တယ်လီနော နံပါတ်အလှများကို အထူးဈေးနှုန်းဖြင့် ရရှိမည်

တယ်လီနောမြန်မာလီမီတက် ၏ နံပါတ်အလှများကို မြန်မာနိုင်ငံရှိ သုံးစွဲ သူများအတွက် အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေပြီ ဖြစ်ကြောင်းသိရသည်။

တယ်လီနော၏ ရွှေ၊ ပရီမီယံ နှင့် စတား အထူးသီးသန့်နံပါတ်အလှများကိုပါ နံပါတ်တစ်ခုလျှင် ၅,၂၅၀ ကျပ်ဖြင့် ဝယ်ယူရရှိ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ‘ရွှေရောင်’ အထူးနံပါတ်အလှများ၏ ပုံမှန်ဈေးနှုန်းသည် ၁၅၇,၅၀၀ ကျပ်ဖြစ်ပြီး ယခု ကာလအတွင်း ၉၅% ကျော် သက်သာသောဈေးဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကာ ‘ပရီမီယံ’ အထူးနံပါတ်အလှများ၏ ပုံမှန် ဈေးနှုန်းမှာ ၅၂,၅၀၀ ကျပ်ဖြစ်ကာ ၉၀%  သက်သာသောဈေးဖြင့် ရောင်းချပေးနေခြင်း ဖြစ်ပါသည်။ ‘စတား’ အထူးနံပါတ် အလှများကို ယခင်ဈေးနှုန်းအတိုင်း တစ်ခုလျှင် ၅၂၅၀ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်းသိရသည်။

ထို့ပြင် တယ်လီနောသုံးစွဲသူများသည် အထူးသီးသန့်ဖြစ်သော ‘ပလတ်တီနံ’ နှင့် ‘ပလတ်တီနံ Plus’ နံပါတ်အလှများကို ၅၀% သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။ ‘ပလတ်တီနံ Plus’ အထူးနံပါတ်အလှများ၏ ပုံမှန် ဈေးနှုန်းမှာ ၁,၀၅၀,၀၀၀ ကျပ်ရှိပြီး ယခု အရောင်းမြှင့်တင်သည့်ကာလအတွင်းတွင် နံပါတ်တစ်ခုလျှင် ၅၂၅,၀၀၀ ကျပ်ဖြင့့် ဝယ်ယူ ရရှိနိုင်မည်ဖြစ်ပြီး ပုံမှန် ၅၂၅,၀၀၀ ကျပ်ဖြင့် ရောင်းချနေသည့် ‘ပလတ်တီနံ’ အထူးနံပါတ်အလှများကို နံပါတ် တစ်ခုလျှင် ၂၆၂,၅၀၀ ကျပ်ဖြင့် ရရှိနိုင်မည်ဖြစ်သည်။

အထက်ပါ ဈေးနှုန်းများအားလုံးသည် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပြီး အထူးနံပါတ်အလှများအားလုံးကို ဦးရာလူ စနစ် ဖြင့် လျော့ဈေး ကာလ ပြီးဆုံးမည့် ဇွန်လ ၂၅ ရက် သို့မဟုတ် ပစ္စည်းလက်ကျန် ရှိသည့်အထိ ရောင်းချပေးသွားမည်ဖြစ် ပါသည်။ အထူး နံပါတ်အလှများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် အစီအစဉ်သည် လက်ရှိတွင် ကြိုတင် ငွေဖြည့် ကတ်စနစ် (Prepaid)ဖြင့် အသုံးပြုနေသည့် သုံးစွဲသူများအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

%d bloggers like this: