Google ရဲ့ အင်ဂျင်နီယာများဟာ Google ရဲ့ ထုတ်ကုန်များမှာ ထူးခြားဆန်းသစ်တဲ့ စွမ်းရည်များ ထည့်သွင်းပေးနေသလို ဂိမ်းများနဲ့ စိတ်လှုပ်ရှား ပျော်ရွှင်စရာများကိုလည်း ဖန်တီးပေးနေပါတယ်။ အဲဒီအထဲမှာ ရီစရာကောင်းတဲ့ ရှာဖွေမှု ရလဒ်များကနေ စွန့်စားခန်းများ အထိ ပါဝင်ပါတယ်။ သင့်မှာ အချိန်အနည်းငယ် ပိုနေလို့ ပျင်းနေရင်တော့ Google Homepage သို့မဟုတ် Google.com မှာ ပြုလုပ်နိုင်တဲ့ အကောင်းဆုံး အရာများကို ဖော်ပြလိုက်ပါတယ်။
Atari Breakout
Google.com ကိုသွားပြီး Image Tab ကို နှိပ်ပါ။ Atari breakout လို့ ရိုက်ထည့်ပြီး အန်းတား နှိပ်ပါ။ ဒါဆိုရင် သင်ကလေးဘဝက ကစားခဲ့တဲ့ Classic Games ကို ဘရောက်စာမှာ ကစားနိုင်ပါပြီ။ Cursor Keys or Mouse ကို သုံး၍ ကစားရမှာပါ။
Classic Google Search Page
အတိတ်က Classic စတိုင် Google Search Page ကို တမ်းတမိရင်တော့ https://archive.google.com/heart ကို သွားပါ။ အဲဒီကနေ ရှာဖွေမှုများ ပြုလုပ်နိုင်ပါတယ်။ Results Page ကတော့ ခေတ်သစ် စတိုင် ဖြစ်ပါတယ်။
Are you feeling lucky?
Search Bar မှာ ဘာမှ မရေးထားဘဲနဲ့ I’m Feeling Lucky ကို နှိပ်ရင် Google က ကြုံရာကျပန်း လင့်များကို ပြသပေးမှာပါ။ အမေး၊ အဖြေ ပုစ္ဆာများကနေ ကုသိုလ်ဖြစ်အဖွဲ့အစည်းများရဲ့ လင့်များ အထိ စုံလင်ပါတယ်။
Pac-Man
Atari Breakout တစ်မျိုးထဲသာ Google.com မှာ ကစားနိုင်တာ မဟုတ်ပါဘူး။ Search Box မှာ Pac-man လို့ ရိုက်ထည့်ရင် အဲဒီ ဂိမ်းကို ကစားနိုင်မှာပါ။
Search box tricks
သင့်ကို ပျော်ရွှင်စေမယ့် Search Box Tricks များလည်း ရှိပါသေးတယ်။ အကောင်းဆုံးတွေကို ရွေးရမယ် ဆိုရင်တော့ “do a barrel roll”, “google in 1998″, “askew”, ““, or “sonic the hedgehog.” တို့ ဖြစ်ပါတယ်။
Search box tools
“flip a coin” or “roll a die” တို့ကို ရိုက်ထည့်ရင် အကြွေစေ့ လှန်ခြင်း၊ အံစာတုံး ပစ်ခြင်းများကို ကစားနိုင်ပါတယ်။ “timer” or “stopwatch” တို့ကို ရိုက်ထည့်ရင် အဲဒီ App များကို သုံးနိုင်မှာပါ။
Solitaire
Goolge မှာ “ solitaire “ လို့ ရိုက်ထည့်ရင် ဖဲကစားနိုင်ပါတယ်။ “tic tac toe” လို့ ရိုက်ထည့်ရင်တော့ ကြက်ခြေခတ်နဲ့ ဝလုံး ဂိမ်းကို ကစားနိုင်မှာပါ။
Dinosaur Game
သင့် စမတ်ဖုန်းမှာ အင်တာနက် ပိတ်ထားပြီး Chrome ကနေ ဝက်ဆိုက်တစ်ခုကို ဖွင့်ပါ။ ဒိုင်နိုဆောပုံပေါ်လာရင် တစ်ချက်နှိပ်ပါ။ ဒါဆိုရင် ဒိုင်နိုဆော ပြေးတဲ့ ဂိမ်းကို ကစားနိုင်မှာပါ။ စကရင်ကို တစ်ချက်နှိပ်ပြီး အတားဆီးများကို ခုန်ကျော်ရမှာဖြစ်ပါတယ်။
Harry Potter ရဲ့ ကျိန်စာများဖြင့် ဖုန်းကို ခိုင်းစေပါ။
သင့်ဖုန်းမှ Google App ကို ဖွင့်ပြီး Harry Potter ရဲ့ ကျိန်စာများဖြင့် ဖုန်းကို ခိုင်းစေပါ။ “ lumos “ လို့ ပြောရင် ဓါတ်မီးဖွင့်ပေးမှာ ဖြစ်ပြီး “ silencio “ လို့ ပြောရင် အသံအားလုံးကို ပိတ်ပေးမှာပါ။
ref : gizmodo
You must be logged in to post a comment.