LG အားပေးသူများအတွက် LG Valuable Night

LG အီလက်ထရောနစ်မြန်မာမှ လုပ်ဖော်ကိုင်ဖက်များ၊ လုပ်ငန်းရှင်များ လက်ကားရောင်းဝယ်သူများနှင့်အတူ “LG’s Valuable Night” ကို မီလီယာဟိုတယ် (Melia Hotel) အင်္ဂါနေ့တွင် ကျင်းပ ခဲ့သည်။ ကမ္ဘာ့အီလက်ထရောနစ် brand LG သည် အဆိုပါပွဲတွင် ၂၀၁၇ ခုနှစ်ထုတ်ကုန်ပစ္စည်းအသစ်များကို မိတ်ဆက်ပေး ခဲ့ပြီး လာမည့်နှစ်အတွက် ရည်မှန်းချက်များကိုပါ တင်ပြခဲ့သည်။

LG အီလက်ထရောနစ်သည် ၂၀၀၃ခုနှစ် စတင်ရောက်ရှိခဲ့သည့်အချိန်မှစ၍ မြန်မာအီလက်ထရောနစ်ဈေးကွက်နှင့် အိမ်သုံး လျှပ်စစ်ပစ္စည်းဈေးကွက်အတွက် တမူထူးခြားသော ဆန်းသစ်မှုများပံ့ပိုးပေးနိုင်သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူ မိပါသည်။ LG Electronics သည် ခေတ်မီနည်းပညာများနှင့် မျှော်မြင်တွေးခေါ်နိုင်စွမ်းများကိုပေါင်းစည်းပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ နေ့စဉ်လူနေမှုဘဝအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ကြံဆောင်လျက်ရှိသည်။

“မြန်မာနိုင်ငံဟာ အံသြဖွယ်ကောင်းလောက်တဲ့ အလားအလာကောင်းတွေအများကြီးရှိပြီး ထူးခြားတဲ့ဈေးကွက်တစ်ခုပါ။ ရန်ကုန်မြို့မှာ ပိုမိုများပြားလာတဲ့ လူလတ်တန်းစားတွေက အိမ်သုံးကုန်လျှပ်စစ်ပစ္စည်းတွေကို ယခင်ကထက် ပိုမိုသုံးစွဲလာ နိုင်ပြီး နည်းပညာပေါ်အသုံးချလာနိုင်မှုဟာလည်း အခြားနိုင်ငံတွေထက်စာရင် ပိုမိုမြန်ဆန်နေပါတယ်။” ဟု LG အီလက်ထရောနစ်မှ မန်းနေဂျင်း ဒါရိုက်တာ Mr. Park က ပွဲတွင်ပြောကြားခဲ့သည်။

ဆက်လက်၍ Mr. Park မှ “ကုမ္ပဏီရဲ့ ဒီနှစ်ရည်ရွယ်ချက်ကတော့ LG အီလက်ထရောနစ်ရဲ့လုပ်ဆောင်ချက်တိုင်းဟာ  မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် အကျိုးအမြတ်များဖြစ်ထွန်းစေရမယ်။” ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် အထူးသင့်လျော်သည့် နည်းပညာများ အသုံးပြုခြင်းဖြင့် အကျိုးဖြစ်ထွန်းစေခြင်း

နောက်ဆုံးပေါ်နည်းပညာများဖြင့်ပြုလုပ်ထားသောကုန်ပစ္စည်းများကို LG မှ မြန်မာနိုင်ငံအတွက် မိတ်ဆက်ခဲ့သည်။ အဆိုပါ ပစ္စည်းများအနက် စမတ်ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နှင့် အံသြမင်သက်ဖွယ် OLED တီဗွီများနှင့် အလိုအလျောက် သန့်ရှင်းရေးပြုလုပ်ပေးသည့် စက်ရုပ်များသည် သုံးစွဲသူများ၏စိတ်အာရုံကိုအထူးဖမ်းစားခဲ့သည်။

Mr. Park က  “LG brand ၏ လုပ်ဆောင်ချက်တိုင်းသည် အကျိုးမြတ်များဖြစ်ထွန်းစေရမည်ဆိုတဲ့စကားနဲ့အညီ  အရည်အသွေး အကောင်းဆုံးပစ္စည်းတွေကိုမှ ကြိုက်တဲ့သူတွေအတွက် ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေက ကျေနပ်မှုပေးစွမ်း နိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက်ကိုက်ညီဖို့ သီးသန့်အထူးပြုထုတ်လုပ်ထားပြီး သူမတူနည်းပညာတွေနဲ့ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို  ပစ္စည်းနည်းနည်းပဲ ဝယ်ယူလိုသူတွေအနေနဲ့ သုံးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု ပြောကြား ခဲ့သည်။ ခြင်ပြေးတီဗွီနှင့် အဲယားကွန်းများသည် LG brand မှ မြန်မာနိုင်ငံ၏ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီမှုရှိရန် အထူးပြုလုပ်ထားသောပစ္စည်းများဖြစ်သည့်အတွက် LG ၏ ကြိုးစားအားထုတ်မှုကို သက်သေပြလျက်ရှိသည်။

မြန်မာနိုင်ငံမှ အိမ်အသုံးအဆောင်လျှပ်စစ်ပစ္စည်းများတွင် အင်ဗာတာနည်းပညာတပ်ဆင်ထားခြင်းဖြစ်ကြောင်း Mr. Paul Park မှ ပြောကြားခဲ့သည်။ အဆိုပါအင်ဗာတာနည်းပညာသည် လျှပ်စစ်မတည်ငြိမ်ဖြစ်မှုများမှကာကွယ်ပေးပြီး စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးသည်။

“မီတာခတွေထပ်မံမြင့်တက်လာဖို့ရှိပြီး မီးအားမငြိမ်သက်မှုတွေလည်း ပိုမိုများပြားလာနိုင်တာမို့ အင်ဗာတာနည်းပညာကို LG ထုတ်ကုန်တိုင်းမှာ ထည့်သွင်းထားခြင်းဟာ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ရဲ့ ဦးစားပေးလုပ်ဆောင်မှုပဲဖြစ်ပါတယ်။” ဟု Mr. Park မှ ပြောကြားခဲ့သည်။

 

Ref : LG

%d bloggers like this: