Nintendo က Pokeland လို့အမည်ပေးထားတဲ့ Pokemon Game အသစ် ကို မိတ်ဆက်

Pokemon Go ရဲ့ အံ့အားသင့်လောက်စရာ အောင်မြင်မှုတွေကို အားကျလို့ထင်ပါရဲ့ Nintendo ကလည်း Pokeland လို့အမည်ပေးထားတဲ့ mobile game အသစ်ကို မိတ်ဆက် လိုက်ပါတယ်။

ဒီ ဂိမ်းကို iOS နဲ့ Android (၂) ခုလုံးအတွက် ထွက်ရှိဖို့မျှော်လင့်ထားကြပြီး ဒီဂိမ်းကို ဆော့ကစားဖို့ အင်တာနက်ချိတ်ဆက်မှု နဲ့အတူ Nintendo Account လည်းလိုအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့မှာ Android-only alpha test ကို စတင်လိုက်ပြီး ပထမဦးဆုံး လူအယောက် (၁၀၀၀၀) ကိုသာ sign-up ပြုလုပ် စမ်းသပ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီ စမ်းသပ်ဆော့ကစားမှုကို ဇွန်လ (၉) ရက်နေ့ထိ ပြုလုပ်ပေးထားမှာဖြစ်ပြီး လက်ရှိစမ်းသပ်ဆော့ကစားခွင့်ရရှိနေသူတွေ ဆော့ကစားထားတဲ့ Level တွေနဲ့ Data တွေဟာ ဂိမ်း တရားဝင်ထွက်ရှိလာတဲ့အခါမှာ ပျောက်ကွယ်သွားမှာဖြစ်ပြီး အများနည်းတူ အစကနေ ပြန်ကစားရမှာဖြစ်ပါတယ်။

တရားဝင်ထွက်ရှိမယ့် နေ့ရက် နဲ့ အချက်အလက်တွေကိုတော့ တိတိကျကျမသိရသေးဘူး လို့ သိရပါတယ်။

%d bloggers like this: