အူရီဒူးမြန်မာက လက်ရှိထက် (၂)ဆပိုမြန်စေမည့် 4G အင်တာနက်ကို ကွန်ရက်ချဲ့ထွင်နေဟုဆို

လက်ရှိထက် (၂)ဆ ပိုမိုမြန်ဆန်သည့် 4G အင်တာနက်ကို အသုံးပြုနိုင်မည့် ၁၈၀၀ MHz လှိုင်းနှုန်းစဉ် သစ်ကို ကွန်ရက်ချဲ့ထွင်လျက်ရှိကြောင်း အူရီဒူးမြန်မာက သတင်းထုတ်ပြန်လိုက်သည်။

အူရီဒူးမြန်မာအနေဖြင့် လှိုင်းနှုန်းစဉ်သစ်လျှောက်ထားမှုအား မေလအစောပိုင်းတွင် ခွင့်ပြုချက်ရရှိသဖြင့် မြို့အများစုတွင် ၎င်းလှိုင်းနှုန်းစဉ်သစ်ဖြင့်   ဝန်ဆောင်မှုစတင်ပေးအပ်နိုင်ရန် ကွန်ရက်အဆင်မြှင့်ချဲ့ထွင်ခြင်းအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အူရီဒူးအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းမှ လှိုင်းနှုန်းစဉ်သစ်များ ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် အဆိုပါ ထပ်တိုးလှိုင်းနှုန်းစဉ်ရရှိရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၈ဝ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုသည်။

၁၈ဝဝ MHz လှိုင်းနှုန်းစဉ်သည် 4G အသုံးပြုသူများအတွက် ပြည့်စုံကောင်းမွန်သည့် သုံးစွဲသူအတွေ့အကြုံကို ပေးအပ်နိုင်မည်ဖြစ်ပြီး ၎င်းသည် ယခင်နည်းပညာထက် ၂ ဆ ပိုမိုမြန်ဆန်မည်ဖြစ်ပြီး အထူးသာလွန်ကောင်းမွန်သည့် 4G အင်တာနက်အား ပေးအပ်နို်င်မည်ဖြစ်သည်။

အူရီဒူးကွန်ရက် တပ်ဆင်ချိတ်ဆက်ပေးသည့် နည်းပညာရှင်များအနေဖြင့် မြန်ဆန်သော အင်တာနက်ချိတ်ဆက်မှုကို ကမ်းလှမ်းပေးနိုင်ရန်အတွက် ဆိုက်များအား အဆင့်မြှင့်တင်ခြင်းများ လွန်ခဲ့သော အပတ်များမှပင် စတင်ဆောင်ရွက်လျက်ရှိသည်။

4G ကွန်ရက်ရှိပြီးသား ဆိုက်များအား အဆင့်မြှင့်တင်နေသည်နှင့် တစ်ပြိုင်တည်းမှာပင် မြို့နယ်အများအပြားအား 4G ကွန်ရက် ချဲ့ထွင်ပေးအပ်နိုင်ရန်အတွက် မြန်ဆန်သော လေ့လာဆန်းစစ်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “ သုံးစွဲသူတွေအတွက် 3G နည်းပညာကပေးအပ်နိုင်တာထက်ပိုတဲ့ ပိုမိုသာလွန်ကောင်းမွန်တဲ့ အင်တာနက်လိုအပ်ချက်တွေ အမြောက်အမြားရှိနေပါတယ်။ ဥပမာအားဖြင့် ဖုန်းနဲ့တီဗွီတိုက်ရိုက်ကြည့်တာလိုမျိုးစတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို လိုအပ်နေပါတယ်။ လွန်ခဲ့သည့်နှစ်ပတ်လောက်ကတည်းက အူရီဒူးအနေဖြင့် ကွန်ရက်အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ကျွန်မတို့အနေနဲ့ သုံးစွဲသူတွေအဆင်မပြေတာမျိုး ထပ်ရှိမလာနိုင်တော့ဘူးလို့ ယုံကြည်ပါတယ်။ “ ဟု ပြောကြားခဲ့ကြောင်း သိရသည်။

%d bloggers like this: