0 Shares 39 Views

‘သော့မဲ့ကား’ ဟုခေါ်သည့် Appကို ဆွီဒင်တွင်ထုတ်လုပ်ရန် Volvo စီစဉ်

ကားထုတ်လုပ်ရေးကုမ္ပဏီ Volvo က ကားသော့တွေကို အစားထိုးပစ်မယ့် ‘သော့မဲ့ကား’ လို့နာမည်ပေးထားတဲ့ ဖုန်းApp တစ်ခုကို ဆွီဒင်နိုင်ငံမှာ ထုတ်လုပ်ဖို့ စီစဉ်လျက်ရှိပါတယ်။ ကားတွေရဲ့ တံခါးပေါက်၊ ကားစက်နှိုးတာနဲ့ ကားစက်သတ်တာတွေကို ထိန်းချုပ်နိုင်မယ့် ဘလူးတုသ် App တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရင်းမြစ်တွေအရ လုံခြုံရေးပိုင်းဆိုင်ရာ အတိုင်းအတာတွေကိုပါ ပစ္စည်းမှာအသုံးပြုဖွယ်ရှိနေတာ ဖြစ်ပါတယ်။

တကယ်လို့အောင်မြင်ခဲ့မယ်ဆိုရင် ဒီApp ကိုနောက်နှစ်လောက်မှာ ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ Volvo အနေနဲ့ အခုလို စမ်းသပ်ချက်ကို ဆွီဒင်နိုင်ငံ ဂူသမ်ဘတ်လေဆိပ်က အငှားကားတွေမှာ စတင်စမ်းသပ်လုပ်ဆောင်မှာဖြစ်ပါတယ်။

“တကယ်လို့ကားသော့ပျောက်သွားမယ်ဆိုရင် Volvo App ကအဆင်ပြေစေမှာပါ။ ဖုန်းပျောက်သွားလို့ နောက်တစ်လုံးဝယ်ရင်လည်း သင့်ရဲ့ဖုန်းအသစ်မှာ App အသစ်နဲ့ အဆင်ပြေစေမှာပါ” လို့ Volvo ရဲ့ ဒါရိုက်တာ Martin Rosenqvist ကပြောပါတယ်။

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပရော်ဖက်ဆာ Alan woodward က ဒီဘလူးတုသ် လုံခြုံရေးပိုင်းဟာ လုံခြုံရေးအတွက်ထိခိုက်နိုင်တယ်လို့ဆိုပြီး ဒီနည်းပညာဟာ ကေဘယ်လ်ကြိုးတွေနေရာမှာ ယာယီအစားထိုးဖို့အတွက်သာရည်ရွယ်ပြီး ဒိဇိုင်းထုတ်ထားတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ “လုံခြုံရေးပိုင်းမှာတော့ စံသတ်မှတ်ချက်တွေဟာ ပြောင်းဖို့ပြင်ဖို့လွယ်ကူနေပါတယ်” လို့သူကရှင်းပြခဲ့ပါတယ်။

Ref: BBC

You may be interested

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
0 shares0 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
0 shares0 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ
Android, Huawei, HUBS
188 shares64 views

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ

Ko Thuya - Nov 21, 2017

ပြီးခဲ့တဲ့လက Huawei ဟာ တရုတ်မှာ Honor စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ သူကတော့ Huawei Honor 7X ဖြစ်ပြီး 18:9 Screen ပါတဲ့ပထမဆုံး Honor စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး…

Leave a Comment

Most from this category