးနှုန်းတွေမို့လို့ ကျွန်တော်ကတော့ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းတွေကို ဆက်သွယ်မယ် ဆိုရင်တော့ MPT ကိုဘဲ အသုံးပြုတာများပါတယ်။ အရင်ကလည်း MPT ကဒ်နဲ့ဘဲဆိုတော့ သူငယ်ချင်းတွေ ဖုန်းနံပါတ်ကလည်း မပြောင်း ကိုယ့်ဖုန်းနံပါတ်လည်း မပြောင်းဆိုတော့ အဆက်အသွယ် မပြတ်တော့ဘူးလေ။

ဒါကြောင့် စာဖတ်သူတွေ အနေနဲ့လည်း နိုင်ငံရပ်ခြားကို ဖုန်းဆက်မယ်။ နိုင်ငံရပ်ခြားကနေ ဖုန်းဆက်မယ်ဆိုရင် တကယ်ကို ဈေးနှုန်းသက်သာတဲ့ MPT ကိုဘဲရွေးချယ်ကြပါလို့…။

%d bloggers like this: