အူရီဒူးမှ မြန်မာ့ဂီတပွဲတော် ၂၀၁၇ အား Jade Elephant Sponsor အဖြစ် ပံ့ပိုးပေး

အူရီဒူးမြန်မာမှ မြန်မာ့ဂီတပွဲတော် ၂၀၁၇ အား Jade Elephant Sponsor အနေဖြင့် ပံ့ပိုးပေးထားပါသည်။ အူရီဒူးမြန်မာ၊ မြန်မာ့ဂီတပွဲတော်ဖျော်ဖြေပွဲအဖွဲ့နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏  ပူးတွဲသတင်းစာရှင်းလင်းပွဲကို ယနေ့ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၅) ရက်တွင် အူရီဒူးမြန်မာရုံးချုပ်၊ မြန်မာစင်တာ တာဝါ (၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့လူငယ်အနုပညာရှင်များအား ကမ္ဘာ့အဆင့်မီ ဖျော်ဖြေတင်ဆက်သူများ ဖြစ်လာနိုင်စေရန် လှုံ့ဆော်၍ မြေတောင်မြှောက်ပေးနိုင်ရန်အတွက် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများမှ
မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုဘဝနှင့် ချိတ်ဆက်ပေးနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်ပါသည်။  အူရီဒူးမြန်မာ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်သူပြည်သူများ ဘ၀ ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် လူငယ်များ၏ အရည်အချင်းများကို ဖော်ပြပေးလိုပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကမ္ဘာခေတ်မီနည်းပညာများဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို
ပေးရုံမျှမက မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ဘဝတိုးတက်ဖွံ့ဖြိုးရန်အတွက်လည်း ကူညီပေးလိုပါသည်။ ထို့ကြောင့် အဆိုပါပွဲတော်၏ ရည်ရွယ်ချက်နှင့် အူရီဒူးမြန်မာ၏ ရည်ရွယ်ချက်တို့မှာ တူညီနေသည့်အတွက်ကြောင့် ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းဖြစ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် လေးကြိမ်မြောက်
မြန်မာ့ဂီတပွဲတော် အခမ်းအနားကို မြို့ ၄ မြို့သို့ လှည့်လည်ဖျော်ဖြေမည်ဖြစ်သဖြင့် ပါဝင်ဆင်နွှဲကြပါရန် ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်။ အနောက်တိုင်း ဂန္တဝင်တေးဂီတအဖွဲ့ဝင် ငါးဦးပါဝင်သည့် အဖွဲ့နှင့် မြန်မာ့ရိုးရာဂီတအနုပညာရှင် ငါးဦးတို့သည် မြစ်ကြီးနား၊ နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့တို့သို့ လှည့်လည်ဖျော်ဖြေမည်ဖြစ်ပါသည်။ ဂီတပွဲတစ်ခုစီ၌ အမေရိကန်ပြည်ထောင်စု၊ ပီရူး၊ ထိုင်ဝမ်နှင့် မြန်မာနိုင်ငံတို့မှ တေးရေးဆရာများနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးလှိုင်ဝင်းမောင်တို့က လှည့်လည်ဖျော်ဖြေရေး ခရီးစဉ်အတွက် ရည်ရွယ်ရေးစပ်ထားသည့် သီချင်းအသစ် ၇ ပုဒ်ဖြင့် ပွဲဦးထွက်ဖျော်ဖြေတင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာ့ရိုးရာနှင့် အနောက်တိုင်း တူရိယာနှစ်မျိုးစလုံး၏ ရိုးရာဓလေ့သုံးဆန်သော ဘာသာစကားများအား ဖွင့်လှစ်ပြသမည်ဖြစ်သည်။

၂ဝ၁၄ ခုနှစ်မှ စတင်ကာ ၎င်းပွဲတော်သည် အခန်းကဏ္ဍအသီးသီးမှ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များမှ ရက်ရောဖော်ရွေသော ပံ့ပိုးမှုများအား လက်ခံရရှိခဲ့ပါသည်။ ယင်းပံ့ပိုးမှုများမှ မြန်မာနိုင်ငံအတွင်း ဂီတနှင့်ယဉ်ကျေးမှု ခရီးရှည်ကြီးအား ပုံဖော်ပေးခဲ့သည့်ဖြစ်ရာ ယခုနှစ် မြန်မာ့ဂီတပွဲတော်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ မြို့လေးမြို့ ဖျော်ဖြေရေးခရီးစဉ်မတိုင်မီ မြန်မာ့ဂီတပွဲတော်အဖွဲ့သည် ရခိုင်ပြည်နယ် သဟာရအဖွဲ့အစည်းနှင့် ပူးပေါင်း၍ မေလ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်များတွင် စစ်တွေမြို့၌ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “ အူရီဒူးမြန်မာအနေဖြင့် ယခု မြန်မာ့ဂီတပွဲတော်ကို ပံ့ပိုးပေးခဲ့တာဟာ တတိယအကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ မြန်မာ့တေးဂီတချစ်မြတ်နိုးသူ အားလုံးအနေဖြင့် မြန်မာ့ရိုးရာနှင့် အနောက်ပိုင်းတူရိယာများဖြင့် ဖျော်ဖြေတင်ဆက်ပေးမည့် အတွေ့အကြုံများကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ အူရီဒူးမြန်မာအနေဖြင့် မြန်မာပြည်သူလူလူထုနှင့် ငြိမ့်ညောင်းသည့် ဂီတသံစဉ်များကို ဝေမျှနိုင်ဖို့အတွက် ယခုကဲ့သို့ ခမ်းနားသည့်ပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ “ ဟု ပြောကြားခဲ့သည်။

မြန်မာဂီတပွဲတော်ဖျော်ဖြေပွဲအား ၂ဝ၁၇ ခုနှစ်၊ မေလ ၂၆ ရက်မှ ဇွန်လ ၁၈ ရက်အထိ ကျုင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အောက်ဖော်ပြပါဇယားတွင် ပါဝင်ဖျော်ဖြေမည့် ဂီတပညာရှင်များနှင့် ပွဲနေ့အသီးသီးကို သိရှိနိုင်မည်ဖြစ်ပါသည်။ ဖျော်ဖြေပွဲအသီးသီးသို့ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ပျော်ရွှင်မြူးထူးဖွယ်ရာ ယခုပွဲတော်အခါသမယကို စိတ်ပါဝင်စားသူ၊ စူးစမ်းလေ့လာချင်သူများနှင့် စိတ်လှုပ်ရှားရင်ခုန်သူ အားလုံးတို့အား မြန်မာ့ဂီတပွဲတော် ၂၀၁၇ သို့ တက်ရောက်ပါဝင်နိုင်ရန် ကြိုဆိုအပ်ပါသည်။

Ref : Ooredoo

%d bloggers like this: