0 Shares 1212 Views

၂ သိန်းဝန်းကျင်နဲ့ ၀ယ်ယူနိုင်တဲ့ ကင်မရာအမိုက်စားစမတ်ဖုန်းများ

Feb 21, 2016
0 1212

လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းကတော့၊ ကင်မရာကောင်းကောင်းနဲ့ဖုန်းကို ၀ယ်ချင်ရင် အနည်းဆုံး သုံးလေးသိန်းပေးဝယ်ခဲ့ကြရပါတယ်။ ဒါပေမယ့် အခုအခါမှာ တန်ဖိုးနည်းစမတ်ဖုန်းတွေမှာလည်း အမိုက်စားကင်မရာတွေပါဝင်လာပြီး၊ အရည်အသွေးမြင့်ဓာတ်ပုံတွေကို လူတိုင်းလိုလိုရိုက်လာနိုင်ပြီ ဖြစ်ပါတယ်။

မိတ်ဆွေအနေနဲ့လည်း ကင်မရာကောင်းကောင်းနဲ့ တန်ဖိုးနည်းဖုန်းတစ်လုံးကို ရှာဖွေနေသူဆိုရင် ဒီဆောင်းပါးက အထောက်အကူဖြစ်ပါလိမ့်မယ်။ အောက်ဖော်ပြပါစမတ်ဖုန်းတွေဟာ ကင်မရာပိုင်းမှာလည်း ကောင်းမွန်သလို၊ စွမ်းဆောင်ရည်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိတဲ့ဖုန်းတွေဖြစ်လို့၊ ၂ သိန်းအောက်ငွေနဲ့ ဘာဖုန်းဝယ်ရမလဲမသိဖြစ်နေတဲ့လူတွေအတွက် အဆင်ပြေစေမှာပါ။

၁။ Asus ZenFone Max

ZenFone Max ဖုန်းဟာ ၂၀၁၆ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ဖုန်းဖြစ်ပြီး၊ ကင်မရာပိုင်းကောင်းမွန်သလို၊ ဘက်ထရီ အကောင်းဆုံးတန်ဖိုးနည်းစမတ်ဖုန်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ 13 megapixel ရှိတဲ့ ကျောကင်မရာမှာလည်း လေဆာဆုံချက်ရှာမှုစနစ်ပါဝင်ပါတယ်။ Indoor ပုံကောင်းကောင်းရိုက်နိုင်သလို၊ အလင်းနည်းတဲ့အခါမှာလည်း ကောင်းစွာရိုက်ကူးနိုင်ပါတယ်။ 5-megapixel ရှေ့ကင်မရာကလည်း 1080p video တွေအထိ ရိုက်ကူးနိုင်ပါတယ်။ ကင်မရာ mode တွေလည်းစုံလင်ပြီး၊ slow motion ၊ time lapse ၊ panorama စတဲ့ mode မျိုးစုံကို စိတ်ကြိုက်ရိုက်ကူးနိုင်ပါတယ်။

မျက်နှာပြင် ၅.၅ လက်မရှိပြီး၊ RAM 2 GB ၊ internal storage 16 GB ပါဝင်ပါတယ်။ မြန်မာနိုင်ငံအတွင်း မကြာမီဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ ၂၂၉၀၀၀ လို့ သိရပါတယ်။

Spesifikasi-Asus-Zenfone-Max-terkini

၂။ Coolpad Note 3

Coolpad Note 3 ဖုန်းကို လွန်ခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကဖြန့်ချိခဲ့ပြီး၊ အိန္ဒိယမှာ ဈေးနှုန်း ၁၇၀၀၀၀ ၀န်းကျင်သာရှိပါတယ်။ 13 megapixel ကျောကင်မရာပါဝင်ပြီး၊ LED flash မီးပါဝင်ပါတယ်။ ရှေ့ကင်မရာကတော့ 5-megapixel ဖြစ်ပြီး၊ mode မျိုးစုံရိုက်ကူးနိုင်ပါတယ်။ နေ့အချိန် အလင်းကောင်းကောင်း ရတဲ့အခါမှာ ကျွန်တော်တို့စမ်းသပ်ရိုက်ကူးကြည့်တဲ့ပုံတွေအရ ဒီဈေးနှုန်းနဲ့စမတ်ဖုန်းထဲမှာ ကင်မရာ တော်တော်ကောင်းတဲ့ဖုန်းလို့ပြောရမှာပါ။ ဒါပေမယ့် ညအချိန်မှာတော့၊ အကောင်းကြီးမဟုတ်ပါဘူး။

မျက်နှာပြင် ၅.၅ လက်မရှိပြီး၊ RAM 3 GB ၊ internal storage 16 GB ရှိပါတယ်။ ဘက်ထရီသိုလှောင်နိုင်မှုကတော့ 3000 mAh ပါ။

109201512321PM_635_coolpad_note_3

၃။ Xiaomi Redmi Note 2

၂၀၁၅ အလယ်လောက်မှာထွက်ရှိခဲ့တဲ့ဖုန်းဖြစ်ပြီး၊ Xiaomi ရဲ့ ထုံးစံအတိုင်း ဈေးနည်းနည်းနဲ့ အမိုက်စားဟာ့ဒ်ဝဲ ပစ္စည်းတွေသုံးထားပါတယ်။

13 MP ကျောကင်မရာပါဝင်ပြီး LED flash မီးပါ ပါဝင်ပါတယ်။ အလိုအလျောက်ဆုံချက်ရှာမှုစနစ်ပါဝင်ပြီး၊ ဓာတ်ပုံ filter ၁၂ ခု ရွေးချယ်နိုင်ပါတယ်။ Manual mode မှာလည်း အဖြူအမည်းနဲ့ ISO တို့ကို စိတ်ကြိုက်ချိန်နိုင်ပါသေးတယ်။ ရိုက်ကူးတဲ့ဓာတ်ပုံတွေမှာ noise ဗျောက်ထခြင်းမရှိဘဲ ပုံကောင်းကောင်း ရတာကိုတွေ့ရပါတယ်။ 5 MP ရှေ့ကင်မရာပါဝင်ပြီး၊ အရည်အသွေးမြင့် selfie တွေကို ရိုက်ကူးနိုင်ပါတယ်။ 1080p HD ဗီဒီယိုတွေကိုလည်း ဒီဖုန်းနဲ့တင်ရိုက်ကူးနိုင်ပြီး၊ စလိုးမိုးရှင်းဗီဒီယိုတွေပါ ရိုက်နိုင်ပါတယ်။

ဈေးကတော့ မြန်မာငွေ တစ်သိန်းသုံးသောင်းဝန်းကျင်သာရှိပြီး၊ မျက်နှာပြင် ၅.၅ လက်မ၊ RAM 2 GB ၊ internal storage 16 GB ရှိပါတယ်။

gsmarena_003

Ref: GSM Arena , Gadgets 360

 

 

You may be interested

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ
FEATURES, gadgets, Mobile & Tablets
137 shares26 views

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ

Ko Thuya - May 23, 2018

Apple က ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် WWDC 2018 ပွဲအတွက် ဖိတ်စာများကို ဝေငှလိုက်ပါပြီ။ အဲဒီပွဲမှာ iOS 12 , macOS 11.14 တို့ကို ကြေညာမှာ သေချာပါတယ်။ ဒါ့အပြင် အခြား ၀န်ဆောင်မှုများနဲ့…

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek
Android, Chipset, HUBS
79 shares8 views

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek

Tha Ra - May 23, 2018

[Zawgyi] MediaTek Helio P22 SoC ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Helio P22 SoC ဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ System-on-chip (SoC) ဖြစ်ပါတယ်။…

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ
Apple, Chipset, HUBS
124 shares17 views

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ

Ko Thuya - May 23, 2018

Apple ဟာ စက်တင်ဘာလလောက်မှာ အိုင်ဖုန်း အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများမှာ iPhone XI Plus , iPhone XI နဲ့ ဈေးသက်သာတဲ့ LCD iPhone X တို့ ဖြစ်ပြီး LCD…

Leave a Comment

Most from this category