အနာဂတ် Laptop တွေကို Qualcomm Snapdragone 835 SoC နဲ့ ထုတ်မည်

တိုင်ပေ မှာ ကျင်းပပြုလုပ်လျက်ရှိနေတဲ့ Computex 2017 ကနေ အကြီးစား သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ Microsoft နဲ့ Qualcomm တို့ ပူးပေါင်းကာ အနာဂတ်မှာ ထွက်ရှိမယ့် HP, ASUS နဲ့ Lenovo Laptop တွေမှာ Intel chipset တွေ မသုံးတော့ဘဲ စမတ်ဖုန်းတွေကို စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်စေတဲ့ Snapdragon 835 SoC ကို အသုံးပြုတော့မှာဖြစ်တယ်ဆိုတဲ့ သတင်းပါပဲ။

HP, ASUS နဲ့ Lenovo တို့အနေနဲ့ ပေါ့ပါး၊ ပါးလွှာပြီး ပန်ကာမပါတဲ့ Windows 10 full version အသုံးပြုထားတဲ့ Laptops တွေကို ထုတ်လုပ်တော့မှာဖြစ်ပြီး စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ထားတဲ့ Qualcomm ရဲ့ Snapdragon 835 SoC ကိုအသုံးပြုမှာဖြစ်တဲ့အတွက် ဒီ Laptops တွေမှာ LTE mobile data connection built-in ပါဝင်နေမှာဖြစ်ပါတယ်။

Snapdragon 835 SoC ဟာ စမတ်ဖုန်းအတွက် ထုတ်လုပ်ထားတဲ့ဖြစ်တဲ့အတွက် Laptop တွေအတွက်ဆိုရင်တော့ အရွယ်အစားအလွန်သေးငယ်တယ်လို့ပြောရမှာပါ။ ဒါ့ကြောင့် နေရာအလွတ် ပိုရလာတဲ့အတွက် ပိုကြီးမားပြီး ပိုမိုကြာရှည်ခံမယ့် Battery ကိုထည့်သွင်း မှာဖြစ်တယ်လို့သိရပါတယ်။

Ref: TechRadar

%d bloggers like this: