၁ ဂါလံကို မိုင် ၂၇၀၀ မောင်းနှင်နိုင်မည့် ကားဒီဇိုင်း ကို ထုတ်ဖော်ပြသ

နောက်ဆုံးပေါ် နည်းပညာများစွာ သုံးစွဲထားပြီး ဓါတ်ဆီ ၁ ဂါလံကို မိုင်ပေါင်း ၂၇၀၀ ကျော်အထိ မောင်းနှင်နိုင်မယ့် အနာဂတ်မော်တော်ကား ဒီဇိုင်းတစ်ခု ကို Shell Eco-Maraton ရဲ့ ၁၁ နှစ် မြောက် နှစ်ပတ်လည်ပွဲမှာ စတင် ထုတ်ဖော်ပြသသွားမှာ ဖြစ်တဲ့ အကြောင်း ကို ကုမ္ပဏီ က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီ မော်တော်ကား ဒီဇိုင်း ကို ဒီဇိုင်း နဲ့ အင်ဂျင်နီယာ ကျောင်းသားပေါင်း ၁၂၀၀ ကျော် က ဝိုင်းဝန်းဒီဇိုင်းဆင် ပြုုလုပ်ခဲ့ကြတာ ဖြစ်ပြီး မိုင်အနေနဲ့ တိတိကျကျပြောရမယ်ဆိုပါက မိုင်ပေါင်း ၂၇၁၃ အထိ မောင်းနှင်နိုင်မယ့် ဒီဇိုင်း ဖြစ်တယ် လို့ လည်း သိရပါတယ်။ မော်တော်ကား ဒီဇိုင်း ကို Hydrogen လောင်စာ သုံးစွဲသွားမှာ ဖြစ်ပြီး ကနဦးအနေနဲ့ အနာဂတ်မော်တော်ကား ဒီဇိုင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယထားပါတယ်။

ပြီးခဲ့တဲ့ နှစ် က တိုရန်တိုတက္ကသိုလ် ရဲ့ စက်မှုကျောင်းသားလေးတွေ စုပေါင်း တီထွင်ခဲ့တဲ့ မော်တေ်ာကား ဟာ ၁ ဂါလံကို မိုင်ပေါင်း ၃၄၀၀ ကျော် မောင်းနှင်နိုင်ခဲ့တဲ့အတွက် အခု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကားဟာ ဆုတံဆိပ်ရရှိဖို့ သိတ်တော့ အလားအလာ မရှိဖူး လို့ မော်တော်ကား ကျွမ်းကျင်သူတွေ က ဆိုခဲ့ပေမယ့် Automotive နည်းပညာကောင်းများ စွာ သုံးစွဲထားတဲ့ အခု ဒီဇိုင်း ဟာ အနာဂတ်မှာ လောင်စာရှားပါးလာမှု ကို အကော်ငးဆုံး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်တဲ့အတွက် ကုမ္ပဏီကတော့ အားရကျေနပ်လျက်ရှိတယ် လို့ သိရပါတယ်။

စိတ်ကူးယဉ်သိပ္ပံရုပ်ရှင် ကားတွေထဲက မြင်တွေ့ရမယ့် ဒီဇိုင်းပုံစံအတိုင်း တည်ဆောက်ထားတဲ့အတွက် သဘာ၀ ယုတ္တိယုတ္တာတွေ နဲ့ ကင်းလွတ်နေတဲ့အပြင် ရူပဗေဒသဘောတရား နဲ့ ဆန့်ကျင်ထားတဲ့ အချက်အလက်တွေ ပါ ရှိတဲ့ ဒီဒီဇိုင်း ကို တီထွင်သူတွေ ရဲ့ အဖွဲ့ကို The Laval team လို့ အမည်ပေးထားပြီး business insider ကတော့ ကားဒီဇိုင်း ကို အပြည့်အ၀ ထောက်ခံ ချီးကျူးးခဲ့ပြီး အနာဂတ်မော်တော်ကားပြိုင်ပွဲတွေမှာ သုံးစွဲလာနိုင်တဲ့ ကားဒီဇိုင်း တစ်ခု ဖြစ်တယ် လို့ ပြန်လည် ရေးသားခဲ့ပါတယ်။

Ref : BusinessInsider / BGR

%d bloggers like this: